Thursday, 19 September 2019 13:11

 

denim-shirt-fashion-trend-the-style-ref-sports-blog_1.jpgဂျင်းဖက်ရှင်ဆိုတာ ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ ဖက်ရှင်တစ်ခုပါ။ အမြဲမဝတ်ရင်တောင် တစ်ခါတလေတော့ ပျိုမေတိုင်းဝတ်ဖြစ်ကြမှာပါ။

ခုဖော်ပြပေးမှာကတော့ ဂျင်းကိုဘယ်လိုဒီဇိုင်းတွေနဲ့ တွဲဖက်ဝတ်ဆင်သင့်လဲဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။

၁။ ဂျင်းဘောင်းဘီ

Related image

တီရှပ်နဲ့ ဂျင်းဘောင်းဘီကတော့ အလိုက်ဖက်ဆုံးနဲ့ ရိုးစင်းမသွားစေပဲ စတိုင်ကျကျဝတ်ဆင်နိုင်တဲ့ ဖက်ရှင်တစ်ခုပါ။ ဂျင်းဘောင်းဘီိကို ခါးတိုအင်္ကျီလေးနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် တီရှပ်ပွပွလေးတွေ၊ ခါးရှည် အင်္ကျီလေးတွေနဲ့လဲ ဝတ်ဆင်နိုင်ပါတယ်။

၂။ ဂျင်းဂေါင်ဝန်

Related image

ဂျင်းဂေါင်ဝန်လေးတွေကတော့ သူငယ်ချင်းတွေနဲ့ အပြင်မှာမုန့်သွားစားတာပဲဖြစ်ဖြစ်၊ ဒိတ်လုပ်တာ၊ မိသားစုနဲ့ ညစာစားပွဲတွေလုပ်တဲ့အခါမှာ အသင့်တော်ဆုံးပါပဲ။ ဂျင်းဂေါင်ဝန်လေးတွေကို Hight Boots လေးတွေနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင် စတိုင်ကျလှပစေမှာပဲဖြစ်ပါတယ်။

Read More>>>ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ပျားရည်ဆမ်းခရီးအတွက် လည်ပတ်ဖို့နေရာရွေးချယ်မယ်ဆိုရင်

၃။ ဂျင်းစကပ်

Image result for jean skirt style

ဂျင်းစကပ်လေးတွေကတော့ နွေရာသီအတွက် အသင့်တော်ဆုံးဖက်ရှင်လို့ ပြောရမှာပါ။ ဂျင်းစကပ်ကို ကော်လံပါတဲ့တီရှပ်လေးတွေနဲ့ ဒေါက်ဖိနပ်လှလှလေး ဒါမှမဟုတ် ကြိုးသိုင်းဖိနပ်ပါးလေးကိုပါ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

၎။ ဂျင်းဂျာကင်

Related image

သူကိုတော့ နွေရာသီဖြစ်ဖြစ်၊ မိုးရာရာသီဖြစ်ဖြစ် ဝတ်ဆင်လို့ကောင်းတဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ ဂျင်းဂျာကင်ကို စွတ်ကျယ် ဒါမှမဟုတ် လက်တစ်လုံးအင်္ကျီကို အောက်ခံပြီး ရင်ဘတ်ဟထားတဲ့ စတိုင်ဝတ်မယ်ဆိုရင် ခက်မိုက်မိုက်လေးနဲ့ စတိုင်ကျလှပနေမှာဖြစ်ပါတယ်။

>>>ဖက်ရှင်ဆိုင်များ<<<

၅။ ဂျင်းရှပ်

Related image

မိန်းကလေးအများစုက လှပပြီး ပေါ့ပေါ့ပါးပါးဖြစ်မယ့် စတိုင်မျိုးကိုပိုနှစ်သက်လေ့ရှိပါတယ်။ ဂျင်းရှပ်အင်္ကျီလေးတွေကို ဘောင်းဘီအမဲ၊ ဘောင်းဘီတိုလေးတွေနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင် ပေါ့ပါးလွတ်လပ်ပြီးစတိုင်ကျလှပစေမှာပါ။

အခုဖော်ပြပေးခဲ့တာကတော့ ဂျင်းကိုဘယ်လိုဒီဇိုင်းတွေနဲ့ တွဲဖက်ဝတ်ဆင်သင့်လဲဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။

Htet Htet Naing

 


Read 175 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.