Friday, 24 May 2019 17:01

good-health.jpg


အားကစားခန်းမကို တစ်လ ဘယ်လောက်သွင်း၍ ငွေအကုန်ခံမဲ့အစား ၁နာရီကြာတိုင်း ၂မိနစ်ခန့် ထလမ်းလျှောက်လိုက်ခြင်းဖြင့် သွေးတွင်းသကြားဓာတ် ပမာဏ (Blood Sugar Level) ကို လျှော့ချလိုက်ပါ။

ဗီတာမင် D အားဆေးစားခြင်း ဖြစ်စေ သို့မဟုတ် နံနက် ၇ နာရီ နေရောင်ခြည် အောက်လမ်းလျှောက်ခြင်း ဖြစ်စေပြုလုပ်ခြင်းက သင့်အရေပြားနှင့်နေရောင်ထိပြီး၊

ဗီတာမင် D များ သင့်ခန္ဓာကိုယ်ထဲ ရရှိစေတာမို့ ငွေအကုန်မခံဘဲ သွေးဓာတ်မတည့် ရောဂါများနှင့် အူမကြီးကင်ဆာလိုရောဂါများ၊ နှလုံးရောဂါများ ကာကွယ်လိုက်ပါ။

ရယ်မောခြင်းဟာ စိတ်ဖိစီးမှုများ လျော့ကျစေတာကြောင့် စိတ်ဖိစီးစေတဲ့ ဟော်မုန်းများလည်း နည်းပါးစေသလို၊

သွေးလွှတ်ကြောများ ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။

အသက်ကြီးသူများ ပတ်ဝန်းကျင် ပူလောင်လို့ မျက်စိထဲ ရေဓာတ် ခန်းမနေရအောင် ရေများများ သောက်ကြပါ။

Read more>>>တစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေး မြန်မာငွေကျပ် ၂၂,၅၀၀ ထိ ပြန်လည် ကျဆင်းနေ

အဆစ်အမျက်ရောင်ပြီး နာကျင်ကိုက်ခဲမှု တတ်နိုင်သမျှ လျှော့ချရန် အကွေး၊ အဆန့် လေ့ကျင့်ခန်း တစ်နေ့လျှင် နံနက် တစ် ကြိမ်၊ ညတစ်ကြိမ် လုပ်ပါ။ တစ်ခါလုပ်ရင် ၁၀ ကြိမ် လေ့ကျင့်ပါ။

ပူ၍ အအေးပေးစက်ဖွင့်ခြင်း၊ ပန်ကာဖွင့်၍ အိပ်ခြင်းရှိပါက အိပ်ပျော်သွားတဲ့အခါ ကြာရင် အအေးမိ၍ လည်ချောင်းနာတတ်ပါတယ်။

ဗီတာမင် C ရအောင် ကင်မွန်းချဉ်၊ မန်ကျည်းရွက်၊ သရက်သီးစိမ်း၊ နာနတ်သီး၊ သံပရာ စတဲ့ အသီးအရွက်များကို နေ့စဉ်စားပါ။

နှစ်ချိုက်စွာ အိပ်စက်ပါ။ မျက်စိအမြင်အား ပိုကောင်းဖို့အတွက် ဗီတာမင် A ကိုပဲ စားပါ။

 

Source Health journal 

 


Read 196 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.