Tuesday, 11 June 2019 17:27

33.jpg

သင်လက်ရှိထားနေတဲ့ ရေခဲသေတ္တာ အပူချိန်ဟာ မှားနေနိုင်ပါတယ်။ ရေခဲသေတ္တာတွေဟာ ဒီနေ့ခေတ်မှာ အစားအစာတွေ သိုလှောင်ဖို့အတွက် အရမ်းအသုံးဝင်တဲ့ ပစ္စည်းပါ။

ရေခဲသေတ္တာ အပူချိန်ကို မှန်မှန်ကန်ကန် ထားထားမယ်ဆိုရင် အစားအစာတွေကို ရက်သတ္တပတ် အနည်းငယ်ခန့် အထိ ကြာရှည်ခံအောင် ထားထားနိုင်ပါတယ်။

ဒါပေမဲ့ ရေခဲသေတ္တာရဲ့ အပူချိန်က မှားနေမယ်ဆိုရင် ဘတ်တီးရီးယားတွေက ဆတိုးပွားလာနိုင်ပါတယ်။

ဒီလို ဘတ်တီးရီးယားတွေ ပွားလာရင်တော့ အစားအစာရဲ့ အရည်အသွေးလည်း ကျဆင်းလာပြီး အစာအဆိပ်သင့်မှုတွေအထိ ဖြစ်လာနိုင်လို့ ရေခဲသေတ္တာကို မှန်ကန်တဲ့အပူချိန်မှာထားပြီး ရေခဲသေတ္တာကိုလည်း ပုံမှန်ထိန်းသိမ်းသင့်ပါတယ်။

ရေခဲသေတ္တာ အပူချိန်ကို ဘယ်လောက်ထားသင့်သလဲ။

အစားအစာတွေ ကြာရှည်ခံဖို့ အတွက် ထားသင့်တဲ့ ရေခဲသေတ္တာရဲ့ အပူချိန်ကတော့ ၃၅ ဒီဂရီဖာရင်ဟိုက် နဲ့ ၃၈ ဒီဂရီဖာရင်ဟိုက် (၁.၇ ဒီဂရီ ဆဲလ်စီးယပ် ကနေ ၃.၃ ဒီဂရီ ဆဲလ်စီးဆပ်) ဖြစ်ပါတယ်။
ရေခဲသေတ္တာအပူချိန် ကို အထက်ပါ အပူချိန်အတွင်းမှာထားမယ်ဆိုရင် အစားအစာတွေ အရမ်းမအေးခဲသွားဘဲ တာရှည်ပိုခံလာမှာပါ။

ရေခဲသေတ္တာ အပူချိန်ကိုတော့ ၄၀ ဒီဂရီဖာရင်ဟိုက် (၄.၄၄ ဒီဂရီ ဆဲလ်စီးယပ်) ထက် ကျော်အောင် မထားသင့်ဘဲ ဒီထက်ကျော်သွားရင် ဘတ်တီးရီးယားတွေပိုများလာပြီး အစားအစာတွေလည်း လေလွင့်တာတွေ ပိုများလာနိုင်ပါတယ်။

Read more >>> မန္တလေးတွင် အောင်ချက်ရာခိုင်နှုန်း ၃၆.၁၃% ရှိခဲ့ပြီး ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်သူ ၂၂၀ ဦးပေါ်ထွက်

ရေခဲသေတ္တာ အပူချိန်ကို သိပြီးပြီဆိုရင်တော့ နောက်ထပ် ရေခဲသေတ္တာ အမြဲအေးနေအောင်

ပထမဆုံး အချက်ကတော့
၁။ ရေခဲသေတ္တာထဲ အစားအစာတွေ မထည့်ခင် အရင်အေးနေပါစေ။

စွပ်ပြုတ်ပူပူတွေ၊ ဒါမှမဟုတ် ကြက်သားကင်တွေဟာ ရေခဲသေတ္တာတွင်း အပူချိန်ကို ရုတ်တရက် တက်သွားစေနိုင်ပါတယ်။ ဒါဆိုရင် ဘတ်တီးရီးယားတွေလည်း ပိုများလာနိုင်ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာထဲကို ပူတဲ့အစားအစာတွေ မထည့်ခင် အပူတွေ နည်းနည်း လျော့အောင် ခဏလောက်ထားပြီးမှာ ရေခဲသေတ္တာထဲကို ထည့်သင့်ပါတယ်။

၂။ ရေခဲသေတ္တာ အလုံပိတ် Seals တွေကို စစ်ပါ။

ရေခဲသေတ္တာတံခါး ဘေးနားက Gasket တွေဟာ အေးတဲ့လေတွေကို ထိန်းသိမ်းပြီး ပူတဲ့လေတွေကို အပြင်ထုတ်ပေးပါတယ်။ ဒီ Gasket တွေ ပေါက်ပြဲနေတာမျိုး၊ ယိုစိမ့်နေတာမျိုး ဖြစ်နေမယ်ဆိုရင်တော့ ရေခဲသေတ္တာရဲ့ အေးတဲ့လေတွေဟာ အပြင်ထွက်ကုန်မှာပါ။ ဒီလို ဖြစ်ရင် ရေခဲသေတ္တာ အပူချိန်ထိန်းဖို့ ပိုခက်လာပြီး လျှပ်စစ်စွမ်းအင်ပိုကုန်လာနိုင်တာကြောင့် မီတာခတွေ ပိုကုန်လာနိုင်ပါတယ်။

၃။ ရေခဲသေတ္တာတံခါး ခဏခဏ မဖွင့်ပါနဲ့။

ရေခဲသေတ္တာ တံခါးကို ဖွင့်လိုက်တာနဲ့ အေးတဲ့လေတွေ အပြင်ထွက်ကုန်ပြီး လေပူတွေ ပြန်ဝင်ကုန်ပါတယ်။ ဒါကြောင့် လိုအပ်လို့ ဖွင့်တာကတော့ ကိစ္စမရှိပေမဲ့ မလိုအပ်ဘဲ မကြာခဏ ဖွင့်တာမျိုး မလုပ်ဖို့ လိုပါတယ်။

၎။ ရေခဲသေတ္တာကို အပြည့်ထားပါ။

အစားအစာတွေကို shelves တွေ၊ drawers တွေထဲမှာ အပြည့်ထားမယ်ဆိုရင် ရေခဲသေတ္တာရဲ့ အပူချိန်ကို ပုံမှန်ထိန်းသိမ်းနိုင်ပြီး ပိုအေးစေလာမှာပါ။ အဓိကက ရေခဲသေတ္တာအထဲ လေဝင်လေထွက်ပေါက်တွေ မပိတ်အောင်လို့ ပြွတ်သိပ်နေအောင် မထည့်ဖို့ပါပဲ။

Source zeddite

ရေခဲသေတ္တာပြုပြင် ရောင်းဝယ်ရေးလုပ်ငန်းများ >>> https://bit.ly/2Iy4MRz

 


Read 459 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.