Monday, 10 August 2015 13:59

အမရာမောင် (ခ) မင်းမောင်  

မိတ်ကပ်၊ ဆံပင်အလှပြုပြင်ရေး

 

 

 

အမရာမောင် (ခ) မင်းမောင် မိတ်ကပ်၊ ဆံပင်အလှပြုပြင်ရေးဆိုင်တွင် မင်္ဂလာ အခမ်းအနားအတွက် သတို့သမီး၊ သတို့သား၊ အရံများ၊ ပန်းကြဲတို့အပြင် နှစ်ဖက်ဆွေမျိုး မိဘများအား မိတ်ကပ်လိမ်းခြယ်ပေးခြင်း၊ ဘွဲ့ယူမည့်သူမျာ်း ၊ ရှုတင်သွားမည့် မင်းသမီး များနဲ့ မင်းသားအတွက်ပါ မိတ်ကပ်လိမ်းခြယ်ပေးခြင်းတို့ကို စိတ်တိုင်းကျဆောင်ရွက်ပေးနေ ပါတယ်။ ဆိုင်တွင်အလှပြင်မယ့်သူတွေနဲ့ မိမိတို့ အိမ်နေရာမှာပဲ အလှပြင်မယ့် သူတွေအနေ နဲ့ တစ်လအလိုနှင့် တစ်ပတ်အလိုတွင် အမရာမောင် အလှပြုပြင်ရေးဆီသို့ ကြိုတင်ရက်ချိန်း ရယူဖုန်းဆက်နိုင်ပါတယ်။ ဒါမှလည်း မိမိတို့ ဆင်နွှဲမယ့် မင်္ဂလာရက်နဲ့ အခြားသတ်မှတ်ရက် များအတွက်အဆင်ပြေလွယ်ကူစေမှာပါ။

 

 

သတို့သမီးမိတ်ကပ်အတွက် ၈၀,၀၀၀ ကျပ်၊ ပန်းကြဲမိတ်ကပ်အတွက် ၄၀,၀၀၀ ကျပ်၊ အရံနှင့် ဆွေမျိုးမိဘတွေအတွက် တစ်ဦးလျှင် ၂၅,၀၀၀ ကျပ် ကျသင့်ပါတယ်။ ဘွဲ့ယူမယ့်သူတွေအနေနဲ့ ပထမနေ့မိတ်ကပ် ၂၅,၀၀၀ ကျပ် ကျသင့်ပြီးဒုတိယနေ့ တွင် ၄၀,၀၀၀ ကျပ် ကျသင့်မှာပါ။

 

 

သီတင်းကျွတ်ကာလနှင့် ဘွဲ့ရာသီမှာ အမရာမောင်မိတ်ကပ်တွင် လာရောက်သူ များပြီးမိုးရာသီမှာတော့ မိတ်ကပ်သင်တန်းဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ စိတ်ဝင်စား သူတွေအတွက် သင်တန်းကြေးမှာ တစ်ယောက်လျှင် ၄၀၀,၀၀၀ ကျပ် ဖြင့် သုံးလပြတ်သင် တန်းကိုတက်ရောက်နိုင်ကာ နယ်မှ လာသူတွေအတွက် နေစရာအခန်းစီစဉ်ပေးပါတယ်။

 

 

ဆိုင်ဖွင့်ချိန် - နံနက် ၉ နာရီမှ ည ၇ နာရီအထိ

ဆိုင်တည်နေရာ - ၂၂ × ၂၃ လမ်းကြား၊ ၈၇ × ၈၈ လမ်းကြား၊ အင်းဘဲရပ်၊ ရွှေရတနာတိုက်တန်း၊ မနလေးမြို့။

ဖုန်း - ၀၉-၉၁၀၄၂၀၃၉၊ ၀၉-၄၀၂၅၇၇၃၂၀

 


Read 1314 times Last modified on Monday, 10 August 2015 14:35
Rate :
(3 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.