Thursday, 17 October 2019 14:13

72612371_2148324658797255_7086888723517800448_o_3.jpg

မန္တလေးမြို့ Ocean Supercenter မှာရှိတဲ့ JCGV ရုပ်ရှင်ရုံမှာ အောက်တိုဘာလ (၁၇) ရက်နေ့ကနေ (၂၃)ရက်နေ့အထိ ပြသလျှက်ရှိတဲ့ ရုပ်ရှင်ကားတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

အခမ်းနားဆုံးမေတ္တာ

 maxresdefault_7.jpg

Beauty Blogger တစ်ဦးလည်းဖြစ်၊ တက်သစ်မင်းသမီး တစ်ဦးဖြစ်တဲ့ နေခြည်ဦးနဲ့ နေတိုးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အခမ်းနားဆုံးမေတ္တာ ရုပ်ရှင်ဇာတ်ကားကတော့  Romantic Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး “အခမ်းနားဆုံးမေတ္တာ” ဆိုတာကို ဘယ်လိုဖော်ညွှန်းသွားမလဲဆိုတာကိုတော့ ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုရအုံးမှာပါ။ ဒီဇာတ်ကားလေးကတော့ အောက်တိုဘာလ(၁၇)ရက်နေ့က စပြီး JCGV ရုပ်ရှင်ရုံမှာ ပြသနေပြီပဲ ဖြစ်ပါတယ်။

Read More>>>အောက်တိုဘာလ (၁၇) ရက်မှစ၍ မန္တလေးရှိ ရုပ်ရှင်ရုံများတွင် ကြည့်ရှု့နိုင်မည့် ဇာတ်ကားများ

Gemini man

 Related image

ဒီကားမှာတော့ ပရိတ်သတ်ရဲ့အချစ်တော် Will Smith ကို (De – aging) စတဲ့ ကွန်ပျူတာ နည်းပညာနဲ့ ပြုလုပ်ထားတဲ့ အသက်ပိုငယ်သော Will Smith ကာရိုက်တာ ၂ မျိုးနဲ့ မြင်တွေ့ရမယ့် အက်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

အမျှအမျှ

 maxresdefault_8.jpg

သူကတော့ နာမည်ကြားလိုက်ရုံနဲ့ ကျောပါချမ်းသွားစေမယ့် ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ သူတို့မိသားစုလေးတစ်ခုမှာ ခြောက်ခြားစရာအဖြစ်အပျက်တွေ စတင်ပေါ်လာချိန် ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုရအုံးမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီထဲမှာတော့ သရုပ်ဆောင် ခန့်စည်သူ၊ အိန္ဒြာကျော်ဇင်၊ လင်းဇာနည်ဇော် နဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

>>>ရုပ်ရှင်ရုံများ<<<

Joker

 Joker1911-4.jpg

ပရိသတ်နဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Arthur Fleck ဟာ သူနဲ့ သူ့မိခင်အိုကြီးတို့ စားသောက်နေထိုင်နိုင်ဖို့အတွက် Clown တစ်ယောက်အဖြစ် လုပ်ကိုင်နေရသူဖြစ်ပါတယ်။ အဲချိန်မှုာ လူ့အသိုင်းအ၀န်းရဲ့ ဖိနှိပ်မှုတွေနဲ့ မပြေလည်မှုတွေရဲ့ ထိုးနှက်မှုတွေကြောင့် စိတ်ဒဏ်ရာတွေပြည့်နှက်နေတဲ့ Arthur Fleck ကနေ Gotham ရဲ့ Crown Prince of Crime ဖြစ်လာတဲ့ Origin ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တာကတော့  မန္တလေးမြို့ JCGV ရုပ်ရှင်ရုံမှာ ပြသလျက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကား(၄)ကားပဲ ဖြစ်ပါတယ်။

My Mandalay


Read 167 times Last modified on Friday, 18 October 2019 11:50
Rate :
(3 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.