Wednesday, 18 September 2019 11:08

air

 

မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်က ဒေသများတွင် Open Air ရုပ်ရှင်ပွဲတော်ကို China National Petroleum Corporation(CNPC)ကုမ္ပဏီမှ လိုက်လံပြသမည်ဖြစ်သည်။

Open Air ရုပ်ရှင်ပွဲတော်ဟာ ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသများတွင် တရုတ်ရုပ်ရှင်ယဉ်ကျေးမှုများကို ပိုမိုသိရှိလာနိုင်စေရန် ရည်ရွယ်ကာ တရုတ်ရုပ်ရှင်ဇာတ်ကားများ လိုက်လံပြသမည့် ပွဲတော်တစ်ခု ဖြစ်ကြောင်းသိရသည်။

Read More>>  နှစ်တွေကြာသည့်တိုင် အဝတ်​လျှော်​စက်​ သစ်လွင် မွှေးပျံ့အောင် ဘယ်လိုပြုလုပ်နိုင်မလဲ

စက်တင်ဘာ ၁၆ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ WYNDHAM GRAND ဟိုတယ်တွင်ကျင်းပခဲ့သော Open Air ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ CNPC ကုမ္ပဏီ ဒုတိယဥက္ကဌ မစ္စတာ Xu Wen Rong နှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းနိုင်တို့ တက်ရောက်ခဲ့ကြသည်။

Read More>>> ဖုန်းသုံးစွဲသူတွေကို အန္တာရာယ်ရှိစေနိုင်တဲ့အက်ပလီကေးရှင်း(၅)ခု 

ပြသမည့် ရုပ်ရှင်ကားများမှာ “မင်္ဂလာပါ ဘီလျံနာ”၊ “မှော်ပဉ္စလက်” နှင့်“လေပွေအမျိုးသမီးဘောလုံးအသင်း” တို့ဖြစ်ကြသည်။

အဆိုပါရုပ်ရှင်ဇာတ်ကားများကို အောက်တိုဘာလ ၁၅ ရက်နေ့မှ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတလျှောက်ရှိ ကျောက်ဖြူ၊ ရေနံချောင်း၊ တောင်သာ ၊ မန္တလေး စသည်တို့အပါအ၀င်နေရာဒေသ ငါးခုတွင် ပြသမည် ဖြစ်သည်။

နေရာတစ်နေရာတွင် ၃ရက်မှ ၅ရက်ထိ ရုပ်ရှင်ဇာတ်ကားများ ပြသမည်ဖြစ်ကြောင်းသိရသည်။

Nilar Myot Win


Read 106 times Last modified on Wednesday, 18 September 2019 15:44
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.