Friday, 27 September 2019 13:42

50_1.jpg

(၂၀၁၉)ခုနှစ်မှာ ထွက်ရှိထားတဲ့ ကိုရီးယားဇာတ်ကားကောင်းတွေ အများကြီးထဲကမှ သေချာပေါက် လက်လွှတ်မခံသင့်တဲ့ ဇာတ်ကား (၇) ကားကို ကိုရီးယားရုပ်ရှင် ချစ်ပရိသတ်တွေရော၊ ရုပ်ရှင်ဇာတ်ကားတွေကိုမှကြိုက်တဲ့ ပရိသတ်တွေအတွက်ပါ ဖော်ပြပေးလိုက်ပါတယ်။

၁။ Juror 8

Image result for juror 8 2019

ဒီဇာတ်ကားလေးကတော့ ကိုရီးယားရဲ့ ဥပဒေဆိုင်ရာ ဇာတ်ကားလေးပါ။ (၂၀၁၉) မေ (၁၅)ရက်နေ့ကမှ ထွက်ရှိထားတာပါ။ ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ(၂၀၀၈)တုန်းက တောင်ကိုရီးယားရဲ့ ပထမဆုံးဂျူရီတရားခွင်အကြောင်းကို ရိုက်ပြထားတာပါ။ ဂျူရီအဖွဲ့ဆိုတာကတော့ ရိုးရိုးသာမန်အရပ်သားတွေက တရားခွင်မှာကြားနာစစ်ဆေးပြီး အမိန့်ချခွင့်ရှိတဲ့ သူတွေပါ။ ကိုရီးယားပထမဆုံး သာမန်အရပ်သားဂျူရီ (၈)ယောက်ရဲ့ အကြောင်းကို ရိုက်ပြထားတာပါ။ Moon So-ri နဲ့ Park Hyung-sik တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကတော့ Box Office မှာ ၀င်ငွေ (1.832) သန်း ရရှိခဲ့ပါတယ်။

၂။ Parasite

Related image

Parasite ကတော့ 2019 Cannes Film Festival ရုပ်ရှင်ပွဲတော်မှာ Palme d’Or ဆုရခဲ့ပြီး၊ Cannes မှာ ဒီဆုကိုရတဲ့ ပထမဆုံးကိုရီးယားဇာတ်ကားပါ။ ဒီဇာတ်ကားမှာတော့ ကိုရီးယားရဲ့ ဆင်းရဲချမ်းသာကွာခြားမှုကို ထင်ထင် ရှားရှားတွေ့မြင်ရမှာပါ။ ဆင်းရဲတွင်းနက်တဲ့သူတွေက နက်သထက်နက်နေပြီး တစ်ဖက်မှာလည်း ချမ်းသာတဲ့လူတန်းစားရဲ့ ကြွယ်ဝမှုတွေကို တွေ့မြင်ရမှာပါ။ ဒါရိုက်တာ Bong Joon-ho ရိုက်ကူးတာပါ။ Song Kang-ho၊ Lee Sun-kyun၊ Cho Yeo-jeong၊ Choi Woo-shik နဲ့ Park So-dam တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကတော့ Box Office မှာ ၀င်ငွေ ($11 ) သန်း ရခဲ့ပါတယ်။

၃။ Money

Image result for money 2019 korean movie

ဒီဇာတ်ကားကတော့ Parasite ပြီးရင် (၂၀၁၉) ထွက် ကိုရီးယားဇာတ်ကားတွေထဲမှာ ဒုတိယအကြိုက်ဆုံးပါ။ ဒီဇာတ်ကားမှာဆိုရင်တော့ stock ရှယ်ယာဈေးကွက်ရဲ့ အကြောင်းကို ရိုက်ပြထားပါတယ်။ Stock ပွဲစားတွေ နဲ့ နောက်ကွယ်ကနေဈေးကွက်ကို ချုပ်ကိုင်ပြီး ဈေးကိုစိတ်ကြိုက်ကစားနေတဲ့အကြောင်းကို ရိုက်ပြထားတာပါ။ ဒီလို နောက်ကွယ်ကနေ ဈေးကစားနေတဲ့ သူတွေကြောင့် ဘ၀ပျက်ရတဲ့သူတွေလည်း အများကြီးရှိသလို နေ့ချင်းညချင်း ချမ်းသာအောင်မြင်သွားတဲ့ သူတွေလည်းရှိပါတယ်။ စီးပွားရေး Stock Market အကြောင်းမို့ ပျင်းစရာကြီးလို့ထင်ရင် တော့မှားပါလိမ့်မယ်။ ကြည့်နေတဲ့ သူကိုဇာတ်ကား အစ၊ အဆုံး လုံးဝဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားပါ။

၎။ The Divine Fury

Image result for The Divine Fury 2019 korean movie

အမှန်အတိုင်းပြောရရင်တော့ ဒီဇာတ်ကားကအရမ်းကြီးကြိုက်တဲ့ အထဲမှာတော့ မပါပါဘူး(ကိုယ်တစ်ယောက်တည်းရဲ့ အမြင်နဲ့ အကြိုက်အရဆိုရင်) ။ဒါပေမယ့် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားထဲမှာတော့ ပါပါတယ်။ မိန်းကလေး ပရိသတ်တွေရဲ့ အသည်းစွဲမင်းသားချော Park Seo-joon အပါအ၀င် , Ahn Sung-ki နဲ့ Woo Do-hwan တို့ ပါဝင်ထားတဲ့ ဇာတ်ကားလေးပါ။ အောင်မြင်တဲ့ လက်ဝှေ့သမားတစ်ယောက်ကနေ သရဲနှင်တဲ့လူအဖြစ်ကို ရောက် သွားတဲ့ အကြောင်းလေးပါ။ဝင်ငွေ $10.8 သန်းရခဲ့တဲ့ ဇာတ်ကားပါ။

၅။ The Gangster, The Cop, The Devil

Related image

အက်ရှင်ဇာတ်ကား ကြမ်းမှ၊ ရမ်းမှ ကြိုက်တယ်ဆိုရင်တော့ The Gangster, The Cop, The Devil ကို သေချာပေါက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဟောလိဝုဒ်ထိ တက်လှမ်းနိုင်ခဲ့တဲ့ တကယ့်သဘာဝမင်းသားကြီး Ma Dong-seok ရဲ့ ဇာတ်ကားပါ။ သူ့ဇာတ်ကားတွေဆိုရင်တော့ မကြမ်းမှာစိတ်ပူစရာမလိုပါဘူး။ လူမိုက်ခေါင်းဆောင်ကြီးကိုမှသွားပြီး သွေးတိုးစမ်းချင်တဲ့ ကွင်းဆက်လူသတ်သမားရဲ့ အကြောင်းပါ။ အဲ့ဒီကွင်းဆက်လူသတ်သမားကို လူမိုက်ခေါင်းဆောင်ကြီးနဲ့ ရဲပေါင်းပြီး ဘယ်လိုဖမ်းမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ကြည့်ရမှာပါ။

၆။ Hit-and-Run Squad

Related image

ဒီကားကလည်း စုံထောက်မှုခင်းဇာတ်ကားမျိုးကို ကြိုက်တဲ့သူတွေအတွက် လက်လွှတ်မခံသင့်ပါဘူး။ အကြိုက်ဆုံး ကိုရီးယားရဲမှုခင်းဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားလည်း အပါအ၀င်ပါ။ မြန်မာပရိသတ်တွေရဲ့ အသည်းကျော် မင်းသမီး Gong Hyo-jin နဲ့ မင်းသား Jo Jung-suk တို့ ပါဝင်ထားပါတယ်။ အရာရှိအကောင်ကြီးကြီးတစ်ယောက်ရဲ့ အကျင့်ပျက်ခြစားမှုကို ဖော်ထုတ်ဖို့ကြိုးစားရင်း မအောင်မြင်တဲ့အခါမှာ နေရာပြောင်းခံလိုက်ရတဲ့ မဟုတ်မခံ ရဲအရာရှိအဖြစ် Gong Hyo-jin က သရုပ်ဆောင်ထားပါတယ်။ ကားတိုက်ပြေးတဲ့အမှုတွေကိုစုံစမ်းရင် စီးပွားရေးသမား(Jo Jung-suk ) တစ်ယောက် ကျူးလွန်ထားတဲ့အမှုကို အဖြေရှာဖို့ ဖြစ်လာခဲ့ပါတယ်။ Jo Jung-suk က ပြိုင်ကားမောင်းတဲ့ ကားဝန်းပိုင်ရှင်ဖြစ်တာကြောင့် ဒီဇာတ်ကားမှာတော့ ကားတွေနဲ့သက်စွန့်စံဖျား ထွက်ပြေးမောင်းနှင်ကြတဲ့ အခန်းတွေကိုပါ အသဲတယားယားနဲ့ ကြည့်ရမှာပါ။

၇။ Exit

Related image

မြန်မာနိုင်ငံမှာ ရုံတင်ပြသလိုက်တဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားမှာတော့ Rock Climber တစ်ယောက်က အရေးကြုံလာရင် မိသားစုကိုဘယ်လိုကာကွယ်မလဲ ဆိုတာကို ကြည့်ရမှာပါ။ ဘာမှန်းမသိတဲ့ အငွေ့တွေက ဆိုးလ် က နေရာတချို့ကို ဖုံးလွှမ်းသွားခဲ့ပါတယ်။ အသက်ကြီးပေမယ့် အလုပ်လက်မဲ့ ဖြစ်လို့ မိသားစုထဲမှာ သိမ်ငယ်နေရတဲ့ Rock Climber Jo Jung-suk က မိသားစုကိုကယ်တင်မယ့် အကြောင်းလေးပါ။ ဒီကားထဲမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် Im Yoon-ah လေးလည်း ပါဝင်ထားပါတယ်။

Source; ShweMon

 


Read 95 times Last modified on Friday, 27 September 2019 14:04
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.