Thursday, 23 July 2015 16:36

Organic Nail Art

ဖွင့်လှစ်တာ ၁၀ နှစ်ကျော်ရှိပြီဆိုတဲ့ Organic Nail Art က မနလေးမြို့မှာ ဖွင့်လှစ်ထားတာ ပါ။ ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ Nail Art ကို နောက်ဆုံးပေါ်ဒီဇိုင်းအထိ အမျိုးအစားစုံစွာ ရနိုင်ပြီး အ၀တ်အစားအဆင်ကိုလိုက်ပြီး ပြုလုပ်ပေးနေပါသေးတယ်။ ဒီအတွက် ဈေးနှုန်းပို ယူတာမျိုး မရှိပါဘူး။

ဖန်စီပုံ၊ ချစ်စရာကောင်းတဲ့ပုံမျိုး ပြုလုပ်တာများပြီး စိန်စီဖောင်းကြွ၊ မင်္ဂလာဆောင်အတွက် လည်း လာရောက် ပြုလုပ်ကြပြီး အခုနောက်ပိုင်း လက်သည်းအစစ်ထက် လက်သည်းအတု ကပ်ကာ အဲဒီအပေါ်မှာ Nail Art ပြန်ဆွဲတာမျိုးတွေ လုပ်လာကြတယ်လို့ သိရပါတယ်။

လက်မှုပညာလို့ ပြောလို့ရတဲ့ Nail Art အတွက် လက်သည်းတစ်ခုလျှင် ကျပ် ၄၀၀ ကျသင့်ပြီး ပါဝင်တဲ့ ပစ္စည်းပေါ်မူတည်ကာ ကျပ် ၅၀၀၊ ကျပ် ၆၀၀ ကျသင့်တယ်လို့ သိရပါတယ်။ ဥပမာ- စိန်စီကပ်တာမျိုးမှာ အရေအတွက်ပေါ်မူတည်ပြီး ဈေးနှုန်းကျသင့်တာပါ။ ကုန်ကြမ်းကိုတော့ ထိုင်း၊ တုတ်၊ ကိုရီးယားနဲ့ US က ပစ္စည်းတွေ သုံးတာဖြစ်ပါတယ်။အများစုက မပျက်လွယ် တဲ့ ခြေသည်းကို လာရောက် ပြုလုပ်ကြပြီး အပျက်လွယ်တဲ့ လက်ကိုတော့ ပွဲရှိမှပဲ လာလုပ် ကြတာများတယ်လို့ သိရပါတယ်။ ခြေသည်း Nail Art ကတော့ တစ်လကျော် တာရှည်ခံပြီး ရေထိရတဲ့လက်ကတော့ နှစ်ပတ်နီးပါးခန့်တာရှည်ခံ ကာ ရေသိပ်မသုံးရတဲ့သူဆို ရင်တော့  ခြေသည်းနီးပါးခံတယ်လို့သိရပါတယ်။

သီတင်းကျွတ်၊ သကြန်ကာလတွေမှာ လူလာများပြီး အခုနောက်ပိုင်း Nail Art ၊ Hair  Style ခေတ်ဖြစ်တာဖြစ်လို့ Customer တွေကတော့ မပြတ်ပါဘူးတဲ့။ ဒီဆိုင်မှာ Nail Art အပြင် Cleansing ၊ Foot Massage၊ ဖယောင်းသွင်း၊ အမွှေးအမျှင် Waxing လုပ်ပေး တာတွေပါ ရနိုင်ပါတယ်။ ပင်ရင်းဆိုင်ကတော့ အမှတ် ၁၈၂၊ ၂၉လမ်း၊ ၇၉နဲ့ ၈၀ ကြား၊ ချမ်းအေးသာစံ မြို့နယ်ဖြစ်ပြီး ဆိုင်ခွဲ ၂ ကတော့ အမှတ် ၅၉၃၊ ၈၁ လမ်း၊ ၃၉ နဲ့ ၄၀ ကြား  ဖြစ်ပါတယ်။

ရန်ကုန်ကတော့ အမှတ် ၃၇၊ ရှင်စောပုဘုရားလမ်း၊ စမ်းချောင်းမြို့နယ်၊ ဆိုင်ခွဲ ၂ - အမှတ် B-1 ၊ (56/57) ၊ တော်ဝင်စင်တာ၊ ပြည်လမ်း၊ ဒဂုံမြို့နယ် ဖြစ်ပါတယ်။


Read 3438 times Last modified on Thursday, 23 July 2015 17:06
Rate :
(3 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.