Wednesday, 25 September 2019 17:05

smart-asian-man-with-beard-choosing-clothes-clothing-store-shopping-center_41418-2205_1.jpg

အရင်ခေတ်တုန်းကတော့ အမျိုးသားတွေဟာဖက်ရှင်ကို သိပ်ဂရုမစိုက်ကြပေမယ့် အခုခေတ်မှာတော့ အမျိုးသားတွေကလည်း ဖက်ရှင်နောက်ကို အမျိုးသမီးတွေလိုပဲ လိုက်လာကြပါပြီ။

အမျိုးသားတွေဟာ သူတို့ရဲ့အသွင်အပြင်ကို ပိုပြီး သတိထားမိစေဖို့အတွက်နဲ့ ခေတ်ကိုရင်ဘောင်တန်းနိုင်စေဖို့အတွက် နောက်ဆုံးပေါ်စတိုင်လ်တွေကို ဝတ်စားဆင်ယင်ကာ သူတို့ကိုယ်သူတို့ စတိုင်လ်ကျအောင် ပြောင်းလဲနေထိုင်လာကြပါတယ်။ ဒီနေရာမှာ ဘယ်လိုအရောင်မျိုးတွေက အမျိုးသားတွေအတွက် အသင်တော်ဆုံးလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

နီယွန်စိမ်းရောင်

Capture.PNG

ဒီနေ့ခေတ် အမျိုးသားတွေက အရင်ခေတ်ကလိုမျိုး အရောင်ဆန်းဆန်းတွေကို မဝတ်ရဲတာမျိုး သိပ်မရှိကြတော့ပါဘူး။ လင်းလက်တဲ့အရောင်တွေကိုမှ ဝတ်ရတာကြိုက်တဲ့သူတွေတောင် ရှိလာပါပြီ။ အရောင်တောက်တောက်တွေနဲ့ လင်းလက်တာကို ကြိုက်တဲ့သူကတော့ ဒီနှစ်မှာ နီယွန်စိမ်းရောင်ကို ရွေးချယ်ပြီး ဝတ်သင့်ပါတယ်။ စိတ်ဝင်စားဖွယ်တွေ့ရှိရတာကတော့ အမျိုးသားတွေဟာ Workout လုပ်တဲ့အချိန်မျိုးကလွဲလို့ နီယွန်စိမ်းရောင်တွေကို ခုံခုံမင်မင် ဝတ်ဆင်လာကြတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် အခုလတ်တလော ကမ္ဘာတစ်ဝှမ်းလုံးရဲ့ ဖက်ရှင်ရှိုးပွဲတွေမှာလည်း အစိမ်းရောင်ကို စတိုင်လ်အမျိုးမျိုးနဲ့ဝတ်ဆင်ကာ လျှောက်ပြနေပြီဖြစ်တဲ့အတွက် အမျိုးသားတွေလည်း ခေတ်နောက်ကျမကျန်ခဲ့ရအောင် အစိမ်းရောင်အကျီင်္တစ်ထည်လောက်ဝယ်ပြီး ဗီဒိုထဲမှာထည့်ထားသင့်နေပါပြီ။

Read More>>>အမျိုးသားတွေ ထိပ်ပြောင်ခြင်းကို ကာကွယ်ပေးမယ့် အစားအစာ (၅) မျိုး

စစ်စိမ်းရောင်

31901329-business-fashion-man-wearing-green-suit-with-white-shirt-black-and-tie-sitting-on-wooden-chair-studi.jpg

မနှစ်က နှစ်ကုန်ခါနီးလောက်ထဲက စပြီး ခေတ်စားလာခဲ့တဲ့ ဒီစစ်စိမ်းရောင်ဟာ ဒီနှစ်မှာလည်း ဆက်ပြီးခေတ်စားဖို့ အလားအလာများနေပါတယ်။ စစ်တပ်တွေမှာဝတ်တဲ့ စစ်ဘောင်းဘီလိုမျိုးနဲ့ စစ်အကွက်တွေလိုမျိုး အဆင်တွေကိုသာဝတ်လိုက်ရင် စတိုင်လ်ကျကြော့မော့နေစေမှာပါ။

>>>ဖက်ရှင်ဆိုင်များ<<<

လိမ္မော်ရောင်

Related image

သူများတွေနဲ့မတူတဲ့ဖက်ရှင်တွေကိုမှ ဖန်တီးပြီး ဝတ်စားချင်တဲ့သူတွေအနေနဲ့ ဒီနှစ်မှာ ခေတ်စားဖို့အလားအလာများနေတဲ့ လိမ္မော်ရောင်ကို ဝတ်စားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ လိမ္မော်ရောင်ဟာ အမျိုးသားတွေရဲ့ ဖက်ရှင်တွေထဲမှာ တဖြည်းဖြည်းနဲ့ နေရာယူလာတဲ့ အရောင်လည်းဖြစ်ပါတယ်။ စွပ်ကျယ်လေးတစ်ထည်ကောက်ဝတ်ပြီး အပေါ်ကနေ Coat တစ်ထည်ထပ်ပြီး ဝတ်တာပဲဖြစ်ဖြစ်၊ လိမ္မော်ရောင် လည်ထောင်ရှပ်အကျီင်္တစ်ထည်ကိုပဲ ဂျင်းဘောင်းဘီနဲ့ တွဲဝတ်ကြည့်တာပဲဖြစ်ဖြစ် လုပ်ပြီး သူမတူတဲ့ဖက်ရှင်ကို လွယ်လွယ်ကူကူ ဖန်တီးလို့ရပါတယ်။ လိမ္မော်ရောင်ကို ပလိန်းကြီးပဲဝတ်ရတာ တစ်မျိုးကြီးဖြစ်တယ်လို့ခံစားရရင် လိမ္မော်ရောင်ခြေအိတ်လေးတွေ ဝတ်တာမျိုး၊ လိမ္မော်ရောင် အကျီင်္အိတ်ကပ်ပါတာမျိုးလေးတွေ ရွေးချယ်ပြီး ဝတ်တာမျိုး၊ လိမ္မော်ရောင်ဦးထုပ်လေးတွေ ဆောင်းတာမျိုးလုပ်ပြီးတော့လည်း ကိုရိုးကားယား ကြောင်တောင်တောင် မဖြစ်အောင် ဝတ်လုပ်လို့ရပါတယ်။

Source; H.H(Akhayar)

 


Read 117 times Last modified on Wednesday, 25 September 2019 18:00
Rate :
(5 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.