Friday, 26 July 2019 17:51

0.0mhz.jpg

ကိုရီးယား သည်းထိတ်ရင်ဖို ဇာတ်ကားဖြစ်သည့် 0.0 Mhz ကို ဇူလိုင် ၂၅ ရက်မှစတင်ကာ ရန်ကုန်၊ မန္တလေးအပါအဝင်မြို့ကြီးအချို့ရှိ ရုပ်ရှင်ရုံများ၌ တစ်ပြိုင်တည်း ရုံတင်ပြသထားသည်။

0.0 Mhz ဟုအမည်ရသည့် အဖွဲ့သည် သဘာဝလွန်ဖြစ်ရပ်များ၊ ထူးခြားသည့် အဖြစ်အပျက်များကို အသေးစိတ်လေ့လာသည့်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ သူတို့စူးစမ်းလေ့လာမှုများတွင် ဝိညာဉ်များနှင့်ပတ်သက် သည့်အစီအစဉ်တစ်ခုပါဝင်လာခဲ့သည်။

အဆိုပါအစီအစဉ်မှာ ဝိညာဉ်များကို မိမိတို့အနီးအပါး ရောက်လာစေရန် ခေါ်နိုင်မည့် ကြိမ်နှုန်းလှိုင်းတစ်ခုကို စမ်းသပ်ရန် ဖြစ်သည်။

ထိုစမ်းသပ်မှုအတွက် မြို့ငယ်လေးဖြစ်သည့် Uha ri ရှိ ကြောက်မက်ဖွယ်ရာ အိမ်ကြီးတစ်လုံးသို့ ရောက်ရှိခဲ့ကြသည်။

အဆင့်မြင့် ဘယ်ရုပ်ရှင်ရုံတွေမှာ ဘာကားတွေရုံတင်ပြသနေလဲ

အဆိုပါ အိမ်ကြီးအတွင်း၌ 0.0Mhz အဖွဲ့အနေဖြင့် သူတို့၏ ဝိညာဉ်များခေါ်နိုင်မည့် ကြိမ်နှုန်းများထုတ်လွှင့်ကာ စမ်းသပ်မှုများပြုလုပ်ရာမှ ကြုံတွေ့ရသည့်အဖြစ်များကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ဆက်ထားသည့် ဇာတ်ကားဖြစ်သည်။

0.0 Mhz ဇာတ်ကားကို ဒါရိုက်တာ Yoo Sun Dong ရိုက်ကူးထားပြီး Jung Eun Ji, Lee Sung Yeol, Choi Yoon Young, Shi Joo Hwan, Jung Won Chang တို့ပါဝင်ထားသည်။ ။

ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ မင်္ဂ လာ ၂၊ မင်္ဂလာစံပြ၊ မင်္ဂလာ(တာမွေ)နှင့် Mingalar Gold Class ရုံများ၊ မန္တလေးမြို့ရှိ မင်္ဂလာဒိုင်းမွန်း ရုပ်ရှင်ရုံများအပြင် ပဲခူးရှိ Mingalar ICON ရုပ်ရှင်ရုံ၊ ပြည်မြို့ရှိ မင်္ဂလာထွန်းသီရိ ရုပ်ရှင်ရုံနှင့် မုံရွာမြို့ရှိ Mingalar Cineplex Ocean တို့တွင် ဇူလိုင် ၂၅ ရက်မှစတင်ကာ တစ်ပြိုင်တည်း ရုံတင်ပြသ ထားသည်။

Source daily eleven


Read 247 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.