Friday, 13 September 2019 16:52

it chapter two

Horror King ဟု တင်စားခေါ်ဝေါ်ကြသည့် စာရေးဆရာကြီး Stephen King ၏ ဝတ္ထုကို အခြေခံရိုက်ကူးထားသော IT Chapter Two သည်းထိတ်ရင်ဖိုဇာတ်ကားသည် ပွဲဦးထွက်ဝင်ငွေဒေါ်လာ ၉၁ သန်းရရှိခဲ့ပြီး

 

ယခုသီတင်းပတ် မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင်စာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေကြောင်း သိရသည်။

သီတင်းပတ်ကုန်ရက် သုံးရက်အတွင်း ရုံတင်ပြသမှုမှ ရရှိလာသော IT Chapter Two ၏ ပွဲဦးထွက်ဝင်ငွေသည် ယခင် IT ဇာတ်ကား၏ ပွဲဦးထွက်ဝင်ငွေကို လိုက်မီခဲ့ခြင်းမရှိပေ။

၂၀၁၇ ခုနှစ်တွင် ရုံတင်ပြသခဲ့သော IT ဇာတ်ကားသည် ပွဲဦးထွက်ဝင်ငွေဒေါ်လာ ၁၂၃ သန်းရရှိခဲ့ပြီး ထိတ်ထိတ်ကြဲ အောင်မြင်ခဲ့သော ဇာတ်ကားဖြစ်သည်။

သို့သော်လည်း IT ဇာတ်ကားနှစ်ကားစလုံးသည် ပွဲဦးထွက်ပြသချိန်၌ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်း၏ ထိပ်ဆုံးနေရာကို ရယူထားနိုင်ခဲ့ကြသည်။

ယခင် IT ဇာတ်ကားထဲမှ အဖြစ်အပျက်များအပြီး ၂၇ နှစ်အကြာတွင် ရက်စက်ကြမ်းကြုတ်သော လူရွှင်တော် ပင်နီဝိုက်စ်သည် ခြောက်လှန့်မှုများပြုလုပ်ရန် ဒယ်ရီမြို့သို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့သည်။

ပင်နီဝိုက်စ်၏ ခြောက်လှန့်မှုကို အနိုင်ယူခဲ့ဖူးသော Loser’s Club အဖွဲ့ဝင်များသည် အရွယ်ရောက်လာကြပြီး သီးခြားစီ ကိုယ့်ဘဝလမ်း ကိုယ်လျှောက်လှမ်းနေကြသော်လည်း ဒယ်ရီမြို့တွင်း၌ လူတစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးနေသည်ကို သတိထားမိခဲ့ကြပြီးနောက် Loser’s Club သူငယ်ချင်းတစ်သိုက်သည် ယခင်ကထက် ပိုမိုအားကောင်းလာသော ပင်နီဝိုက်စ်အား မည်သို့အနိုင်ယူကြမည်ကို IT Chapter Two ဇာတ်ကားတွင် ချောက်ချားဖွယ်ရိုက်ကူးထားခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၂ ရက်မှစ၍ မန္တလေးရှိ ရုပ်ရှင်ရုံများတွင် ကြည့်ရှု့နိုင်မည့် ဇာတ်ကားများ

ဒေါ်လာသန်း ၆၀ မှ သန်း ၇၀ အကြား အကုန်ကျခံရိုက်ကူးထားသော IT Chapter Two ဇာတ်ကားကို ဒါရိုက်တာ Andres Muschietti ရိုက်ကူးထားပြီး ဂျက်စီကာချက်စတိန်း၊ James McAvoy၊ Isaiah Mustafaနှင့် ဘီလ်ဟာဒါတို့ ပါဝင်သရုပ်ဆောင်ထားသည်။

Lionsgate မှ ဖန်တီးထားသော လျှို့ဝှက်သည်းဖို စုံထောက်ဇာတ်ကား Angel Has Fallen သည် ဝင်ငွေဒေါ်လာ ခြောက်သန်းဖြင့် ယခုသီတင်းပတ် မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင်စာရင်းတွင် နံပါတ်နှစ်နေရာ၌ ရပ်တည်နေသည်။

ပထမဆုံးအကြိမ်အဖြစ် မန္တလေးမြို့ကို ရောက်ရှိလာပြီဖြစ်တဲ့ ဥရောပရုပ်ရှင်ပွဲတော်

ဇာတ်မြူးရုပ်ရှင် Good Boys မှာ ဝင်ငွေဒေါ်လာ ၅.၄ သန်းဖြင့် နံပါတ်သုံးနေရာ၌ ရပ်တည်နေပြီး The Lion King ရုပ်ရှင်မှာ ဝင်ငွေဒေါ်လာ ၄.၂ သန်းဖြင့် နံပါတ်လေးနေရာတွင် ရှိနေသည်။

Sony မှ ဖန်တီးထားသည့် Overcomer ဇာတ်ကားမှာ ဝင်ငွေဒေါ်လာ ၃.၈ သန်းဖြင့် မြောက်အမေရိက ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်း၏ နံပါတ်ငါးနေရာ၌ ရပ်တည်လျက်ရှိသည်။

Source daily eleven


Read 142 times Last modified on Friday, 13 September 2019 17:00
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.