Saturday, 05 October 2019 13:38

thumbnail_1.jpg

Joker ရုပ္ရွင္ကို ရန္ကုန္၊ မႏၲေလး အပါအဝင္ ၿမိဳ႕ႀကီးမ်ားမွာ ေအာက္တိုဘာ ၃ ရက္ကစတင္ျပီး ျပသေနပါတယ္။ ၁၉၈၁ ခုႏွစ္မွာ ႐ုပ္ေျပာင္လူျပက္တစ္ဦးျဖစ္တဲ႔ Arthur Fleck ဟာ သူရဲ႕ ဘဝမွာ က်ရႈံးမႈမ်ားစြာကို ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရပါတယ္။

ဘဝရပ္တည္ေရးအတြက္ ေဂါ့သန္ၿမိဳ႕ရဲ႕ လမ္းမ်ားေပၚမွာ လူ႐ႊင္ေတာ္တစ္ဦးလို ဝတ္စားကာ လွည့္လည္သြားလာရင္း ဝမ္းေရးအတြက္ ရွာေဖြေနရခ်ိန္မွာလည္း ရက္စက္တဲ႔ လူရမ္းကားမ်ားနဲဲ႔ ႀကဳံရျပန္ပါတယ္။

ဒါ့အျပင္ သူရဲ႕ ေမွ်ာ္လင့္ခ်က္ျဖစ္တဲ႔ ညဘက္ပြဲလမ္းမ်ားမွာ လူ႐ႊင္ေတာ္တစ္ဦးလုိ ပါဝင္ေဖ်ာ္ေျဖခြင့္ရေရးကလည္း ၿမိဳ႕ေနျပည္သူမ်ားရဲ႕ အသိအမွတ္ျပဳမႈ မရတာေၾကာင့္ လက္ေလွ်ာ့ရေတာ႔မယ္႔ အေနအထားကို ေရာက္လာခဲ့ပါတယ္။ အဆင္မေျပမႈေတြ ဆက္တိုက္ႀကဳံေနရခ်ိန္မွာ ရက္စက္မႈနဲ႔ အႏိုင္က်င့္မႈေတြကိုလည္း ဆက္တိုက္ခံေနရတဲ႔ ေနာက္ပိုင္းမွာ Fleck ရဲ႕ စိတ္ဟာ ကိုယ္ခ်င္းစာတရားနဲ႔ ရက္စက္မႈေတြၾကား ေဝခြဲမရျဖစ္လာတဲ႔အခါ မွားယြင္းတဲ႔ ဆုံးျဖတ္ခ်က္တစ္ခုကို ခ်မိခဲ့ပါတယ္။

Read More>>>ေအာက္တုိဘာလ (၃) ရက္မွစ၍ မႏၲေလးရွိ ရုပ္ရွင္ရုံမ်ားတြင္ ၾကည့္ရႈ႕ႏုိင္မည့္ ဇာတ္ကားမ်ား

Fleck ရဲ႕ မွားယြင္းတဲ႔ ဆုံးျဖတ္ခ်က္က သူ႔ကို ဒုစ႐ိုက္မႈေတြဆီကို တြန္းပို႔ျခင္းခံခဲ့ရပါတယ္။ သူရဲ႕ လုပ္ရပ္မ်ားက လူမ်ားေပၚမွာ လြန္ကဲတဲ႔ တုန႔္ျပန္မႈေတြ ျဖစ္ေပၚလာခဲ့သလို သူကိုယ္တိုင္ကလည္း စိတ္ေဖာက္ျပန္သူတစ္ဦးအျဖစ္ ေရာက္ရွိသြားၿပီးေနာက္ ဘာေတြဆက္ျဖစ္မလဲဆိုတာ စိတ္ဝင္စားဖြယ္ ၾကည္႔ရႈရမွာပါ။

Joker ရုပ္ရွင္ကို ဒါ႐ိုက္တာ Todd Phillops က႐ိုက္ကူးၿပီး Joaquin Phoenix, Robert De Niro, ZazieBeetz, Frances Conroy တို႔ ပါဝင္ရိုက္ကူးထားပါတယ္။

Joker ရုပ္ရွင္ကို ရန္ကုန္ၿမိဳ႕ရွိ ေနျပည္ေတာ္၊ မဂၤလာ ( စံျပ၊ ဂမုန္းပြင့္၊ စိန္ေဂဟာ၊ ေျမာက္ဥကၠလာ၊ တာေမြ၊ JCGV၊ Mega Ace ( ကန္သာယာ) ၊ MingalarGold Class ႐ုပ္ရွင္႐ုံမ်ားမွာ တစ္ၿပိဳင္တည္း ႐ုံတင္ျပသထားပါတယ္။

 Source Daily Eleven

(Unicode)

Joker ရုပ်ရှင်ကို ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများမှာ အောက်တိုဘာ ၃ ရက်ကစတင်ပြီး ပြသနေပါတယ်။

၁၉၈၁ ခုနှစ်မှာ ရုပ်ပြောင်လူပြက်တစ်ဦးဖြစ်တဲ့ Arthur Fleck ဟာ သူရဲ့ ဘဝမှာ ကျရှုံးမှုများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ဘဝရပ်တည်ရေးအတွက် ဂေါ့သန်မြို့ရဲ့ လမ်းများပေါ်မှာ လူရွှင်တော်တစ်ဦးလို ဝတ်စားကာ လှည့်လည်သွားလာရင်း ဝမ်းရေးအတွက် ရှာဖွေနေရချိန်မှာလည်း ရက်စက်တဲ့ လူရမ်းကားများနဲ့ ကြုံရပြန်ပါတယ်။

ဒါ့အပြင် သူရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ညဘက်ပွဲလမ်းများမှာ လူရွှင်တော်တစ်ဦးလို ပါဝင်ဖျော်ဖြေခွင့်ရရေးကလည်း မြို့နေပြည်သူများရဲ့ အသိအမှတ်ပြုမှု မရတာကြောင့် လက်လျှော့ရတော့မယ့် အနေအထားကို ရောက်လာခဲ့ပါတယ်။ အဆင်မပြေမှုတွေ ဆက်တိုက်ကြုံနေရချိန်မှာ ရက်စက်မှုနဲ့ အနိုင်ကျင့်မှုတွေကိုလည်း ဆက်တိုက်ခံနေရတဲ့ နောက်ပိုင်းမှာ Fleck ရဲ့ စိတ်ဟာ ကိုယ်ချင်းစာတရားနဲ့ ရက်စက်မှုတွေကြား ဝေခွဲမရဖြစ်လာတဲ့အခါ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမိခဲ့ပါတယ်။

Fleck ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်က သူ့ကို ဒုစရိုက်မှုတွေဆီကို တွန်းပို့ခြင်းခံခဲ့ရပါတယ်။ သူရဲ့ လုပ်ရပ်များက လူများပေါ်မှာ လွန်ကဲတဲ့ တုန့်ပြန်မှုတွေ ဖြစ်ပေါ်လာခဲ့သလို သူကိုယ်တိုင်ကလည်း စိတ်ဖောက်ပြန်သူတစ်ဦးအဖြစ် ရောက်ရှိသွားပြီးနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။

Joker ရုပ်ရှင်ကို ဒါရိုက်တာ Todd Phillops ကရိုက်ကူးပြီး Joaquin Phoenix, Robert De Niro, ZazieBeetz, Frances Conroy တို့ ပါဝင်ရိုက်ကူးထားပါတယ်။

Joker ရုပ်ရှင်ကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာ ( စံပြ၊ ဂမုန်းပွင့်၊ စိန်ဂေဟာ၊ မြောက်ဥက္ကလာ၊ တာမွေ၊ JCGV၊ Mega Ace ( ကန်သာယာ) ၊ MingalarGold Class ရုပ်ရှင်ရုံများမှာ တစ်ပြိုင်တည်း ရုံတင်ပြသထားပါတယ်။

 


Read 54 times Last modified on Saturday, 05 October 2019 14:06
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.