Friday, 04 September 2020 11:17

side_effect.jpeg

by Win May May Htay

ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ၏ ထုတ္ျပန္ေၾကညာခ်က္အရ COVID-19 ေရာဂါ ကူးစက္ျခင္း ခံရသူမ်ားအနက္ ေရာဂါ၏ဒဏ္ကို ျပင္းထန္စြာ ခံစားရသူမ်ားသည္ အထူးၾကပ္မတ္ေဆာင္တြင္ ကုသမႈမ်ား ခံယူရကာ အခန႔္မသင့္လွ်င္ အသက္ေသဆုံးသည္အထိ ျဖစ္ပြားႏိုင္ေၾကာင္း သိရသည္။

ထိုသို႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူမ်ားသည္ ေရရွည္တြင္ ဆိုး႐ြားေသာ ေနာက္ဆက္တြဲ ေရာဂါမ်ား ျဖစ္ေပၚေစႏိုင္ပါသည္။ ထိုဆိုးက်ိဳးမ်ားမွာ …

၁။ ႏွလုံးႂကြက္သားမ်ား ထိခိုက္ပ်က္ဆီးေစေသာေၾကာင့္ ေရရွည္တြင္ ႏွလုံး ေကာင္းမြန္စြာ အလုပ္မလုပ္ႏိုင္ျခင္းႏွင့္ ႏွလုံးေရာဂါအမ်ိဳးမ်ိဳး ခံစားရေစျခင္း၊

၂။ အဆုတ္အတြင္းရွိ ေလအိတ္ငယ္မ်ားကို ပ်က္ဆီးေစေသာေၾကာင့္ အဆုတ္တြင္ အမာ႐ြတ္မ်ား က်န္ကာ အသက္ရႈရ ခက္ခဲလာျခင္းႏွင့္ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ား ျဖစ္ပြားေစႏိုင္ျခင္း၊ 

Inn-ArrAgricultural-Chemical-Dealers_1237.png

၃။ ကူးစက္ခံရသူသည္ အသက္ငယ္သူ ျဖစ္သည့္တိုင္ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာစနစ္ကို ထိခိုက္ေစႏိုင္ေသာေၾကာင့္ ေလျဖတ္ေရာဂါ၊ အတက္ေရာဂါ၊ အေၾကာေသေရာဂါ (Guillain-Barre Syndrome) စသည္တို႔ ျဖစ္ပြားေစျခင္း၊ ထို႔အျပင္ ေျခတုန္လက္တုန္ျခင္း ျဖစ္ပြားသည့္ (Parkinson) ေရာဂါ၊ မွတ္ဉာဏ္ဆုံးရႈံးသည့္ (Alzheimer) ေရာဂါ စသည္တို႔ ျဖစ္ပြားႏိုင္ေျခ ျမင့္တက္ေစျခင္း၊

၄။ ခႏၶာကိုယ္ရွိ ေသြးေၾကာမ်ားအတြင္း ေသြးခဲျခင္းမ်ား ျဖစ္ေပၚ၍ ဦးေႏွာက္ေသြးခဲျခင္း၊ ႏွလုံးေသြးေၾကာမ်ား ပိတ္ျခင္း၊ ေျခေထာက္ေသြးျပန္ေၾကာမ်ား ပိတ္ဆို႔ျခင္း (Deep Vein Thrombosis) စသည့္ ေရာဂါမ်ားအျပင္ အသည္းႏွင့္ ေက်ာက္ကပ္ေရာဂါမ်ား ျဖစ္ပြားေစႏိုင္ျခင္း၊

၅။ ကူးစက္ခံရသူသည္ ပိုးကင္းစင္၍ ေရာဂါလကၡဏာမ်ား ျပန္လည္သက္သာလာခဲ့ေသာ္လည္း အထူးၾကပ္မတ္ ကုသေဆာင္တြင္ ကာလရွည္ၾကာ သီးျခားခြဲ၍ ကုသမႈ ခံယူရျခင္းေၾကာင့္ စိတ္က်ေရာဂါ ခံစားရေစျခင္း၊ စိုးရိမ္ပူပန္စိတ္ မ်ားလာျခင္း စသည့္ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈတို႔ကို ခံစားရေစႏိုင္ျခင္း၊

Kaung-MyatPickle-Tea-Leaves--Assortments_0004_1.png

၆။ ကူးစက္ခံရသူမ်ားသည္ သက္ႀကီး႐ြယ္အို အဘိုးအဘြားမ်ားႏွင့္ ဆီးခ်ိဳေရာဂါကဲ့သို႔ နာတာရွည္ေရာဂါ ရွိသူမ်ား ျဖစ္ပါက အလြန္အမင္း ေမာပန္းေစျခင္း၊ ေခ်ာင္းဆိုး၍ အသက္ရႉရ ခက္ခဲျခင္း၊ ေခါင္းကိုက္ျခင္း၊ အဆစ္အျမစ္မ်ား နာက်င္ကိုက္ခဲျခင္း စသည့္ ေရာဂါလကၡဏာမ်ားကို ပိုမိုျပင္းထန္စြာ ကာလရွည္ၾကာ ခံစားရေစျခင္း၊

စသည့္ တရားဝင္ အတည္ျပဳၿပီးေသာ ဆိုးက်ိဳးမ်ားအျပင္ အသစ္ထပ္မံ ျဖစ္ေပၚလာႏိုင္ေသာ ဆိုးက်ိဳးမ်ားစြာကိုပါ ခံစားရေစႏိုင္ပါသည္။

ျမန္မာႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရေသာ ပထမဆုံး လူနာေပၚထြက္လာသည့္ မတ္လ (၂၃) ရက္ေန႔မွ စတင္၍ ယေန႔ စက္တင္ဘာလ (၃) ရက္ေန႔ မြန္းလြဲ (၁၂း၀၀) နာရီအထိ ကူးစက္ခံရသူေပါင္း (၁၀၅၈) ဦး ရွိေနၿပီျဖစ္ၿပီး ေသဆုံးလူနာ (၆) ဦးႏွင့္ ကုသမႈခံယူၿပီး ေရာဂါကင္းစင္လာသူ (၃၅၉) ဦး ရွိေၾကာင္း သိရသည္။

Source From MOHS

Chan-SeinAir-Conditioning-Equipment-Sales--Repair_0404.png

==============================

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ကြေညာချက်အရ COVID-19 ရောဂါ ကူးစက်ခြင်း ခံရသူများအနက် ရောဂါ၏ဒဏ်ကို ပြင်းထန်စွာ ခံစားရသူများသည် အထူးကြပ်မတ်ဆောင်တွင် ကုသမှုများ ခံယူရကာ အခန့်မသင့်လျှင် အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ထိုသို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများသည် ရေရှည်တွင် ဆိုးရွားသော နောက်ဆက်တွဲ ရောဂါများ ဖြစ်ပေါ်စေနိုင်ပါသည်။ ထိုဆိုးကျိုးများမှာ …

၁။ နှလုံးကြွက်သားများ ထိခိုက်ပျက်ဆီးစေသောကြောင့် ရေရှည်တွင် နှလုံး ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ခြင်းနှင့် နှလုံးရောဂါအမျိုးမျိုး ခံစားရစေခြင်း၊

၂။ အဆုတ်အတွင်းရှိ လေအိတ်ငယ်များကို ပျက်ဆီးစေသောကြောင့် အဆုတ်တွင် အမာရွတ်များ ကျန်ကာ အသက်ရှုရ ခက်ခဲလာခြင်းနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားစေနိုင်ခြင်း၊

Inn-ArrAgricultural-Chemical-Dealers_1237.png

၃။ ကူးစက်ခံရသူသည် အသက်ငယ်သူ ဖြစ်သည့်တိုင် ဦးနှောက်နှင့် အာရုံကြောစနစ်ကို ထိခိုက်စေနိုင်သောကြောင့် လေဖြတ်ရောဂါ၊ အတက်ရောဂါ၊ အကြောသေရောဂါ (Guillain-Barre Syndrome) စသည်တို့ ဖြစ်ပွားစေခြင်း၊ ထို့အပြင် ခြေတုန်လက်တုန်ခြင်း ဖြစ်ပွားသည့် (Parkinson) ရောဂါ၊ မှတ်ဉာဏ်ဆုံးရှုံးသည့် (Alzheimer) ရောဂါ စသည်တို့ ဖြစ်ပွားနိုင်ခြေ မြင့်တက်စေခြင်း၊

၄။ ခန္ဓာကိုယ်ရှိ သွေးကြောများအတွင်း သွေးခဲခြင်းများ ဖြစ်ပေါ်၍ ဦးနှောက်သွေးခဲခြင်း၊ နှလုံးသွေးကြောများ ပိတ်ခြင်း၊ ခြေထောက်သွေးပြန်ကြောများ ပိတ်ဆို့ခြင်း (Deep Vein Thrombosis) စသည့် ရောဂါများအပြင် အသည်းနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားစေနိုင်ခြင်း၊

၅။ ကူးစက်ခံရသူသည် ပိုးကင်းစင်၍ ရောဂါလက္ခဏာများ ပြန်လည်သက်သာလာခဲ့သော်လည်း အထူးကြပ်မတ် ကုသဆောင်တွင် ကာလရှည်ကြာ သီးခြားခွဲ၍ ကုသမှု ခံယူရခြင်းကြောင့် စိတ်ကျရောဂါ ခံစားရစေခြင်း၊ စိုးရိမ်ပူပန်စိတ် များလာခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတို့ကို ခံစားရစေနိုင်ခြင်း၊

Kaung-MyatPickle-Tea-Leaves--Assortments_0004_1.png

၆။ ကူးစက်ခံရသူများသည် သက်ကြီးရွယ်အို အဘိုးအဘွားများနှင့် ဆီးချိုရောဂါကဲ့သို့ နာတာရှည်ရောဂါ ရှိသူများ ဖြစ်ပါက အလွန်အမင်း မောပန်းစေခြင်း၊ ချောင်းဆိုး၍ အသက်ရှူရ ခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း စသည့် ရောဂါလက္ခဏာများကို ပိုမိုပြင်းထန်စွာ ကာလရှည်ကြာ ခံစားရစေခြင်း၊

စသည့် တရားဝင် အတည်ပြုပြီးသော ဆိုးကျိုးများအပြင် အသစ်ထပ်မံ ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများစွာကိုပါ ခံစားရစေနိုင်ပါသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော ပထမဆုံး လူနာပေါ်ထွက်လာသည့် မတ်လ (၂၃) ရက်နေ့မှ စတင်၍ ယနေ့ စက်တင်ဘာလ (၃) ရက်နေ့ မွန်းလွဲ (၁၂း၀၀) နာရီအထိ ကူးစက်ခံရသူပေါင်း (၁၀၅၈) ဦး ရှိနေပြီဖြစ်ပြီး သေဆုံးလူနာ (၆) ဦးနှင့် ကုသမှုခံယူပြီး ရောဂါကင်းစင်လာသူ (၃၅၉) ဦး ရှိကြောင်း သိရသည်။

Source From MOHS 

Chan-SeinAir-Conditioning-Equipment-Sales--Repair_0404.png

 


Read 74 times Last modified on Sunday, 06 September 2020 01:05
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.