Tuesday, 21 May 2019 17:02

lemon.jpg

သံပုရာသီးကို နည်းလမ်းမှန်မှန်ကန်ကန်နဲ့ အသုံးပြုမယ်ဆိုရင် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။

၁။ လှပတဲ့မျက်နှာလေးမှာ တင်းတိတ် နဲ့ အမည်းစက်တွေကို ဖယ်ရှားဖို့ဆိုရင်

တင်းတိတ်နဲ အမည်းစက် ကင်းစင်စေဖို့ဆိုရင် သံပရာသီး၊ ပျားရည် ရှိရုံနဲ့ လုံလောက်ပါတယ်။ သံပုရာသီး ထပ်ခြမ်းစိပ်ကို ပျားရည် သုံးလေးစက်ခန့် ထည့်ပြီး မျက်နှာပြင်တစ်ဝိုက် ပွတ်တိုက်ပေးပါ။

အဖုအပိမ့်နဲ့ ၀က်ခြံရှိတဲ့ နေရာတွေကို ထပ်ခါတိုက်ပေးပါ။ ငါးမိနစ်ခန့်ကြာလျှင် ရေအေးနဲ့ မျက်နှာသစ်ပါ။

သံပရာသီးလေးက မျက်နှာပြင်ပေါ်က အမည်းစက်တွေကို မှေးမှိန်စေတဲ့ သတ္တိရှိပြီး ပျားရည်ကတော့ မျက်နှာမှာရှိတဲ့ အစိုဓာတ်ကို ထိန်းထားပေးပါတယ်။ ချက်ချင်းပဲ သင့်ရဲ့မျက်နှာမှာ အကျိုးထူးလာတာကို တွေ့ရပါလိမ်မယ်။

၂။ ချိုင်းမည်းနေလို့ ချိုင်းပြတ်ဝတ်တဲ့အခါ စိတ်ညစ်နေရတယ်ဆိုရင်

ချိုင်းမည်းနေတယ်ဆိုရင် သံပုရာသီး တစ်ခြမ်းဖြင့် ချိုင်းကို ပွတ်တိုက်ပြီး အချိန်ခဏကြာပါက ရေနဲ့ စင်အောင်ဆေးကြောပေးပါ။

ချိုင်းမည်းနေတာ တစ်နေ့နဲ့ မပျောက်သွားဘူးဆိုရင်တော့ ပျောက်ကင်းတဲ့အထိ နေ့တိုင်း ပွတ်တိုက်ပေးပါက ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။

၃။ လက်သည်း ဆေးစွန်းတာ ဖျောက်ချင်ရင်

ဗင်နီဂါအဖြူ ဇွန်းတစ်ဝက်နဲ့ ရေနွေးတစ်ဝက် ရောပြီး (သို့) သံပုရာရည်သုံးပြီး လက်သည်း၊ခြေသည်းကို ၁၀မိနစ်ခန့် စိမ်ပါ။ ပြီးရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက် ဆေးကြောပါ။

ဒီနည်းဟာ လက်သည်းဆေးစွန်းရာ ပျောက်ပြီး လက်သည်းကို ကျန်းမာ တောက်ပြောင်စေပါတယ်။

၎။ တံတောင်ဆစ်မည်းလာလို့ စိတ်ညစ်နေရင်

ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းရွက်ဆီနဲ့ရော ပြီးရင် သံပုရာရည်အနည်းငယ် ထပ်ပေါင်းကာ တံတောင်ဆစ်တွေ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်ပေးပါ။ ဖြည်းဖြည်းချင်း သက်သာလာပါလိမ်မယ်။

၅။ ဆံပင်ကျွတ်ခြင်း၊ ဦးရေပြားယာယံခြင်းကို ကာကွယ်ဖို့ဆိုရင်

အုန်းရည်လေးဇွန်း (စားပွဲတင်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်းစေပါတယ်။

ကြက်ဥအကာရည်နဲ့ သံပုရာရည် (သံပုရာသီးတစ်လုံးစာ)ကို ရောစပ်ပြီး ဆံနွယ်အမြစ်ကနေ လိမ်ပေးပါ။ တစ်နာရီခန့် အကြာမှာ ရေပြန်ဆေးပါ။ ၁လလောက် လုပ်ပေးရုံနဲ့ ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။

၆။ အသားအရေ ခြောက်သွေ့နေလျှင်

အသားအရေ ခြောက်သွေ့တယ်ဆိုရင် ငှက်ပျောသီးတစ်လုံးကို ချေပြီး သံပုရာရည်အနည်းငယ်နဲ့ ရောစပ်ပေးပါ။ ခြောက်တွေ့တဲ့ နေရာတွေကို လိမ်းပေးပါက အသားအရေကို ချောမွေ့သန့်ရှင်းစေပါတယ်။

Read more>>>ယခုနှစ် မူလတန်းအဆင့် ခလေးများအတွက် ကျောင်းဝတ်စုံ ထောက်ပံ့ပေးဖို့ ဘတ်ဂျက်ပိုင်းမှာ အားနည်းမှုတချို့ ရှိနေ

၇။ နှုတ်ခမ်းကွဲတယ်ဆိုရင်

မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) နဲ့ သံပုရာရည်၊ ပျားရည်တို့ကို ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးပါ။ ပျောက်ကင်းသွားပါလိမ့်မယ်။

၈။ ခံတွင်း ကျန်းမာရေးအတွက်ဆိုရင်

သံပုရာသီးဟာ သွားကို ဖြူစင်စေပါတယ်။ သံပုရာသီးကို ဆား(တစ်ကော်စာ)နဲ့ ရောပြီး သွားကိုပွတ်ပေးပါ။ အနည်းငယ် သွားကျင်ပေမယ့် သွားများ တောက်ပြောင်ပြီး ခံတွင်းနံ့ကိုပါ ပျောက်ကင်းစေပါတယ်။

တန်ဖိုးကြီးတဲ့ Cosmetic ပစ္စည်းတွေမှ သင့်ကို လှပစေတာ မဟုတ်ပါဘူး။ သံပုရာသီးဟာလည်း သင့်ကို အန္တရာယ်ကင်းရှင်းစွာ နုပျိုလှပစေဖို့ ကူညီပေးနိုင်ပါတယ်နော်။

Source thazin media


Read 525 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.