Friday, 18 October 2019 13:58

72799621_3060862793985684_4802189791057674240_o_2.jpg

 

 

မန္တလေးမြို့ ၈၃လမ်းနဲ့ ၃၁လမ်းကြားမှာရှိတဲ့ Myo Gone Young ( Mega Ace Cineplex ) မှာ ၁၇ရက်နေ့မှ ၂၃ ရက်နေ့ထိ ပြသလျက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

အခမ်းနားဆုံးမေတ္တာ

maxresdefault_7.jpg

Beauty Blogger တစ်ဦးလည်းဖြစ်၊ တက်သစ်မင်းသမီး တစ်ဦးဖြစ်တဲ့ နေခြည်ဦးနဲ့ နေတိုးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အခမ်းနားဆုံးမေတ္တာ ရုပ်ရှင်ဇာတ်ကားကတော့  Romantic Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး “အခမ်းနားဆုံးမေတ္တာ” ဆိုတာကို ဘယ်လိုဖော်ညွှန်းသွားမလဲဆိုတာကိုတော့ ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုရအုံးမှာပါ။ ဒီဇာတ်ကားလေးကတော့ အောက်တိုဘာလ(၁၇)ရက်နေ့က စပြီး JCGV ရုပ်ရှင်ရုံမှာ ပြသနေပြီပဲ ဖြစ်ပါတယ်။

 

Read More>>>မန္တလေးမြို့ JCGV ရုပ်ရှင်ရုံမှာ ပြသလျှက်ရှိတဲ့ ရုပ်ရှင်ကား(၄)ကား

 

ကမ္ဘာနှစ်ထပ်

Image may contain: 1 person, cloud, sky and text

ပြိုကွဲနေသော မိသားစုတစ်စုမှာ ဖခင်ဖြစ်သူ ကိုကျော်ထက်၊ ဖခင်ကို အမြင်မကြည်သော သမီးလေး သုသုနဲ့ သူနဲ့မိခင် အိနြေ္ဒတို့ဟာ သီးခြားခွဲနေထိုင်ရာကနေ တစ်နေ့မှာ နှစ်တိုင်းသွားနေကြ အဖွားရဲ့မွေးနေ့ပွဲကို သွားဖို့ပြင်ဆင်ပြီးပေမယ့် ဒီတစ်ခေါက်မှာ အိနြေ္ဒကအလုပ်တစ်ဖက်မှာ မအားတော့သမီးကို လိုက်ပို့ဖို့ အဖေဖြစ်သူကို ကူညီတောင်းခဲ့ရာကနေ၊ အဖေကိုအမြင်မကြည်သော သမီးနဲ့ အလွဲလွဲအချော်ချော်ဖြစ်တတ်တဲ့ ကိုကျော်ထက်တို့ မွေးနေ့ပွဲကို သွားတဲ့ ခရီးစဉ်လမ်းတစ်လျှောက် မှာ ဘာတွေဖြစ်ကြမလဲဆိုတာကို ကမ္ဘာနှစ်ထပ် မှာ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

>>>ရုပ်ရှင်ရုံများ <<<

အမျှအမျှ

Image may contain: 2 people, people smiling, people standing

သူကတော့ နာမည်ကြားလိုက်ရုံနဲ့ ကျောပါချမ်းသွားစေမယ့် ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ သူတို့မိသားစုလေးတစ်ခုမှာ ခြောက်ခြားစရာအဖြစ်အပျက်တွေ စတင်ပေါ်လာချိန် ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုရအုံးမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီထဲမှာတော့ သရုပ်ဆောင် ခန့်စည်သူ၊ အိန္ဒြာကျော်ဇင်၊ လင်းဇာနည်ဇော် နဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

 

အခုဖော်ပြပေးခဲ့တာကတော့ မန္တလေးမြို့ Myo Gone Young ရှပ်ရှင်ရုံမှာ ပြသလျက်ရှိတဲ့ ဇာတ်ကားနှစ်ကားပဲဖြစ်ပါတယ်။

 

My Mandalay


Read 108 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.