Print this page
Saturday, 24 August 2019 16:50

room_1.jpg

လူတိုင်းဟာ အစစအရာရာ လိုလေသေးမရှိအောင် ဒီဇိုင်းဆွဲပြင်ဆင်ထားတဲ့ နေအိမ်မှာ ဇိမ်ကျကျနေထိုင်သူတွေ မဟုတ်ကြသလို အိမ်မှာ လိုအပ်သမျှပြင်ဆင်မွမ်းမံဖို့ ငွေကြေးပြည့်စုံနေကြသူတွေလည်း မဟုတ်ကြပါဘူး။

 

မူလအစကနေ ပြန်လုပ်စရာမလိုဘဲ မိမိအိမ်ကို ပိုမိုလှပကောင်းမွန်အောင် မွမ်းမံဖို့ လွယ်ကူအကုန်အကျနည်းတဲ့ နည်းလမ်းတချို့ဖော်ပြပေးချင်ပါတယ်။

၁။ တကယ်လို့ သင်ဟာ ဧည့်ခန်းသေးတဲ့ အိမ်မှာ နေတာဆိုရင် ပိုကျယ်သလိုဖြစ်အောင် ကော်ဇော အစင်းကြားတွေ ခင်းပါ။ ဒီအစင်းကြားတွေက အခန်းကို ရှည်ထွက်သလို မြင်တွေ့စေပါလိမ့်မယ်။

၂။ အခန်းတစ်ခုမှာ စဉ်းစားထည့်သွင်းနိုင်တဲ့ အကောင်းဆုံးအင်္ဂါရပ်က သဘာဝအလင်းရောင် ဖြစ်ပါတယ်။ အခန်းသေးနေသလိုဖြစ်ရင် သဘာဝအလင်းရောင် ရနိုင်သလောက်ရအောင် ကုလားကာ အကြည်သုံးပေးပါ။

Air con မှာ ထားရှိရမယ့် အပူချိန်တွက်နည်းနဲ့ မီတာခ လျော့ကျစေတဲ့နည်း

၃။ အခန်းပိုကျယ်သလို စွမ်းဆောင်ပေးတဲ့ အရင်နည်းလမ်းဟောင်းတစ်ခုက မှန်ဖြစ်ပါတယ်။ အခန်းတစ်ခုလုံးရောင်ပြန်ဟပ်အောင် နံရံမှာ မှန်တွေသာ တပ်ဆင်လိုက်ပါ။

၎။ မျက်နှာကျက်နိမ့်တဲ့ အိမ်ဆိုရင် ပရိဘောဂ အပုလေးတွေ ခင်းကျင်းထားရှိရပါမယ်။ ဒီနည်းက အခန်းကို ချက်ချင်း မြင့်သလို ဖြစ်စေပါလိမ့်မယ်။

၅။ နိမ့်တဲ့ အိမ်ခေါင်မိုးကို ခပ်လှမ်းလှမ်းဖြစ်သွားအောင် မျက်နှာကျက်ကို ဆေးသုတ် ဒါမှမဟုတ် wall paper ကပ်ပေးလိုက်ပါ။

Source Shweproperty

အိမ်တွင်းအလှဆင်လုပ်ငန်းနဲ့ပစ္စည်းများ


Read 279 times Last modified on Saturday, 24 August 2019 17:24
Rate :
(0 votes)

Related items