Monday, 14 September 2020 12:21

clinic.jpg

by Win May May Htay

(၂၀၂၀) နှစ်ဆန်းပိုင်းမှစ၍ စတင်ပြန့်နှံ့ ဖြစ်ပွားလျက်ရှိသော Covid-19 ကပ်ရောဂါသည် တစ်ကမ္ဘာလုံးတွင် ကူးစက်ပြန့်နှံ့လျက်ရှိပြီး ယခုအချိန်အထိ ကူးစက်မှုနှုန်း တစ်ရိပ်ရိပ် မြင့်တက်လျက်ရှိသော ကမ္ဘာ့ကပ်ရောဂါတစ်ခု ဖြစ်သည်။


မြန်မာနိုင်ငံတွင်လည်း COVID-19 ထိန်းချူပ်ကာကွယ် ကုသရေးအတွက် အစိုးရအဖွဲ့ဝင်များမှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး မြို့နယ်အလိုက် Stay at home အစီအစဉ်များ၊ Semi Lockdown, Lockdown မြို့နယ်များ စသဖြင့် ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းစေရန် ကြိုးပမ်းလျက် ရှိသည်။

မန္တလေးတိုင်းတွင်လည်း မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံ ဆရာဝန်များအသင်း COVID-19 Response Team နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ မန္တလေးတိုင်းအတွက် ဖျားနာကုသရေး ဆေးခန်းများကို မြို့နယ်အလိုက် စီစဉ်ထားလျက် ရှိသည်။

ထိုဆေးခန်းများ၏ တည်နေရာများနှင့် ဖုန်းနံပါတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဆေးခန်း (၁) ချမ်းမြသာစည် မြို့နယ်
လိပ်စာ - (၁၀၇) လမ်း၊ ၅၅ x ၅၆ လမ်းကြား၊ အောင်သာယာဈေးအရှေ့၊ ထွန်တုံးကျန်းမာရေးဌာနခွဲ။
ဖုန်း - ၀၉ ၂၆၀ ၉၈၁ ၀၅၃ ၊ ၀၉ ၈၈၆ ၂၅၃ ၉၂၄

ဆေးခန်း (၂) အောင်မြေသာစံ မြို့နယ်
လိပ်စာ - (၁၂) လမ်း၊ ၇၅ x ၇၆ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ ပြည့်သူ့ကျန်းမာရေး ဦးစီးဌာနရုံး။
ဖုန်း - ၀၉ ၂၆၀ ၉၈၁ ၀၅၄ ၊ ၀၉ ၈၈၆ ၂၅၃ ၉၂၅

ဆေးခန်း (၃) ပြည်ကြီးတံခွန် မြို့နယ်
လိပ်စာ - (၇၈) လမ်း၊ လေးမျက်နှာဘုရားနှင့် တံခွန်တိုင်အဝိုင်းကြား၊ တံခွန်တိုင်။
ဖုန်း - ၀၉ ၈၈၆ ၂၅၃ ၉၂၃

ဆေးခန်း (၄) ချမ်းအေးသာစံ မြို့နယ်
လိပ်စာ - (၃၀) လမ်း၊ ၇၄ x ၇၇ လမ်းကြား၊ MGH, Fever Clinic, ERC (မန္တလေး ပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာဌာန)၊ ချမ်းအေးသာစံ မြို့နယ်။

ဆေးခန်းများအား နေ့စဉ် နံနက် (၉)နာရီမှ (၁၁)နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပြီး ဖျားနာခြင်းများနှင့် ပတ်သက်၍ ဆွေးနွေးလိုသူ၊ အကြံဉာဏ် တောင်းလိုသူနှင့် ကုသလိုသူများအား စေတနာရှင် လုပ်အားပေးဆရာဝန်များအဖွဲ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဆွေးနွေး အကြုံပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။


Read 50 times Last modified on Monday, 14 September 2020 12:28
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.