Friday, 09 August 2019 13:35

Line-Walker2.jpg

မြန်မာနိုင်ငံတွင် လာရောက်ရိုက်ကူးခဲ့သည် Line Walker 2 ဇာတ်ကားကို ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအများ အပြားရှိ ရုပ်ရှင်ရုံများ၌ ဩဂုတ် ၈ ရက်မှ စတင်ကာတစ်ပြိုင်တည်း ရုံတင်ပြသထားသည်ဟု သိရသည်။

Line Walker 2 ဇာတ်ကားကို တရုတ်နိုင်ငံတွင် သြဂုတ် ၇ ရက်မှစတင်ကာ ပြသထားပြီး မြန်မာနိုင်ငံအပါအဝင် စင်ကာပူနှင့် ဟောင်ကောင်နိုင်ငံတို့တွင် သြဂုတ် ၈ ရက်မှ စတင်ကာ ဖြန့်ချိပြသခြင်းဖြစ်သည်ဟု သိရသည်။

ယင်းဇာတ်ကားကို မြန်မာနိုင်ငံတွင် လာရောက်ရိုက်ကူးထားပြီး မြန်မာအနုပညာရှင်အချို့လည်း ပါဝင်ထားသည့် ဇာတ်ကားဖြစ်သည်။

ဟောင်ကောင်မြို့လယ်ကောင်တွင် ဖြစ်ပွားခဲ့သည့် ကြောက်မက်ဖွယ်ရာ ယာဉ်တိုက်မှုသည် ပြည်တွင်းရဲတပ်ဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့အစည်းကြားမှ မကျေလည်မှုများကို ပိုမိုတိုးပွားလာစေခဲ့သည်။

ယင်းယာဉ်တိုက်မှုတွင် မသင်္ကာဖွယ်ရာ အမျိုးသမီး Yiu ကို ရာဇဝတ်မှု ထောက်လှမ်းရေးဗျူရိုမှ ရဲမှူး Yip နှင့် စုံထောက် Ching တို့က ဖမ်းဆီးခဲ့သည်။ ထိုအမှုကို ဦးဆောင်ကိုင်တွယ်နေသည့် ရဲမှူး Yip နှင့် စုံထောက် Ching တို့ကို Security Wing မှ ရဲမှူး Cheng ကနှစ်ဘက်ချွန် သူလျှိုများဟုသံသယရှိနေခဲ့သည်။

သို့သော် အမှု၏နောက်ဆက်တွဲ မသင်္ကာဖွယ်ရာများသည် စပိန်နှင့် မြန်မာနိုင်ငံများအထိပါ ဆက်စပ်လာချိန်တွင် ရဲမှူး Cheng နှင့် စုံထောက် Ching တို့နှစ်ဦးသည်အမှုကို အတူကိုင်တွယ်ရသလို ရဲမှူး Yip ကိုလည်း အထက်မှ သင်္ကာမကင်းဖြစ်နေခဲ့သည်။

ဩဂုတ် ၈ ရက်နေ့မှစ၍ ရုံတင်ပြသမည့် ဇာတ်ကား ( ၉ ) ကား

သူတို့၏ အမှုစုံစမ်းနေချိန်များတွင် တစ်ဖက်၌လည်း သူလျှိုစုံစမ်းမှုများဆောင်ရွက်လာရာမှ ဖြစ်ပေါ်လာသည်များကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားခြင်းဖြစ်သည်။

Line Walker 2 ဇာတ်ကားကို ဒါရိုက်တာ Jazz Boon ရိုက်ကူးပြီး Louis Koo, Nick Cheungm, Francis Ng တို့ အဓိကပါဝင်သရုပ်ဆောင်ထားသည်။

ယင်းဇာတ် ကားကို ရန်ကုန်မြို့ရှိ နေပြည်တော် ၁+၂၊ မင်္ဂလာ ၂၊ မင်္ဂလာစံပြ၊ Top Royal၊ မင်္ဂလာ (ဂမုန်းပွင့်၊ စိန်ဂေဟာ၊ တာမွေ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ)၊ Junction City JCGV၊ Mega Ace (Capital) Mingalar Gold Class ရုပ်ရှင်ရုံများ၊

မန္တလေးမြို့ရှိ မြို့မ၊ မင်္ဂလာ ( ဒိုင်းမွန်း၊ စင်တာပွိုင့် ) ရုံများအပြင် ပြည်၊ ပဲခူး၊ တောင်ငူ၊ မကွေး၊ မော်လမြိုင်နှင့် မုံရွာမြို့များရှိ ရုပ်ရှင်ရုံများ၌ တစ်ပြိုင်တည် ပြသထားသည်။

Source daily eleven


Read 267 times Last modified on Friday, 09 August 2019 14:42
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.