Saturday, 25 May 2019 15:18

alcohol.jpg


မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် အရက်သောက်သုံးမှုကြောင့် နှစ်စဉ်လူဦးရေ ၃ဒသမ ၃သန်းကျော် သေဆုံးနေပြီး

၎င်းတို့အနက် ထက်ဝက်ကျော်မှာ ကင်ဆာ အပါအဝင် မကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးနေကြောင်း ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ကြေညာသည့် အချက်အလက်များအရ သိရသည်။

လေ့လာချက်တွေအရ သောက်သုံးမှု အများဆုံးကတော့ အရက်ဖြူပါပဲ။ အရက်ကို နေ့တိုင်းစွဲပြီးသောက်တဲ့သူအများစုက အရက်ဖြူပဲသောက်ကြပြီး ဈေးသက်သာလို့ အများစုသောက်ကြတာပါ။

အရက်ကစွဲသွားရင် ပိုက်ဆံကစကားပြောလာတယ်။ နိုင်ငံခြားက လာတဲ့အရက်တွေဆိုရင်ဈေးကြီးတယ်။ သာမန်ဝင်ငွေရှိတဲ့သူက အရက်ကို ကြိုက်သွား၊ စွဲသွားရင်နေ့တိုင်းသောက်တဲ့အတွက် ဈေးသက်သာပြီး ပြင်းတဲ့အရက်ဖြူသောက်ကြတယ်။

အခုနောက်ပိုင်း အရှေ့တောင်အာရှနိုင်ငံတွေမှာ အရက်သောက်သုံးမှုက မြင့်လာတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က၂၀၀၄ ခုနှစ်နောက်ပိုင်းမှာ အရှေ့တောင် အာရှနိုင်ငံတွေမှာ အရည်အသွေးအားနည်းတဲ့ အရက်တွေ ရှိနေတယ်။

အဲဒါတွေက အရှေ့တောင်အာရှမှာများနေတယ်။ အရည်အသွေးကောင်းတဲ့ အရက်ကို သောက်တဲ့သူက သောက်တဲ့ပမာဏချင်းတူရင်တောင် ကျန်းမာရေး ထိခိုက်နိုင်တဲ့အလားအလာ နည်းသွားတယ်။

အရက်ကိုထုတ်လုပ်ရင် အရည်အသွေးကို စစ်ဆေးဖို့ အစိုးရတာဝန်ရှိတယ်ဆိုတာ ထောက်ပြတာပေါ့။

မြန်မာမှာ အမျိုးသား၊ အမျိုးသမီး၊ လူငယ်တွေမှာ အရက်သောက်သုံးမှုနှုန်း တစ်ရှိန်ထိုးမြင့်တက်နေပြီး အရက်သောက်သုံးမှုတွေရဲ့ ၇ဝ ရာခိုင်နှုန်းမှာ တရားဝင်တင်သွင်းထားခြင်းမရှိတဲ့ အရည်အသွေးမမီအရက်တွေဖြစ်နေ
တယ်လို့သိရပါတယ်”ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မကူးစက်နိုင်သောရောဂါများကြောင့် နှစ်စဉ်လူဦးရေ ၄၁ သန်း သေဆုံးလျက်ရှိပြီး တစ်ကမ္ဘာလုံး သေဆုံးမှု၏ ၇၁ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ၎င်းတို့အနက်အသက် ၃ဝ မှ ၆၉ နှစ်ကြား လူဦးရေ ၁၅သန်း နှစ်စဉ် သေဆုံး လျက်ရှိပြီး

ထိုသို့အရွယ်မတိုင်မီသေဆုံးမှုများ ၏ ၈၅ ရာခိုင်နှုန်းသည် ဝင်ငွေနည်းပါးသည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကြောင်းနှင့် အဓိကသေဆုံးရသည့်အကြောင်းရင်းများမှာ နှလုံးနှင့်သွေးကြောရောဂါများ၊ ကင်ဆာ၊ နာတာရှည်အဆုတ်ရောဂါနှင့် ဆီးချိုရောဂါ စသည်တို့ကြောင့်ဖြစ်ကြောင်း သိရသည်။

Read more>>>ယခုနှစ်တွင် ကျောင်းဝတ်စုံများကို Online မှတစ်ဆင့် ဝယ်ယူသူ ပိုမိုများပြား

လက်ရှိကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မကူးစက်နိုင်သောရောဂါများ ဖြစ်စေနိုင်သည့်အဓိကအကြောင်းအရာများကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်လျှော့ချနိုင်ရန် သီးသန့်စီမံချက်တစ်ခုဖွဲ့စည်း လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု၊

အရက်အလွန်အကျွံသောက်သုံးမှု၊ အဆီ၊ အငန်နှင့် အချိုလွန်ကဲစွာ စားသုံးမှု၊ ဘေးအန္တရာယ်ရှိသောဆိုးဆေးနှင့် ဓာတုပစ္စည်းများပါဝင်သော စားသောက်ကုန်များစားသုံးမှု၊

ကိုယ်လက်လှုပ်ရှားနည်းပါးသော ဘဝနေထိုင်မှုပုံစံ စသည့်မကူးစက်နိုင်သော ရောဂါများကိုဖြစ်စေနိုင်သည့်အဓိက အကြောင်းအရာများကို ပိုမိုထိရောက်စွာကာ ကွယ်ထိန်းချုပ်လျှော့ချနိုင်ရေးအတွက် သီးသန့်စီမံချက်တစ်ခုဖွဲ့စည်း တည်ထောင်လုပ် ဆောင်မည်ဖြစ်ကြောင်း သိရသည်။

Source daily eleven

 


Read 224 times Last modified on Saturday, 25 May 2019 15:59
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.