Friday, 30 August 2019 16:16

angel_2.png

နိုင်ငံတကာတွင် ပြသလျက်ရှိသည့် Angel Has Fallen ဇာတ်ကားကို ရန်ကုန် နှင့် မန္တလေးမြို့ရှိ ရုပ်ရှင်ရုံများ၌ ဩဂုတ် ၂၉ ရက်မှစတင်ကာ ရုံတင်ပြသမည်ဟု သိရသည်။

Angel Has Fallen ဇာတ်ကားကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအများအပြား၌ ဩဂုတ် ၂၃ ရက်တွင် စတင်ပြသခဲ့ခြင်း ဖြစ်သည်။

ယင်းဇာတ်ကား ပြသမှုမှရရှိသည့် ဝင်ငွေသည် သြဂုတ် ၂၅ ရက်အထိ ၂၃ သန်းကျော်အထိ ရရှိထားပြီဖြစ်ကြောင်း သိရသည်။

ဇာတ်လမ်းအကျဉ်းကို ဖော်ပြရလျှင် လန်ဒန်တွင်ဖြစ်ပွားခဲ့သည့် နိုင်ငံခေါင်းဆောင်များလုပ်ကြံမှုမှ အမေရိကန်သမ္မတ လွှတ်မြောက်ခဲ့ပြီး နောက်ပိုင်းတွင် သမ္မတ၏ သက်တော်စောင့် Mike Bunning သည် လျှို့ဝှက်စစ်လေ့ကျင့်ရေးစခန်းတွင် လေ့ကျင့်မှုများပြုလုပ်ခဲ့ရသည်။

ယင်းလေ့ကျင့်မှုများအပြီးတွင် သမ္မတသက်တော်စောင့် ညွှန်ကြားရေးမှူးနေရာအတွက် သမ္မတကိုယ်တိုင်က Mike ကိုဦးစားပေးစာရင်း ထည့်သွင်းပေးခဲ့သည်။

မန္တလေးရှိ အဆင့်မြင့်ရုပ်ရှင်ရုံ ( ၇ ) ရုံတွင် ပြသမည့် ဇာတ်ကားများ

သို့အတွက် Mike သည် သူဖြစ်ပွားနေသည့် ခေါင်းအပြင်းအထန်ကိုက်သည့်ဝေဒနာနှင့် အိပ်မပျော်သည့်ရောဂါများအတွက် ဆရာဝန်အတော်များများထံတွင် ဆေးကုသမှုများခံယူနေရသည်ကို လျှို့ဝှက်ကာ
တာဝန်ထမ်းဆောင်ခဲ့သည်။

သူ၏တာဝန်ထမ်းဆောင်မှုကာလအတွင်း သမ္မတ၏ ကျေးလက်အပန်းဖြေငါးဖမ်းသွားသည့် အချိန်တွင် ဒရုန်းနှင့်ပတ်ခတ်လုပ်ကြံခြင်းကိုခံရပြီး သက်တော်စောင့်များသေဆုံးကာ Mikeနှင့် သမ္မတတို့လည်းဒဏ်ရာများရရှိခဲ့သည်။

ယင်းလုပ်ကြံမှုကို FBI ကစစ်ဆေးရာတွင် လုပ်ကြံမှုတွင်အသုံးပြုခဲ့သည့် ကားပေါ်၌ Mike ၏ဆံပင်များကိုတွေ့ရှိခဲ့ရပြီး သံသယရှိတရားခံအဖြစ် Mike ကိုထောင်ချခဲ့သည်။ Mike သည်အဆိုပါဖမ်းဆီးမှုများမှ လွတ်မြောက်အောင် ရုန်းထွက်ခဲ့ပြီးနောက် တရာခံအစစ်အမှန်အား ဖော်ထုတ်ရန်ကြိုးစားရသည်များကို ရိုက်ကူးထားသည်။

Angel Has Fallen ဇာတ်ကားကို ဒါရိုက်တာ Ric Roman Waugh ရိုက်ကူးပြီး Gerard Butler, Morgan Freeman, Jade Pinkett Smith, Frederick Schmidt, Danny Hustonos တို့ အဓိက ပါဝင်သရုပ်ဆောင်ထားသည်။

အဆိုပါဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော် ၊ မင်္ဂလာစံပြ၊ မင်္ဂလာ (ဂမုန်းပွင့်၊ တာမွေ)၊ Mingalar Gold Class ရုပ်ရှင်ရုံများနှင့် မန္တလေးမြို့ရှိ မင်္ဂလာဒိုင်းမွန်း ရုပ်ရှင်ရုံများ၌ ပြသထားသည်။

Source daily eleven


Read 145 times Last modified on Friday, 30 August 2019 16:49
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.