Thursday, 20 August 2020 09:06

StyleScenario_fall-business-mullet-2018.jpg

သင့်ဘဝမှာ ဝတ်ပုံစားပုံ စမတ်ကျဖို့ နည်းလမ်းတွေအများကြီး တွေ့ဖူးမှာပါ။ တချို့နည်းလမ်း တွေက အသုံးဝင်နိုင်ပေမဲ့ တချို့တွေက ကိုယ့်အတွက် အသုံးမဝင်တာတွေ ဖြစ်တတ်ပါတယ်။


ဒါပေမဲ့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကတော့ ယောင်္ကျားလေးတော်တော်များများ အတွက် အသုံးဝင်မယ့် နည်းလမ်းလေးတွေဖြစ်မယ်လို့ ယုံကြည်ပါတယ်။
1. Ready Made Suit တွေ မဝတ်ပါနဲ့
Suit ကောင်းကောင်းတစ်စုံဆိုတာ အမျိုးသားတွေအတွက် လိုကိုလိုပါတယ်။ ဒါပေမယ့် Suit ဝယ်မယ်ဆို သင်နဲ့ လုံးဝကွက်တိကျတဲ့ Suit ကိုသာ ချုပ်ပြီးဝတ်သင့်ပါတယ်။ အကုန်အကျများနိုင်ပေမယ့် Ready Made Suit တွေဝယ်မိရင် ပုခုံးက ကြပ်နေတာတွေ၊ ကိုယ်နဲ့ အဆင်မပြေတာတွေ ဖြစ်တတ်တာမို့ ငွေကုန်အကျိုးမရှိ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်အတိုင်းနဲ့ ကွက်တိကျတဲ့ Suit ကို ချုပ်ပြီးဝတ်တာ ပိုကောင်းပါတယ်။


2. နာရီကောင်းကောင်း တစ်လုံးအပေါ်မှာ ရင်းနှီးပါ
အမျိုးသားတွေက ဝတ်စရာ Accessories များများစားစား မရှိပါဘူး။ ဒါကြောင့်မို့လို့ ကိုယ့်အသက်အရွယ်၊ လက်အရွယ်အစား၊ Style တွေနဲ့ကိုက်တဲ့ နာရီကောင်းကောင်းတစ်လုံးက ရှိသင့်ပါတယ်။ ဒါပေမဲ့ နာရီဆိုတာ နေ့တိုင်းဝတ်ဆင်ရတဲ့ အရာဖြစ်တာမို့ ကိုယ်နဲ့ အဆင်ပြေတဲ့ နာရီကိုပဲ သေချာရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်။


3. သာမန်ရိုးကျ အရောင်တွေပဲ မဝတ်ပါနဲ့
အမျိုးသား အများစုက အမည်း၊ ခဲရောင်၊ နက်ပြာ စတာတွေအပြင် တခြားအရောင်တောက်တောက်တွေ ဝတ်ဖို့ စိတ်ကူးလေ့မရှိကြပါဘူး။ ဒီလိုဝတ်နေကြ အရောင်တွေကနေ ခွဲပြီးဝတ်ဆင်တာကလည်း သင့်ကိုပိုပြီး ပေါ်လွင်စေမှာပါ။


4. နေရာစုံမှာ အသုံးတည့်တဲ့ Jeans တွေ
Jeans ဆိုတာ Dinner ဖြစ်ဖြစ်၊ Dating ပဲဖြစ်ဖြစ် ၊ Shoes ပဲဖြစ်ဖြစ် ၊ Sneakers ပဲဖြစ်ဖြစ် ဘယ်နေရာမဆို၊ ဘာနဲ့မဆို၊ ဝတ်လို့ရပါတယ်။ Jeans တွေဟာ ဝတ်တာကြာလာတာနဲ့အမျှ ကိုယ်နဲ့တစ်သားတည်း ဖြစ်လာသလို ခံစားရမှာပါ။ အရေးကြီးတဲ့ အချက်က Jeans တွေကို ခဏခဏ မလျော်ဖို့ပါပဲ။


5. Quality ကောင်းတဲ့ Shoesတွေ Sneakersတွေပဲ ဝယ်ပါ
သင်က Authentic မဝတ်ပဲ Copy တွေပဲ ဝတ်နေမယ်ဆိုရင် Shoes စီးရတဲ့ တကယ့် အရသာအစစ်ကို သိမှာမဟုတ်ပါဘူး။ ဒီနှစ်ခုကြားမှာ စီးတဲ့အခါ ခံစားရတာက အကွာကြီးပါ။ ဒါကြောင့်မို့ Quality ကောင်းတဲ့ Shoes ကိုသာ ဝယ်စေချင်ပါတယ်။


6. Accessories တွေကို အများကြီးမဝတ်ပါနဲ့

Accessories တွေက Style ကိုပိုကျစေပါတယ်။ ဒါပေမဲ့ အများကြီးဝတ်ရင် ကိုယ်နဲ့မလိုက်ဖက်တာမျိုး ၊ ကိုယ်ရဲ့အဝတ်အစားတွေက မပေါ်လွင်တာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။

7. ကိုယ်နဲ့ အလိုက်ဖက်ဆုံး ဆံပင်စတိုင်ကိုပဲ ထားပါ
ဆံပင်ဆိုတာ လူတွေရဲ့ ဒုတိယမျက်နှာလို့ ဆိုကြပါတယ်။ ဒါကြောင့် ဆံပင်ပြောင်းလိုက်တာနဲ့ ရုပ်ပါပြောင်းလိုက်သလို ဖြစ်သွားတတ်ပါတယ်။ ခေတ်စားနေတဲ့ ဆံပင်ပုံစံတွေထက် မိမိနဲ့လိုက်ဖက်တဲ့ ဆံပင် ပုံစံကိုပဲ ဆံပင်ညှပ်ဆိုင်မှာ တိုင်ပင်ပြီး ညှပ်တာက ပိုပြီးသင့်လျော်ပါတယ်။


======================
သင့္ဘဝမွာ ဝတ္ပုံစားပုံ စမတ္က်ဖို႔ နည္းလမ္းေတြအမ်ားႀကီး ေတြ႕ဖူးမွာပါ။ တခ်ိဳ႕နည္းလမ္း ေတြက အသုံးဝင္ႏိုင္ေပမဲ့ တခ်ိဳ႕ေတြက ကိုယ့္အတြက္ အသုံးမဝင္တာေတြ ျဖစ္တတ္ပါတယ္။
ဒါေပမဲ့ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးေတြကေတာ့ ေယာက်ၤားေလးေတာ္ေတာ္မ်ားမ်ား အတြက္ အသုံးဝင္မယ့္ နည္းလမ္းေလးေတြျဖစ္မယ္လို႔ ယုံၾကည္ပါတယ္။


1. Ready Made Suit ေတြ မဝတ္ပါနဲ႔
Suit ေကာင္းေကာင္းတစ္စုံဆိုတာ အမ်ိဳးသားေတြအတြက္ လိုကိုလိုပါတယ္။ ဒါေပမယ့္ Suit ဝယ္မယ္ဆို သင္နဲ႔ လုံးဝကြက္တိက်တဲ့ Suit ကိုသာ ခ်ဳပ္ၿပီးဝတ္သင့္ပါတယ္။ အကုန္အက်မ်ားႏိုင္ေပမယ့္ Ready Made Suit ေတြဝယ္မိရင္ ပုခုံးက ၾကပ္ေနတာေတြ၊ ကိုယ္နဲ႔ အဆင္မေျပတာေတြ ျဖစ္တတ္တာမို႔ ေငြကုန္အက်ိဳးမရွိ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္မို႔ ကိုယ့္အတိုင္းနဲ႔ ကြက္တိက်တဲ့ Suit ကို ခ်ဳပ္ၿပီးဝတ္တာ ပိုေကာင္းပါတယ္။


2. နာရီေကာင္းေကာင္း တစ္လုံးအေပၚမွာ ရင္းႏွီးပါ
အမ်ိဳးသားေတြက ဝတ္စရာ Accessories မ်ားမ်ားစားစား မရွိပါဘူး။ ဒါေၾကာင့္မို႔လို႔ ကိုယ့္အသက္အ႐ြယ္၊ လက္အ႐ြယ္အစား၊ Style ေတြနဲ႔ကိုက္တဲ့ နာရီေကာင္းေကာင္းတစ္လုံးက ရွိသင့္ပါတယ္။ ဒါေပမဲ့ နာရီဆိုတာ ေန႔တိုင္းဝတ္ဆင္ရတဲ့ အရာျဖစ္တာမို႔ ကိုယ္နဲ႔ အဆင္ေျပတဲ့ နာရီကိုပဲ ေသခ်ာေ႐ြးခ်ယ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။


3. သာမန္႐ိုးက် အေရာင္ေတြပဲ မဝတ္ပါနဲ႔
အမ်ိဳးသား အမ်ားစုက အမည္း၊ ခဲေရာင္၊ နက္ျပာ စတာေတြအျပင္ တျခားအေရာင္ေတာက္ေတာက္ေတြ ဝတ္ဖို႔ စိတ္ကူးေလ့မရွိၾကပါဘူး။ ဒီလိုဝတ္ေနၾက အေရာင္ေတြကေန ခြဲၿပီးဝတ္ဆင္တာကလည္း သင့္ကိုပိုၿပီး ေပၚလြင္ေစမွာပါ။


4. ေနရာစုံမွာ အသုံးတည့္တဲ့ Jeans ေတြ
Jeans ဆိုတာ Dinner ျဖစ္ျဖစ္၊ Dating ပဲျဖစ္ျဖစ္ ၊ Shoes ပဲျဖစ္ျဖစ္ ၊ Sneakers ပဲျဖစ္ျဖစ္ ဘယ္ေနရာမဆို၊ ဘာနဲ႔မဆို၊ ဝတ္လို႔ရပါတယ္။ Jeans ေတြဟာ ဝတ္တာၾကာလာတာနဲ႔အမွ် ကိုယ္နဲ႔တစ္သားတည္း ျဖစ္လာသလို ခံစားရမွာပါ။ အေရးႀကီးတဲ့ အခ်က္က Jeans ေတြကို ခဏခဏ မေလ်ာ္ဖို႔ပါပဲ။


5. Quality ေကာင္းတဲ့ Shoesေတြ Sneakersေတြပဲ ဝယ္ပါ
သင္က Authentic မဝတ္ပဲ Copy ေတြပဲ ဝတ္ေနမယ္ဆိုရင္ Shoes စီးရတဲ့ တကယ့္ အရသာအစစ္ကို သိမွာမဟုတ္ပါဘူး။ ဒီႏွစ္ခုၾကားမွာ စီးတဲ့အခါ ခံစားရတာက အကြာႀကီးပါ။ ဒါေၾကာင့္မို႔ Quality ေကာင္းတဲ့ Shoes ကိုသာ ဝယ္ေစခ်င္ပါတယ္။


6. Accessories ေတြကို အမ်ားႀကီးမဝတ္ပါနဲ႔
Accessories ေတြက Style ကိုပိုက်ေစပါတယ္။ ဒါေပမဲ့ အမ်ားႀကီးဝတ္ရင္ ကိုယ္နဲ႔မလိုက္ဖက္တာမ်ိဳး ၊ ကိုယ္ရဲ႕အဝတ္အစားေတြက မေပၚလြင္တာမ်ိဳးေတြ ျဖစ္သြားႏိုင္ပါတယ္။


7. ကိုယ္နဲ႔ အလိုက္ဖက္ဆုံး ဆံပင္စတိုင္ကိုပဲ ထားပါ
ဆံပင္ဆိုတာ လူေတြရဲ႕ ဒုတိယမ်က္ႏွာလို႔ ဆိုၾကပါတယ္။ ဒါေၾကာင့္ ဆံပင္ေျပာင္းလိုက္တာနဲ႔ ႐ုပ္ပါေျပာင္းလိုက္သလို ျဖစ္သြားတတ္ပါတယ္။ ေခတ္စားေနတဲ့ ဆံပင္ပုံစံေတြထက္ မိမိနဲ႔လိုက္ဖက္တဲ့ ဆံပင္ ပုံစံကိုပဲ ဆံပင္ညႇပ္ဆိုင္မွာ တိုင္ပင္ၿပီး ညႇပ္တာက ပိုၿပီးသင့္ေလ်ာ္ပါတယ္။


Read 92 times Last modified on Thursday, 20 August 2020 09:39
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.