Tuesday, 21 May 2019 09:27

walk.jpg


ခပ်သွက်သွက် လမ်းလျှောက်သူများသည် ကိုယ်ခန္ဓာအလေးချိန် မည်မျှရှိသည်ဖြစ်စေ နှေးကွေးလေးလံစွာ လျှောက်တတ်သူများနှင့် နှိုင်းယှဉ်ပါက ပျမ်းမျှဘဝသက်တမ်း ပိုရှည်နိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များကဆိုသည်။


ဗြိတိန်နိုင်ငံ လက်ဆက်စတာ တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာချက်အရ လမ်းသွက်သွက်လျှောက်သူ အမျိုးသမီးများ၏ ပျမ်းမျှဘဝသက်တမ်းသည် ၈၆ ဒသမ ၇နှစ်နှင့် ၈၇ ဒသမ ၈နှစ် ကြားတွင်ရှိပြီး

အမျိုးသားများမှာမူ ၈၅ ဒသမ ၂နှစ် နှင့် ၈၆ ဒသမ ၈နှစ် ကြားတွင်ရှိကြောင်း သိရသည်။

သို့ရာတွင် နှေးကွေးလေးလံစွာ လျှောက်တတ်သည့် အမျိုးသမီးများ၏ ပျမ်းမျှဘဝသက်တမ်းမှာ ၇၂ ဒသမ ၄နှစ်သာရှိပြီး

အမျိုးသားများ မှာ ၆၄ ဒသမ ၈နှစ်သာရှိကြောင်း သိရသည်။

Read more>>>(၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကျင်းပခဲ့

ဗြိတိန်သုတေသန ပညာရှင်များသည် ပျမ်းမျှအသက် ၅၂နှစ် ရှိသည့် လူပေါင်း ၅ဝဝဝဝဝခန့် ကို လေ့လာပြီးနောက် လမ်းလျှောက်မှုနှင့် ပျမ်းမျှဘဝသက်တမ်းတို့ကြား အဆက်အစပ်ရှိကြောင်း တင်ပြခဲ့သော်လည်း မည်သို့မည်ပုံ ဆက်စပ်နေသည်ဟု ဖော်ထုတ်နိုင်မှုမရှိသေးကြောင်း သိရသည်။

Source yadanar bon news


Read 318 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.