Saturday, 24 August 2019 14:45

Dora_Contest_Page.jpg

Dora And The Lost City of Gold ဇာတ်ကားကို ရန်ကုန်နှင့် မန္တလေးမြို့များရှိ ရုပ်ရှင်ရုံများ၌ ဩဂုတ် ၂၂ ရက်မှစတင်ကာ ရုံတင်ပြသထားသည်။

Dora And The Lost City of Gold ဇာတ်ကားကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအများအပြား၌ ဩဂုတ် ၉ ရက်တွင် စတင်ပြသခဲ့ခြင်းဖြစ်သည်။

ယင်းဇာတ်ကား ပြသမှုမှရရှိသည့်ဝင်ငွေသည် အမေရိကန် နိုင်ငံတွင် ပြသခဲ့သည့် ပထမရက်သတ္တပတ်မှာပင် ဒေါ်လာ ၁၇ သန်းကျော်ရရှိခဲ့သည့် ဇာတ်ကားဖြစ်သည်။

နိုင်ငံအများအပြားတွင်လည်း ပြသလျက်ရှိသည့် ဇာတ်ကားဖြစ်သည်။

မိန်းကလေးငယ်လေးတစ်ဦးဖြစ်သည့် ဒိုရာသည် သူ၏ကလေးဘဝတစ်လျှောက်လုံးတွင် တောတွင်းစွန့်စားမှုများနှင့် ပတ်သက်သည်များကိုသာ စိတ်ဝင်စားခဲ့ပြီး ယင်းနှင့်သက်ဆိုင်သည့် လက်တွေ့များကိုသာ လုပ်ကိုင်ခဲ့သူဖြစ်သည်။

အထက်တန်းကျောင်းသူဘဝ ရောက်လာချိန်တွင် ကျောင်းမှစီစဉ်သည့် အန္တရာယ်အများဆုံး စွန့်စားမှုခရီးစဉ်တွင် လိုက်ပါရန်အတွက် အဆင်သင့်ပြင်ဆင်မှုများမလုပ်နိုင်ဘဲ ဖြစ်နေခဲ့သောကြောင့် အဆိုပါခရီးစဉ်အတွက် လိုက်ပါခွင့်နှင့် ဒိုရာတစ်ယောက်လွဲချော်ခဲ့ရတော့သည်။

ဩဂုတ် ၂၂ ရက်နေ့မှစ၍ အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ကြည့်ရှု့နိုင်မည့် ဇာတ်ကား ( ၁၂) ကား

သို့ရာတွင် အစဉ်အမြဲစူးစမ်းလေ့လာတတ်သူ ဒိုရာတစ်ယောက် သူ၏မိဘများကို ကယ်တင်နိုင်ရန်အတွက် စွန့်စားမှုခရီးစဉ်တစ်ခုကို သူ၏မိတ်ဆွေမျောက်ကလေး Boots အပါအဝင် အစ်ကိုဝမ်းကွဲတော်သူ Diego နှင့် ဆင်းရဲနွမ်းပါးသည့် ဆယ်ကျော်သက်လူငယ်လေးများကို ဦးဆောင်ကာ ပျောက်ဆုံးနေသည့် Inca လူမျိုးတို့၏ မယုံကြည်နိုင်ဖွယ်ရာ ဆန်းကြယ်သည့် ပဟေဠိများကိုဖြေရှင်းရမည့် တောတွင်းခရီးစဉ်တစ်ခုကို ထွက်လာခဲ့ရာမှကြုံတွေ့ရသည်များကို ရိုက်ကူးတင်ဆက်ထားသည်။

Dora And The Lost City of Gold ဇာတ်ကားကို ဒါရိုက်တာ James Bobin ရိုက်ကူးပြီး Isabela Moner, Eugenio Derbez, Michael Pena, Eva Longoria, Danny Trejo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားသည်။

အဆိုပါဇာတ်ကားကို ရန်ကုန်မြို့ရှိနေပြည်တော် ၁+၂၊ မင်္ဂလာစံပြ၊ မင်္ဂလာ(ဂမုန်းပွင့်၊ တာမွေ)၊ Mingalar Gold Class ရုပ်ရှင်ရုံများ၊ မန္တလေးမြို့ရှိ မင်္ဂလာဒိုင်းမွန်း ရုပ်ရှင်ရုံများ၌ ဩဂုတ် ၂၂ ရက်မှစတင်ကာ တစ်ပြိုင်တည်းပြသထားသည်။

Source daily eleven


Read 223 times Last modified on Saturday, 24 August 2019 15:03
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.