Tuesday, 01 September 2020 14:10
Peeling.jpg
 
by WMMH (mizzy)
 
နည္းပညာေတြ တိုးတက္လာတာနဲ႔အမွ် က်န္းမာေရးနဲ႔ အလွအပဆိုင္ရာ ျပဳျပင္ကုသမႈေတြကိုလည္း လူငယ္တိုင္းလိုလို စိတ္ဝင္စားလာၾကတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ မ်က္ႏွာအသားအရည္ က်န္းမာေရးအတြက္လည္း Treatment မ်ိဳးစုံကို ျပဳလုပ္လာၾကပါတယ္။

မ်က္ႏွာအသားအရည္နဲ႔ ပတ္သက္ၿပီး လူငယ္ေတြၾကား ေရပန္းအစားဆုံး Treatment ကေတာ့ Peeling Treatment ပဲ ျဖစ္ပါတယ္။ Peeling Treatment ဆိုတာကို အ႐ိုးရွင္းဆုံး ေျပာျပရရင္ေတာ့ မ်က္ႏွာေပၚမွာရွိတဲ့ ညစ္ေထးေနတဲ့ အေပၚယံအေရျပားအလႊာကို ခြာခ်လိုက္တာပဲ ျဖစ္ပါတယ္။

ဒီလိုခြာခ်လိုက္ျခင္းအားျဖင့္ အမဲစက္ေတြ၊‌ ေနေလာင္တာေတြကို သက္သာေပ်ာက္ကင္းေစၿပီး အသားအရည္ကို ညီညာေခ်ာမြတ္ေစတဲ့အျပင္ Baby Skin ကို ျပန္လည္ရရွိေစႏိုင္ပါတယ္။ ဒါေပမယ့္ Peeling နဲ႔ ပတ္သက္ၿပီး လူတစ္ခ်ိဳ႕ရဲ႕ လြဲမွားေနတဲ့ ထင္ျမင္ယူဆခ်က္ေတြကလည္း ရွိေနျပန္ပါတယ္။

ဒါေၾကာင့္ ဒီေန႔မွာေတာ့ Chemical Peeling နဲ႔ ပတ္သက္ၿပီး လြဲမွားတဲ့ ယူဆခ်က္ေတြနဲ႔ လူေတာ္ေတာ္မ်ားမ်ား ေမးေလ့ရွိတဲ့ ေမးခြန္းတစ္ခ်ိဳ႕ကို ျပန္လည္ကိုးကား ရွင္းျပေပးခ်င္ပါတယ္။

Chemical Peeling လုပ္တာ နာလား?
လုံးဝမနာပါဘူး။ မ်က္ႏွာအေရျပားအတြက္ သီးသန႔္ ေဖာ္စပ္ျပဳလုပ္ေပးထားတဲ့ အက္ဆစ္အေပ်ာ့စား ပါဝင္တဲ့ ေဆးရည္ၾကည္ကို မ်က္ႏွာေပၚတင္လိုက္တဲ့အခါ အနည္းငယ္ စပ္ဖ်င္းဖ်င္းေလး ျဖစ္သြားတာပါ။. မ်က္ႏွာေပၚကို မိနစ္အနည္းငယ္ခန႔္ ထားၿပီးလို႔ ေရနဲ႔သုတ္လိုက္တာနဲ႔ အက္ဆစ္ဓာတ္ ျပယ္သြားပါတယ္။

Chemical Peeling အမ်ိဳးအစာေတြက အကုန္လုံးတူတူပဲလား?
မတူပါဘူးေနာ္။ Peeling အမ်ိဳးအစား အမ်ားႀကီး ရွိပါတယ္။ တစ္ခုခ်င္းစီရဲ႕ အက္ဆစ္ဓာတ္ အျပင္းအေပ်ာ့ percentage ေတြ ကြာပါတယ္။ မိမိအသားအရည္နဲ႔ သင့္ေတာ္မယ့္ အက္ဆစ္အမ်ိဳးအစားကို အေရျပားဆိုင္ရာမွာ ကြၽမ္းက်င္တဲ့ ဆရာဝန္ေတြက ဆုံးျဖတ္ေပးပါလိမ့္မယ္။

ေစ်းကြက္ထဲက ေဆးအမ်ိဳးအစားေတြနဲ႔ ေဆးခန္းမွာ သုံးတဲ့ ေဆးေတြက အတူတူပဲလား?
လုံးဝမတူပါဘူးေနာ္။ ေစ်းကြက္ထဲ FDA ရထားတာေတြဟာ ပုံမွန္ မ်က္ႏွာအမ်ိဳးအစားတိုင္း အဆင္ေျပႏိုင္ေလာက္တဲ့ အက္ဆစ္ပမာဏကိုသာ ထည့္ေပးထားပါတယ္။ တစ္ခ်ိဳ႕ FDA မရထားတဲ့ အက္ဆစ္အမ်ိဳးအစားေတြ Online ေဈးကြက္တစ္ခ်ိဳ႕မွာ ေရာင္းခ်ေနတာ ေတြ႕ရပါတယ္။ Side Effect ေတြ မ်ားႏိုင္တာမို႔ သုံးဖို႔မသင့္ပါဘူးေနာ္။

Chemical Peeling က လူတိုင္း အိမ္မွာ အလြယ္တကူ ျပဳလုပ္လို႔ရလား?
Aesthetic Doctor ေတြဟာ Chemical Peeling နဲ႔ ပတ္သတ္တဲ့ ကုသမႈေတြကို Topic တစ္ခုအေနနဲ႔ ေသခ်ာ သင္ယူထားရပါတယ္။ ေစ်းကြက္ထဲမွာ အလြယ္တကူရႏိုင္တဲ့ AHA, BHA, Glycolic ေတြကို လူတိုင္းသုံးလို႔ အဆင္ေျပတာ မွန္ေပမယ့္ ေဆးခန္းသုံး အက္ဆစ္မ်ိဳးကိုေတာ့ ကြၽမ္းက်င္သူနဲ႔သာ ျပဳလုပ္သင့္ပါတယ္။

Peeling လုပ္ၿပီးရင္  Recover ျဖစ္ဖို႔ လေပါင္းမ်ားစြာ ၾကာႏိုင္လား?
လနဲ႔ခ်ီၿပီး မၾကာပါဘူးေနာ္။ ၾကာခ်ိန္ အနည္းဆုံး (၃) ရက္ကေန အမ်ားဆုံး (၃) ပတ္ေလာက္ထိပဲ ၾကာႏိုင္ပါတယ္။ မ်က္ႏွာရဲ႕ အေပၚယံအေရျပား ကြာျခင္းက (၁) ပတ္ကေန (၁၀) ရက္ အထိ ၾကာတတ္ၿပီး ခႏၶာကိုယ္Peelingလုပ္ရင္ေတာ့ (၂)ပတ္ကေန (၃)ပတ္အထိ ၾကာႏိုင္ပါတယ္။

Peeling လုပ္ၿပီးရင္ Makeup လုံးဝ မလိမ္းရဘူးလား?
လိမ္းလို႔ရပါတယ္။ Peeling လုပ္ၿပီးစမွာ အေရျပားအနည္းငယ္ ကြာေနတာေၾကာင့္ မိတ္ကပ္မညက္တာပဲ ရွိတာပါ။ Alcohol ပါတဲ့ Toner တို႔ Scrub တို႔ကိုေတာ့ ေရွာင္ရပါမယ္ေနာ္။ Peeling လုပ္ၿပီးရင္ Moisturizer နဲ႔ Sunscreen ကို​ေတာ့ ေသခ်ာလိမ္းေပးဖို႔ လိုအပ္ပါတယ္။

Peeling တစ္ခါလုပ္ၿပီးတာနဲ႔ မ်က္ႏွာအေရျပား လုံးဝေခ်ာေမြ႕သြားႏိုင္လား?
ဘယ္ Treatment ဘယ္ Skincare မွ တစ္ခါထဲ ေကာင္းသြားတာမ်ိဳး မရွိပါဘူးေနာ္။ ခႏၶာကိုယ္က်စ္လစ္ က်န္းမာဖို႔ GYM ပုံမွန္သြားရသလိုပါပဲ။ အေရျပားက်န္းမာေရး ေကာင္းဖို႔ အၿမဲဂ႐ုစိုက္မွသာ လိုခ်င္တဲ့ ရလဒ္ကို ရႏိုင္မွာပါ။

ျပႆနာ တစ္ခုခုရွိေနတဲ့ အေရျပားမွာပဲ Chemical Peeling လုပ္ရတာလား?
Chemical Peeling ဆိုတာ အေရျပား ဆဲလ္ အေဟာင္းေတြဖယ္ၿပီး ဆဲလ္အသစ္ေတြ ထြက္ေအာင္ အားေပးတဲ့ Treatment တစ္မ်ိဳးျဖစ္တာမို႔ မ်က္ႏွာျပင္မွာ ႀကီးႀကီးမားမား ျပသနာမ်ိဳး မရွိလည္း Treatment ျပဳလုပ္လို႔ရပါတယ္။ အေပၚမွာ ေျပာခဲ့သလို သုံးရတဲ့ အက္ဆစ္ အျပင္းအေပ်ာ့ပဲ ကြာသြားမွာပါ။

Chemical Peeling ေတြက အေရျပားကို ထိခိုက္ပ်က္ဆီးႏိုင္လား?
Chemical ဆိုတဲ့စာလုံးေၾကာင့္ လူေတာ္ေတာ္မ်ားမ်ား အေတြးမွားေနၾကတာလို႔ ထင္ပါတယ္။ တစ္ကယ္ေတာ့ AHA ဆိုတာ အသီးကရတဲ့ အက္ဆစ္အေပ်ာ့စားတစ္မ်ိဳး ျဖစ္ပါတယ္။ ဒီအက္ဆစ္က အေပၚယံလႊာမွာရွိတဲ့ ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး ဆဲလ္အသစ္ေတြထြက္ဖို႔ အားေပးတဲ့ Treatment တစ္မ်ိဳး ျဖစ္တာေၾကာင့္ ကြၽမ္းက်င္သူနဲ႔ ေသခ်ာတိုင္ပင္ၿပီး ျပဳလုပ္ရင္ အေကာင္းဆုံး ရလဒ္ကို ရရွိႏိုင္မွာ ျဖစ္ပါတယ္။

Source From Dr. Suri (Derm Talks by Dr. Suri)
Laser Care Clinic
===========================
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ပြုပြင်ကုသမှုတွေကိုလည်း လူငယ်တိုင်းလိုလို စိတ်ဝင်စားလာကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် မျက်နှာအသားအရည် ကျန်းမာရေးအတွက်လည်း Treatment မျိုးစုံကို ပြုလုပ်လာကြပါတယ်။

မျက်နှာအသားအရည်နဲ့ ပတ်သက်ပြီး လူငယ်တွေကြား ရေပန်းအစားဆုံး Treatment ကတော့ Peeling Treatment ပဲ ဖြစ်ပါတယ်။ Peeling Treatment ဆိုတာကို အရိုးရှင်းဆုံး ပြောပြရရင်တော့ မျက်နှာပေါ်မှာရှိတဲ့ ညစ်ထေးနေတဲ့ အပေါ်ယံအရေပြားအလွှာကို ခွာချလိုက်တာပဲ ဖြစ်ပါတယ်။

ဒီလိုခွာချလိုက်ခြင်းအားဖြင့် အမဲစက်တွေ၊‌ နေလောင်တာတွေကို သက်သာပျောက်ကင်းစေပြီး အသားအရည်ကို ညီညာချောမွတ်စေတဲ့အပြင် Baby Skin ကို ပြန်လည်ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် Peeling နဲ့ ပတ်သက်ပြီး လူတစ်ချို့ရဲ့ လွဲမှားနေတဲ့ ထင်မြင်ယူဆချက်တွေကလည်း ရှိနေပြန်ပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ Chemical Peeling နဲ့ ပတ်သက်ပြီး လွဲမှားတဲ့ ယူဆချက်တွေနဲ့ လူတော်တော်များများ မေးလေ့ရှိတဲ့ မေးခွန်းတစ်ချို့ကို ပြန်လည်ကိုးကား ရှင်းပြပေးချင်ပါတယ်။

Chemical Peeling လုပ်တာ နာလား?
လုံးဝမနာပါဘူး။ မျက်နှာအရေပြားအတွက် သီးသန့် ဖော်စပ်ပြုလုပ်ပေးထားတဲ့ အက်ဆစ်အပျော့စား ပါဝင်တဲ့ ဆေးရည်ကြည်ကို မျက်နှာပေါ်တင်လိုက်တဲ့အခါ အနည်းငယ် စပ်ဖျင်းဖျင်းလေး ဖြစ်သွားတာပါ။. မျက်နှာပေါ်ကို မိနစ်အနည်းငယ်ခန့် ထားပြီးလို့ ရေနဲ့သုတ်လိုက်တာနဲ့ အက်ဆစ်ဓာတ် ပြယ်သွားပါတယ်။

Chemical Peeling အမျိုးအစားတွေက အကုန်လုံးတူတူပဲလား?
မတူပါဘူးနော်။ Peeling အမျိုးအစား အများကြီး ရှိပါတယ်။ တစ်ခုချင်းစီရဲ့ အက်ဆစ်ဓာတ် အပြင်းအပျော့ percentage တွေ ကွာပါတယ်။ မိမိအသားအရည်နဲ့ သင့်တော်မယ့် အက်ဆစ်အမျိုးအစားကို အရေပြားဆိုင်ရာမှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေက ဆုံးဖြတ်ပေးပါလိမ့်မယ်။

စျေးကွက်ထဲက ဆေးအမျိုးအစားတွေနဲ့ ဆေးခန်းမှာ သုံးတဲ့ ဆေးတွေက အတူတူပဲလား?
လုံးဝမတူပါဘူးနော်။ စျေးကွက်ထဲ FDA ရထားတာတွေဟာ ပုံမှန် မျက်နှာအမျိုးအစားတိုင်း အဆင်ပြေနိုင်လောက်တဲ့ အက်ဆစ်ပမာဏကိုသာ ထည့်ပေးထားပါတယ်။ တစ်ချို့ FDA မရထားတဲ့ အက်ဆစ်အမျိုးအစားတွေ Online ဈေးကွက်တစ်ချို့မှာ ရောင်းချနေတာ တွေ့ရပါတယ်။ Side Effect တွေ များနိုင်တာမို့ သုံးဖို့မသင့်ပါဘူးနော်။

Chemical Peeling က လူတိုင်း အိမ်မှာ အလွယ်တကူ ပြုလုပ်လို့ရလား?
Aesthetic Doctor တွေဟာ Chemical Peeling နဲ့ ပတ်သတ်တဲ့ ကုသမှုတွေကို Topic တစ်ခုအနေနဲ့ သေချာ သင်ယူထားရပါတယ်။ စျေးကွက်ထဲမှာ အလွယ်တကူရနိုင်တဲ့ AHA, BHA, Glycolic တွေကို လူတိုင်းသုံးလို့ အဆင်ပြေတာ မှန်ပေမယ့် ဆေးခန်းသုံး အက်ဆစ်မျိုးကိုတော့ ကျွမ်းကျင်သူနဲ့သာ ပြုလုပ်သင့်ပါတယ်။

Peeling လုပ်ပြီးရင်  Recover ဖြစ်ဖို့ လပေါင်းများစွာ ကြာနိုင်လား?
လနဲ့ချီပြီး မကြာပါဘူးနော်။ ကြာချိန် အနည်းဆုံး (၃) ရက်ကနေ အများဆုံး (၃) ပတ်လောက်ထိပဲ ကြာနိုင်ပါတယ်။ မျက်နှာရဲ့ အပေါ်ယံအရေပြား ကွာခြင်းက (၁) ပတ်ကနေ (၁၀) ရက် အထိ ကြာတတ်ပြီး ခန္ဓာကိုယ်Peelingလုပ်ရင်တော့ (၂)ပတ်ကနေ (၃)ပတ်အထိ ကြာနိုင်ပါတယ်။

Peeling လုပ်ပြီးရင် Makeup လုံးဝ မလိမ်းရဘူးလား?
လိမ်းလို့ရပါတယ်။ Peeling လုပ်ပြီးစမှာ အရေပြားအနည်းငယ် ကွာနေတာကြောင့် မိတ်ကပ်မညက်တာပဲ ရှိတာပါ။ Alcohol ပါတဲ့ Toner တို့ Scrub တို့ကိုတော့ ရှောင်ရပါမယ်နော်။ Peeling လုပ်ပြီးရင် Moisturizer နဲ့ Sunscreen ကို​တော့ သေချာလိမ်းပေးဖို့ လိုအပ်ပါတယ်။

Peeling တစ်ခါလုပ်ပြီးတာနဲ့ မျက်နှာအရေပြား လုံးဝချောမွေ့သွားနိုင်လား?
ဘယ် Treatment ဘယ် Skincare မှ တစ်ခါထဲ ကောင်းသွားတာမျိုး မရှိပါဘူးနော်။ ခန္ဓာကိုယ်ကျစ်လစ် ကျန်းမာဖို့ GYM ပုံမှန်သွားရသလိုပါပဲ။ အရေပြားကျန်းမာရေး ကောင်းဖို့ အမြဲဂရုစိုက်မှသာ လိုချင်တဲ့ ရလဒ်ကို ရနိုင်မှာပါ။

ပြဿနာ တစ်ခုခုရှိနေတဲ့ အရေပြားမှာပဲ Chemical Peeling လုပ်ရတာလား?
Chemical Peeling ဆိုတာ အရေပြား ဆဲလ် အဟောင်းတွေဖယ်ပြီး ဆဲလ်အသစ်တွေ ထွက်အောင် အားပေးတဲ့ Treatment တစ်မျိုးဖြစ်တာမို့ မျက်နှာပြင်မှာ ကြီးကြီးမားမား ပြသနာမျိုး မရှိလည်း Treatment ပြုလုပ်လို့ရပါတယ်။ အပေါ်မှာ ပြောခဲ့သလို သုံးရတဲ့ အက်ဆစ် အပြင်းအပျော့ပဲ ကွာသွားမှာပါ။

Chemical Peeling တွေက အရေပြားကို ထိခိုက်ပျက်ဆီးနိုင်လား?
Chemical ဆိုတဲ့စာလုံးကြောင့် လူတော်တော်များများ အတွေးမှားနေကြတာလို့ ထင်ပါတယ်။ တစ်ကယ်တော့ AHA ဆိုတာ အသီးကရတဲ့ အက်ဆစ်အပျော့စားတစ်မျိုး ဖြစ်ပါတယ်။ ဒီအက်ဆစ်က အပေါ်ယံလွှာမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်တွေထွက်ဖို့ အားပေးတဲ့ Treatment တစ်မျိုး ဖြစ်တာကြောင့် ကျွမ်းကျင်သူနဲ့ သေချာတိုင်ပင်ပြီး ပြုလုပ်ရင် အကောင်းဆုံး ရလဒ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Source From Dr. Suri (Derm Talks by Dr. Suri)
Laser Care Clinic

Read 77 times Last modified on Tuesday, 01 September 2020 14:53
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.