Tuesday, 17 September 2019 11:21

aaa.jpg

FDA မှ ဦးဆောင်ပြီး အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များဘေးအန္တာရာယ်ကင်းရှင်းရေးဆိုင်ရာ လူထုပညာပေးပြပွဲ(၂၀၁၉)ကို စက်တင်ဘာလ(၂၀)ရက်နဲ့ (၂၁) တွင် မန္တလေးမြို့တော်ခန်းမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီပွဲကိုပြုလုပ်ခြင်းရဲ့ရည်ရွယ်ချက်ကတော့ ပြည်သူများအနေနဲ့ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့်အလှကုန်များ သုံးစွဲရာတွင်ဘေးအန္တာရာယ်ကင်းရှင်းစေရန်အတွက် နိုင်ငံတော်အဆင့်အစီအစဉ်တစ်ရပ်အဖြစ် ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

လူထုပညာပေးပြပွဲမှာ ဆွေးနွေးတင်ပြသွားမယ့် အကြောင်းအရာတွေကတော့...
- အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းအလှကုန်နှင့် လူသုံးကုန်ပစ္စည်းများဆိုင်ရာ ပညားပေးပြခန်းများ
- အသိပညာပေး၊ ပြဇာတ်၊ တေးသီချင်းများ
- ကျွမ်းကျင်ပညာရှင်များရဲ့ စကားဝိုင်းဆွေးနွေးပွဲများ
- စိတ်ဝင်စားဖွယ် စကားရည်လုပြိုင်ပွဲများ
- အများပြည်သူများ ယူဆောင်လာသည့် ဆေးစစ်လိုသည့် အစားအသောက်၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဓာတ်ခွဲဆေးစစ်ပေးခြင်း
- အခမဲ့ မျက်စိစမ်းသပ်စစ်ဆေးပေးခြင်း
- အစားအသောက်၊ ဆေးဝါး၊ အလှကုန်အရောင်းပြခန်းများ စသည့်စိတ်ဝင်စားဖွယ်အစီစဉ်များပဲ ဖြစ်ပါတယ်။

Read More>>>Taiwan Excellence နဲ့ Brand အမျိုးအစားပေါင်း (၁၉)ခုကို မိတ်ဆက်ပြသမယ့် AMPA

ကျင်းပပြုလုပ်သွားမယ့် အချိန်တွေကတော့ စက်တင်ဘာလ (၂၀)ရက်နေ့မှာဆိုရင် နံနက်(၉)နာရီကနေ ညနေ(၄)နာရီအထိ၊ စက်တင်ဘာလ(၂၁)ရက်နေ့မှာဆိုရင်တော့ နံနက်(၉)နာရီကနေ နေ့လည်(၁)နာရီအထိ ပြုလုပ်သွားမှာဖြစ်လို့ စိတ်ဝင်စားတဲ့မည်သူမဆို လာရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။

 


Read 83 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.