Wednesday, 02 September 2020 18:11

sitemgr_photo_1439.jpg

By Aung Myo Hein

COVID-19 ဖြစ်နေတုန်းမှာ မိမိကိုယ်ကို ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးထားပါတယ်။

လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ

COVID-19 ဖြစ်နေစဥ်မှာ Gym တွေမသွားသင့်ပါဘူး။ ဒါပေမယ့် Work Out လုပ်နေကြ သူတွေအတွက်တော့ အိမ်မှာပဲ လုပ်လို့ရတဲ့ အိပ်ထမတင်လုပ်တာတို့၊ ဒိုက်ထိုးတာ တို့အပြင် လူသိပ်မများတဲ့ နေရာတွေမှာ ပြေးတာတို့ဘာတို့ လုပ်သင့်ပါတယ်။

အိပ်ရေးဝဝအိပ်ပါ

ဘယ်အချိန်မှာပဲဖြစ်ဖြစ် အိပ်ရေးဝဝအိပ်ခြင်းက ကျန်းမာရေးကို ကောင်းစေပါတယ်။ တစ်ရက်ကို အနည်ဆုံး (၇) နာရီကနေ (၈) နာရီအထိအိပ်ခြင်းက ဦးနှောက်ရဲ့ မှတ်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေပြီး တစ်ရက်တာကို လန်းလန်းဆန်းဆန်း စတင်နိုင်ပါလိမ့်မယ်။

အသင့်စားအစားအစာတွေ သိပ်မစားပါနဲ့

COVID-19 ဖြစ်နေစဥ်မှာ မိမိစိတ်ထင်ရာကို အလွယ်တကူ စားသောက်လိုက်ခြင်းမျိုး မလုပ်သင့်ပါဘူး။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဗီတာမင်နဲ့ အမျှင်ဓာတ်များများ ပါဝင်တဲ့ အစားအစားတွေ စားသောက်တာကို အကျင့်လုပ်ပေးသင့်ပါတယ်။

BabyBeauty-Parlours_0317.png

ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်ဆိုတာ သောက်တဲ့သူရော အနံ့ရှုရှိုက်ရတဲ့သူကိုပါ အန္တရာယ်ဖြစ်စေပါတယ်။ အိမ်မှာနေရတာများတာမို့လို့ ဒီအခွင့်ရေးယူပြီး ဆေးလိပ်ဖြတ်သင့်ပါတယ်။ ဆေးလိပ်သောက်မဲ့အစား စာဖတ်ပါ ၊ တရားထိုင်ပါ ၊ ပီကေစားပါ။

မိသားစုကိုအချိန်ပေးပါ

အိမ်မှာ အများစုရှိနေတဲ့ ဒီလိုအချိန်မှာ ကိုယ့်မိဘ ၊ ကလေး နဲ့ လက်တွဲဖော်ကို အချိန်သေချာပေးပါ။ ကလေးတွေနှစ်သက်တဲ့ ဂိမ်းတွေတူတူဆော့ပေးပါ။
========================
By Aung Myo Hein

COVID-19 ျဖစ္ေနတုန္းမွာ မိမိကိုယ္ကို ဂ႐ုစိုက္သင့္တဲ့ အခ်က္ေလးေတြကို ေဖာ္ျပေပးထားပါတယ္။

ေလ့က်င့္ခန္းတစ္ခုခုလုပ္ပါ

COVID-19 ျဖစ္ေနစဥ္မွာ Gym ေတြမသြားသင့္ပါဘူး။ ဒါေပမယ့္ Work Out လုပ္ေနၾက သူေတြအတြက္ေတာ့ အိမ္မွာပဲ လုပ္လို႔ရတဲ့ အိပ္ထမတင္လုပ္တာတို႔၊ ဒိုက္ထိုးတာ တို႔အျပင္ လူသိပ္မမ်ားတဲ့ ေနရာေတြမွာ ေျပးတာတို႔ဘာလို႔ လုပ္သင့္ပါတယ္။

အိပ္ေရးဝဝအိပ္ပါ

ဘယ္အခ်ိန္မွာပဲ ျဖစ္ျဖစ္ အိပ္ေရး ဝဝအိပ္ျခင္းက က်န္းမာေရးကို ေကာင္းေစပါတယ္။ တစ္ရက္ကို အနည္ဆုံး (၇) နာရီကေန (၈) နာရီအထိအိပ္ျခင္းက ဦးေႏွာက္ရဲ႕ မွတ္ႏိုင္စြမ္းကို ပိုမိုေကာင္းမြန္ေစၿပီး တစ္ရက္တာကို လန္းလန္းဆန္းဆန္း စတင္ႏိုင္ပါလိမ့္မယ္။

Bama-KhitStationery_0361.png

အသင့္စားအစားအစာေတြ သိပ္မစားပါနဲ႔

COVID-19 ျဖစ္ေနစဥ္မွာ မိမိစိတ္ထင္ရာ ကိုအလြယ္တကူ စားျခင္းမ်ိဳး မလုပ္သင့္ပါဘူး။ လတ္ဆတ္တဲ့ ဟင္းသီးဟင္း႐ြက္ေတြ ၊ ဗီတာမင္ နဲ႔ အမွ်င္ဓာတ္မ်ားမ်ား ပါဝင္တဲ့ အစားအစားေတြကို စားေသာက္တာကို အက်င့္လုပ္ေပးသင့္ပါတယ္။

ေဆးလိပ္မေသာက္ပါနဲ႔

ေဆးလိပ္ဆိုတာ ေသာက္တဲ့သူေရာ အနံ႔ခံရတဲ့သူကိုပါ အႏၲရာယ္ျဖစ္ေစပါတယ္။ အိမ္မွာေနရတာမ်ားတာမို႔လို႔ ဒီအခြင့္ေရးယူၿပီး ေဆးလိပ္ျဖတ္သင့္ပါတယ္။ ေဆးလိပ္ေသာက္မဲ့အစား စာဖတ္ပါ ၊ တရားထိုင္ပါ ၊ ပီေကစားပါ။

မိသားစုကိုအခ်ိန္ေပးပါ

အိမ္မွာ အမ်ားစုရွိေနတဲ့ ဒီလိုအခ်ိန္မွာ မိဘေတြ ၊ ကေလးေတြ ၊ လက္တြဲေဖာ္ကို အခ်ိန္ေသခ်ာေပးပါ။ကေလးေတြႏွစ္သက္တဲ့ ဂိမ္းေတြတူတူေဆာ့ေပးပါ။ 

Aye-MyittarWater-Pipes--Accessories_0815.png

 

Additional Info

  • Top Banner: Perfect-Hope

Read 73 times Last modified on Thursday, 03 September 2020 16:24
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.