Friday, 13 September 2019 16:24

US Horan 16063 Read Only

ဒီနေ့ဟာ One Direction အဖွဲ့ဝင်ဟောင်း အဆိုတော် Niall Horan ရဲ့ ( ၂၆ ) နှစ်ပြည့် မွေးနေ့လေးဘဲ ဖြစ်ပါတယ်။

Niall ကို ၁၉၉၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့ Mullingar, Ireland မှာ မွေးဖွားခဲ့ပြီး အောင်မြင်တဲ့ အိုင်းရစ်လူမျိုး အဆိုတော်တစ်ယောက်ဘဲ ဖြစ်ပါတယ်။

One Direction အဖွဲ့ကို ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာတော့ စာချုပ်ဖျက်သိမ်းခဲ့ကြပါတယ်။

မိန်းကလေးတွေရဲ့ အသည်းစွဲ အမျိုးသားအဆိုတော်အဖွဲ့ဖြစ်တဲ့ One Direction ဟာ The X Factor UK ကနေ တက်လာခဲ့တာဖြစ်ပြီး ဒိုင်တွေက ပြိုင်ပွဲဝင်တွေဖြစ်ကြတဲ့ Harry, Louis, Niall, Liam နဲ့ Zayn တို့ကို အဖွဲ့တခုအဖြစ် ဖန်တီးပြီး တွဲဖက်သီဆိုစေခဲ့တာ ဖြစ်ပါတယ်။

2010 The X Factor ပြိုင်ပွဲကနေ စတင် သန္ဓေတည်ခဲ့တဲ့ One Direction အဖွဲ့အနေနဲ့ စတင် ကွဲအက်ခဲ့တာကတော့ တစ်ကိုယ်တော်အဖြစ် ရပ်တည်ဖို့အတွက် Zayn Malik ထွက်သွားတဲ့ ၂၀၁၅ ခုနှစ်မှာပဲ ဖြစ်ပါတယ်။

ပထမဆုံးအကြိမ်အဖြစ် မန္တလေးမြို့ကို ရောက်ရှိလာပြီဖြစ်တဲ့ ဥရောပရုပ်ရှင်ပွဲတော်

အဲဒီနောက်ပိုင်းမှာ ကျန်ခဲ့တဲ့ Harry Styles, Louis Tomlinson, Liam Payne နဲ့ Niall Horan တို့ လေးယောက်က တစ်နှစ်ကျော်ကျော်လောက်အထိ အတူတူ လက်တွဲပြီး အနုပညာလှုပ်ရှားမှုတွေကို ဆက်လုပ်ခဲ့ကြပါသေးတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ Harry Styles ကလည်း တစ်ကိုယ်တော် အခွေတွေထုတ်ရင်း တစ်ဦးတည်း ရပ်တည်လာခဲ့သလို၊ ကျန်တဲ့ အဖွဲ့သား ၃ ယောက်ကလည်း သူ့ဟာနဲ့သူ အဆင်ပြေသလို ရပ်တည်လာကြတာကြောင့် ၂၀၁၇ နောက်ပိုင်းမှာ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေဟာ တကယ့်ကို ရပ်တန့်သွားခဲ့ရပါတယ်။

လက်ရှိမှာတော့ Niall Horan ဟာ အမေရိကန်ဒေါ်လာ 46 million ချမ်းသာတဲ့ တကိုယ်တော် ပေါ့ခ်ဂီတ အဆိုတော် တစ်ဦးအဖြစ် ရပ်တည်လျှက်ရှိပြီး သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော်သီချင်းကတော့ This Town သီချင်းဘဲ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၂ ရက်မှစ၍ မန္တလေးရှိ ရုပ်ရှင်ရုံများတွင် ကြည့်ရှု့နိုင်မည့် ဇာတ်ကားများ

One Direction အဖွဲ့ရဲ့ လူသိအများဆုံး သီချင်းတွေကတော့ What Make You Beautiful, Story Of My Life, One thing တို့ဘဲဖြစ်ပါတယ်။


Read 174 times Last modified on Friday, 13 September 2019 16:49
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.