Thursday, 06 June 2019 17:38

how-to-make-cashew-milk-dairy-free-nut-milk-6.jpg

တစ်နေ့ကိုတစ်ခွက်လောက် ပုံမှန်သောက်ဖြစ်နေတဲ့ နွားနို့ကို ကြိုက်လို့ပဲသောက်သောက်၊ ကျန်းမာအောင်ဆိုပြီးပဲသောက်သောက် နွားနို့သောက်မယ်ဆိုရင် ဒီအချက်လေးတွေ သိဖို့တော့လိုမယ်နော်။

နွားနို့တစ်ခွက်သောက်လိုက်တိုင်း အဆီဓာတ်၊ ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင်ဒီ၊ ဖော့စဖောရပ်စ်၊ ရေဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်အေ၊ ဗီတာမင် B2၊ နီကာဆင်စသည့် အာဟာရဓာတ်တွေကို အပြည့်အဝရရှိစေမှာပါ။

နွားနို့ကိုဘယ်အချိန်သောက်တာအကောင်းဆုံးလဲဆိုတော့ မနက်ခင်းအစောပိုင်းကလွဲရင် ကျန်တဲ့အချိန်တိုင်းမှာ နွားနို့သောက်လို့ရပါတယ်။

မနက်ခင်းသောက်ရင် အစာကြေခဲပြီး အစာခြေစနစ်ကိုဝန်ပိစေနိုင်ပါတယ်။

နေ့လယ်ခင်းသောက်ရင် ဆီးလမ်းကြောင်းကျောက်တည်တာကို သက်သာစေပြီးအင်အားပြည့်စေပါတယ်။

ညနေခင်းသောက်ရင် မျက်လုံးကျန်းမာစေနိုင်တယ်။

ညအိပ်ခါနီးသောက်ရင် ပင်ပန်းတာကိုသက်သာစေတယ်။ ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်။

နွားနို့က ကျန်းမာရေးအတွက်ကောင်းကျိုးများပေမယ့် လူတိုင်းနဲ့မတည့်ပါဘူး။ နို့သကြားဓာတ်မစုပ်ယူနိုင်သူတွေက နွားနို့မသောက်သင့်ပါဘူး။

အသက် ၈ နှစ်အထက်ကလေးတွေကနေစလို့ လူကြီးတွေဟာတစ်နေ့ကို နွားနို့ ၂ ခွက်သောက်သုံးလို့ရသလို အခြားနို့ထွက်ပစ္စည်းတွေလည်းစားသုံးလို့ရပါတယ်။နွားနို့တိုင်းက အာဟာရပြည့်ဝတဲ့အစားအစာတစ်ခုမှန်ပေမယ့် ပြင်ဆင်ထုတ်ပိုးချိန်မှာ ရောဂါပိုးတွေကပ်ညှိတာမျိုးဖြစ်နိုင်ပါတယ်။

ဒါကြောင့် နွားနို့တိုင်း ဘေးကင်းတယ်၊လို့ မဆိုသာပါဘူး။ နွားနို့သောက်တဲ့အခါ သေချာပိုးသတ်ထားတဲ့ နွားနို့ကို ရွေးချယ်ဖို့လိုပါမယ်။

Read more >>> ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ကြည့်ရှုနိုင်မည့် ကျောင်းများနှင့် ပညာရေးမှူးရုံးများ

ကလေးကိုဘယ်အချိန်မှာ နွားနို့တိုက်လို့ရလဲဆိုတော့ တစ်နှစ်အောက်ကလေးတွေကို နွားနို့မတိုက်သင့်ပေမယ့် တစ်နှစ်ပြည့်ပြီးရင်တော့ နွားနို့တိုက်လို့ရပါပြီ။

တစ်နှစ်ပြည့်ပြီးတဲ့ ကလေးတစ်ယောက်က တစ်နေ့ကို နွားနို့ ၄ ခွက်အထိသောက်လို့ရပါတယ်။နို့ကိုအစိမ်းသောက်လို့လည်းရတယ်နွားနို့ကို သေချာကျက်အောင်ကျိုပြီးသောက်တာက ဘေးအကင်းဆုံးပါ။ ဒါမှ အာဟာရပြည့်ဝပြီး ရောဂါပိုးကင်းတဲ့ နွားနို့တစ်ခွက်ဖြစ်လာမှာပါ။

နွားနို့ဝယ်ရင်သတိထားရမယ့်အရာတွေကထုပ်ပိုးမှုကို သေချာကြည့်ပါ၊ ထုပ်ပိုးမှုက ဘေးကင်းစိတ်ချရရဲ့လားဆိုတာကို သေချာကြည့်ဖို့လိုပါမယ်။

ထုပ်ပိုးမှုက ပွင့်နေတာ၊ ပေါက်ပြဲနေတာမျိုးဆိုရင် ရောဂါပိုးတွေဝင်နေနိုင်တာကြောင့် မသောက်သင့်ပါဘူး။ ကုန်ဆုံးရက်ကို သေချာစစ်ဆေးပြီးမှဝယ်ယူပါ။ ကုန်ဆုံးရက်အရမ်းနီးနေတာမျိုးကို ဖြစ်နိုင်ရင်မဝယ်ပါနဲ့။

ပိုးသတ်ထားလားသေချာစစ်ပါနွားနို့ဝယ်တဲ့အခါ ရောဂါပိုးတွေပါ အဆစ်ပါမလာစေဖို့ သေချာပိုးသတ်ထားတယ်ဆိုတဲ့ နွားနို့မျိုးကိုရွေးချယ်ပါ၊

နွားနို့ကိုတစ်ခါတည်းနဲ့ ကုန်အောင်မသောက်ဖြစ်ဘူးဆိုရင် ဗူးမှာရေးထားတဲ့ သိမ်းဆည်းနည်းကို သေချာဖတ်ပြီးသိမ်းဆည်းပါ။

ရေခဲသေတ္တာထဲ ထည့်ရမှာကိုအခန်းအပူချိန်မှာထားရင် အာဟာရပျက်ပြီး ခန္ဓာကိုယ်ကိုဆိုကျိုးဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် နွားနို့သောက်တဲ့အခါ ကျန်းမာပြီးအာဟာရပြည့်ဝအောင်ဂရုစိုက်ဖို့ လိုပါတယ်နော်။

Source myanmar time


Read 396 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.