Monday, 23 September 2019 15:28

154150015_1.jpg


ပုဂံမြို့ဟာဆိုရင် မြန်မာနိုင်ငံမှာ သွားရောက်လည်ပတ်သင့်တဲ့ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။

ရှေးဟောင်းအမွေအနှစ်တွေနဲ့ ပြည့်ဝနေတဲ့ ပုဂံပြည်မှာ တည်းခိုစရာဟိုတယ်တွေလည်း အများအပြားရှိလို့နေပါတယ်။ အဲဒီထဲမှာမှ ရှေးဟောင်းပုံစံဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ Luxury ဟိုတယ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Ananta Bagan

Image result for Ananta Bagan

ညောင်ဦးမြို့၊ ဝက်ကြီးအင်းလမ်းမှာရှိတဲ့ Ananta Bagan ဟာ ရှေးဟောင်းအမွေအနှစ်တွေရဲ့ အငွေ့အသက်ကို ခံစားမိစေမယ့် ကြီးကျယ်ခန်းနားတဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်။ Ananta Bagan ဟိုတယ်ရဲ့အခန်းတစ်ခန်းမှာ အဲကွန်း၊ မီနီဘား၊ ရေခဲသေတ္တာ၊ တီဗွီ၊ Wifi နဲ့ မနက်စာ စတာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ရေကူးကန်လဲပါတာကြောင့် ခရီးသွားတွေအတွက် အပန်းဖြေဖို့အကာင်းဆုံး ဟိုတယ်ဖြစ်ပါတယ်။ အခန်းဈေးနှုန်းတွေကို စုံစမ်းမေးမြန်းချင်တယ်ဆိုရင် 061 246 0384 Ext 385 ကို ဆက်သွယ်နိုင်ပါတယ်။

Read More>>>ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ပျားရည်ဆမ်းခရီးအတွက် လည်ပတ်ဖို့နေရာရွေးချယ်မယ်ဆိုရင်

(၂) Bagan Thande

Image result for Bagan Thande

ပုဂံမြို့ဟောင်း၊ ပြည်သာယာလမ်းမှာရှိတဲ့ Bagan Thande ဟိုတယ်ဟာ ဧရာဝတီမြစ်ကမ်းနားဘေးမှာ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ မနက်ပိုင်းတွေမှာ လေကောင်းလေသန့်တွေရနိုင်မယ့်အပြင် ညဘက်တွေမှာ မြစ်ကမ်းနားရဲ့အလှကိုခံစားနိင်မှာဖြစ်ပါတယ်။ Free Parking၊ Airport Transportation၊ Meeting Rooms၊ Babysitting၊ BreakFask နဲ့ Wifi အပြင် ရေကူးကန်လဲ ပါဝင်ပါတယ်။ အခန်းဈေးနှုန်းတွေကို စုံစမ်းမေးမြန်းချင်တယ်ဆိုရင် 09 204 2189 ကို ဆက်သွယ်နိုင်ပါတယ်။

(၃) Temple View Bagan

Image result for temple view bagan

ညောင်ဦးမြို့၊ ပုဂံမြို့သစ်၊ မြတ်လေးလမ်းပေါ်က Temple View Bagan ဟိုတယ်ဟာ မြို့ရိုးပုံစံတည်ဆောက်ထားတာဖြစ်ပြီး ပုဂံရှုခင်းအလှအပတွေကို ခံစားဖို့အတွက်အသင့်တော်ဆုံးဖြစ်ပါတယ်။ swimming pool, leafy garden, temple view restaurant တွေအပြင် ဝန်ထမ်းတွေကလည်း နွေးနွေးထွေးထွေးနဲ့ ဖော်ရွေတာကြောင့် သက်တောင့်သက်တာနဲ့ အနားယူနိုင်မှာဖြစ်ပါတယ်။ အခန်းဈေးနှုန်းတွေကို စုံစမ်းမေးမြန်းချင်တယ်ဆိုရင် 061 65 493 ကို ဆက်သွယ်နိုင်ပါတယ်။

>>>ခရီးသွားလုပ်ငန်းများ<<<

(၄) Bagan Princess

Image result for Bagan Princess

ညောင်ဦးမြို့၊ ဝက်ကြီးအင်းလမ်းက Bagan Princess ဟိုတယ်ဟာ ပုဂံမင်းသမီးဟိုတယ်ဟာဆိုရင် ခရီးသွားတွေအတွက် သွားလာရလွယ်ကူချောမွေ့တဲ့ နေရာမှာတည်ရှိပါတယ်။ Bagan Princess ဟိုတယ်ရဲ့အားသာချက်ကတော့ ထီးလိုမင်းလိုဘုရား၊ ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ ဓမ္မရံကြီးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ဘုရားသုံးဆူ၊ ညောင်ဦးလေဆိပ် စတဲ့နေရာတွေကို ၁၅ မိနစ်အတွင်းသွားရောက်နိုင်တာပဲ ဖြစ်ပါတယ်။ Pool, Free breakfast, Free internet နဲ့ Spa တွေ ပါလည်း ပါဝင်ပါတယ်။ အခန်းဈေးနှုန်းတွေကို စုံစမ်းမေးမြန်းချင်တယ်ဆိုရင် +95 61 60661, 60872 ကို ဆက်သွယ်နိုင်ပါတယ်။

(၅) WEStay Bagan

Image result for westay bagan

ညောင်ဦးမြို့၊ ကျောက်ပန်းတောင်းလမ်း TollGate အနီးမှာရှိတဲ့ WEStay Bagan ခန်းခန်းနားနားနဲ့ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ဟိုတယ်တစ်ခုပဲ ဖြစ်ပါတယ်။ WEStay Bagan ဟိုတယ်မှာ Spa, Gym, Table Tennis court, Swimming pool, Pool bar နဲ့ Pets Allowed တွေလည်း ပါဝင်ပါတယ်။ အခန်းဈေးနှုန်းတွေကို စုံစမ်းမေးမြန်းချင်တယ်ဆိုရင် 09 44473 6661 ကို ဆက်သွယ်နိုင်ပါတယ်။

HHN


Read 186 times Last modified on Tuesday, 24 September 2019 17:44
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.