Friday, 13 December 2019 13:14

shutterstock_1191762775_1.jpg

 

ဒီဇင်ဘာလရဲ့ ပိတ်ရက်ရှည်တွေမှာ ခရီးထွက်ဖို့ အဆင်သင့်ဖြစ်နေကြပြီလား။ ဆောင်းတွင်းဘက်က တခြားအချိန်တွေထက် အသားရေကို ပိုပျက်စီးစေပါတယ်။ ဒါကြောင့် ဆောင်းတွင်းခရီးထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားစရာတွေရှိပါတယ်။ 

 

၁။ အနွေးထည်၊ စောင်

 

ဆောင်းရာသီမှာ တစ်နေရာနဲ့တစ်နေရာ အအေးချိန်မတူတာမို့ ၀တ်သွားတဲ့ အနွေးထည်နဲ့မလောက်ရင် အလွယ်တကူ ထပ်သွားနိုင်တဲ့ ရှောစောင်တွေကလည်း ဆောင်းရာသီရဲ့မပါမဖြစ် အဆင်တန်ဆာတွေပါ။ ခရီးသွားပြီး စတိုင်ထုတ်ချင်ရင် ဒီဇိုင်းတောက်တောက်နဲ့ ခပ်မိုက်မိုက် ရှောစောင်တစ်ထည်တော့ မရှိမဖြစ်လိုတယ်နော်။

 

၂။ Moisturizer 

 

အသားရေ ထိခိုက်ပျက်စီးတဲ့အချက်ထဲမှာ အသားခြောက်တာလည်း ပါ,ပါတယ်။ အစိုဓာတ်နည်းသွားတဲ့ ဆောင်းလေအေးတွေကြောင့် အသားရေဟာ ကွဲအက်ကြမ်းတမ်းလာပါတယ်။ ဒါကြောင့် အသားရေ နူးညံ့စိုပြေအောင် နေ့စဉ် အစိုဓာတ်ပါတဲ့ ခရင်မ်တွေ လိမ်းသင့်တာပေါ့။ ခရီးသွားမယ်ဆိုရင်လည်း မမေ့မလျော့ moisturizer တစ်ဘူးတော့ ယူသွားလိုက်ပါ။

 

Read More>>>ဒီဇင်ဘာလ(၁၄)ရက်နေ့မှစ တစ်ပတ်အတွင်းပြုလုပ်သွားမယ့် မန္တလေးမြို့မှ ပွဲအခမ်းအနားများ

၃။ လက်အိတ်

 

ဆောင်းတွင်းမှာ မရှိမဖြစ် ၀ယ်သင့်တဲ့ပစ္စည်းက လက်အိတ်ပါ။ ကိုယ်သွားမယ့်ဒေသပေါ်မူတည်ပြီး အအေးဒဏ်ခံနိုင်မယ့် လက်အိတ်အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ ချစ်စရာအရုပ်လေးတွေနဲ့ ခပ်ပါးပါးလက်အိတ်ကနေ ရေခဲမှတ်အောက်လျော့တဲ့ အအေးထိခံနိုင်တဲ့ သားရေလက်အိတ်တွေအဆုံး  အမျိုးအစားအစုံရှိတာမို့ စိတ်ကြိုက်ဝယ်သွားရုံပါပဲ။

 

၎။  ခြေအိတ်

 

လက်အိတ်လိုပဲ နောက်ထပ်မရှိမဖြစ် ၀ယ်သင့်တဲ့ပစ္စည်းက ခြေအိတ်ပါ။ ခြေချောင်းလေးတွေ အမြဲနွေးထွေးနေအောင် ခြေအိတ်တစ်စုံတော့ သင့်ခရီးဆောင်အိတ်ထဲ ထည့်သွားသင့်တယ်နော်။

 

၅။ နေလောင်ခံခရင်မ်

 

ဆောင်းတွင်းဆိုပြီး နေလောင်ခံခရင်မ်တွေ မလိုဘူးလို့ မထင်လိုက်ပါနဲ့။ အအေးဓာတ်ရှိနေလို့သာ အပူဒဏ်ကို မခံစားမိကြတာပါ။ ဒါကြောင့် သင့်အသားရေကို ထိခိုက်ပျက်စီးစေမယ့် နေရောင်ခြည်ဒဏ် ကာကွယ်ပေးမယ့် နေလောင်ခံခရင်မ်ကလည်း မရှိမဖြစ်သယ်သွားရမယ့်အရာပါ။

 

>>>ကားအလှဆင်လုပ်ငန်းနှင့် ကားအလှပစ္စည်းဆိုင် (128)<<<

၆။ ချောင်းဆိုးပျောက်ဆေး

 

နောက်ဆုံး မပါမဖြစ်သယ်သွားရမှာက ချောင်းဆိုးပျောက်ဆေး။ ရာသီဥတုအကူးမှာဖြစ်တတ်တဲ့ လည်ချောင်းနာခြင်း၊ လည်ချောင်းယားခြင်းတွေကို အလျင်အမြန်သက်သာစေမယ့် ချောင်းဆိုးပျောက်ဆေး တစ်ကတ်လောက်တော့ ခရီးဆောင်အိတ်ထဲ မမေ့မလျော့ ဆောင်သွားလိုက်ပါ။

 

Source; Yangon Life


Read 375 times
Rate :
(10 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.