Tuesday, 21 July 2020 13:46

Skin_care.jpg

 

 

By Jae 

အမျိုးသားတွေဟာ ရုပ်ရည်အတွက် အထူးတလည် ပြင်ဆင်ခြယ်သလေ့ မရှိကြပါဘူး။ ဒါပေမယ့်လည်း ကြည်လင်ပြီး ကျန်းမာတဲ့အသားအရေ ရရှိဖို့တော့

ယောက်ျားလေးတိုင်း ဂရုစိုက်သင့်ပါတယ်နော်။ ကျန်းမာတဲ့ Skin ကို ရရှိဖို့ Skin Care ကို ပုံမှန်ပြုလုပ်သင့်ပါတယ်။ ဒါကြောင့် အသားအရေ ပိုမိုကြည်လင်စေဖို့အတွက် နည်းလမ်းကောင်းတချို့ကို ဖော်ပြပေးချင်ပါတယ်။ 

 

အမျိုးသားနဲ့ အမျိုးသမီး အရေပြားတွေဟာ မတူညီကြပေမယ့် အရေပြားထိန်းသိမ်းမှု အခြေခံတွေကတော့ ကွဲပြားခြားနားမှု သိပ်မရှိပါဘူး။

 

ပထမဆုံးအနေနဲ့ ကိုယ့် Skin  Type ကို ကွဲပြားစွာ သိဖို့လိုပါတယ်။

 

သုံးနေကြမဟုတ်တဲ့ Skin Care တွေကို အသုံးပြုမိတာနဲ့ အသားအရေလောင်တတ်တယ်၊ အသားအရေ နီမြန်းတတ်တယ်ဆိုရင် Sensitive Skin 

အသားအရေ အမြဲမွဲခြောက်ပြီး ယားယံနေတတ်ရင် Dry Skin

အသားအရေ တောက်ပ၊ ချောမွတ်ပေမယ့် အဆီပြန်တတ်တယ် ဆိုရင်တော့ Oil Skin

အသားအရေက တချို့နေရာ အဆီပြန်ပြီး တစ်ချို့နေရာက ခြောက်သွေ့နေတယ်ဆိုရင်တော့ Combination Skin

 

မိမိက ဘယ်အသားအရေ အမျိုးအစားလဲဆိုတာကို သေချာသိပြီ ဆိုရင်တော့ အသားအရေကို ဘယ်လိုဂရုစိုက်သင့်တယ်၊ ဘယ်လိုမှန်ကန်တဲ့ နည်းလမ်းတွေ အသုံးပြုသင့်တယ် ဆိုတာကို ဆက်လေ့လာလို့ ရပါပြီ။

 

၁။ ဝက်ခြံပေါက်လွယ်နိုင်တဲ့ အသားအရေကို ပိုင်ဆိုင်သူတွေအနေနဲ့ Oil Free ပါတဲ့ Product တွေကို သုံးသင့်ပါတယ်။

 

၂။ မျက်နှာကို တစ်နေ့ (၂) ကြိမ် ပုံမှန်သစ်ပါ။ မျက်နှာသစ်ရာ‌တွင် ရေနွေးနွေးလေးကို အသုံးပြုပေးရင်  ပိုအဆင်ပြေပါတယ်။

 

၃။ Moisturizer ကိုအသုံးပြုပေးပါ။ Moisturizer ကို အသုံးပြုခြင်းဟာ အသားအရေကို ပိုမိုတောက်ပစေပြီး ပိုမိုနုပျိုစေပါတယ်။ အကောင်းဆုံးကတော့ ရေချိုးပြီးခါစ အခြေအနေမှာ Moisturizer သုံးပေးတာဟာ အစိုဓာတ်ကို ပိုမိုစိမ့်၀င်စေတဲ့အတွက် အသားအရေအတွက် ပိုမိုကောင်းမွန်စေပါတယ်။

 

၄။ ဆေးလိပ်သောက်တတ်သူ ဆိုရင် ဆေးလိပ်ကို တက်နိုင်သမျှ လျှော့ပါ။ ဆေးလိပ်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ အသားအရေကို  ပိုမို မွဲခြောက်စေနိုင်ပါတယ်။

 

၅။ အသင့်စား အစားအစာတွေကို တက်နိုင်သလောက် ရှောင်ပါ။ အသင့်စား အစားအစာတွေကို စားသုံးခြင်းရဲ့ နောက်ကွယ်မှာတော့ ကိုယ်အလေးအချိန်ကို တိုးစေရုံသာမက Sensitive အသားအရေ ပိုင်ရှင်တွေဆိုရင် ဒီအစားအစာတွေက အသားအရေကို ပျက်စီးစေပါတယ်။

 

၆။ ရေများများသောက်ပါ။ လူ့ခန္ဓာကိုယ်ဟာ ရေဓာတ် ၇၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့အတွက် ရေများများ သောက်တာက  အသားအရေကို စိုပြည်စေမှာပါ။

 

၇။ အိမ်ပြင်ထွက်ရင် Sun Cream ကို အသုံးပြုပေးပါ။ အစက်အပြောက်များနဲ့ အရေပြားကင်ဆာကို ဖြစ်စေနိုင်တဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့အတွက် အိမ်ပြင်မထွက်မီ နား၊ လည်ပင်းနဲ့ နှုတ်ခမ်း အပါအ၀င် နေရောင်ခြည်ထိတွေ့နိုင်တဲ့ နေရာအားလုံးကို SPF ၃၀ ပါဝင်တဲ့ ရေစိုခံ နေရောင်ကာကွယ်ဆေးကို သုံးသင့်ပါတယ်။

 

အထက်ပါနည်းလမ်းတွေနဲ့ အရေပြားကို ထိန်းသိမ်း စောင့်ရှောက်မယ်ဆိုရင်တော့ ကျန်းမာပြီး ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

==============================
[Zawgyi Version]
အမ်ိဳးသားေတြဟာ ႐ုပ္ရည္အတြက္ အထူးတလည္ ျပင္ဆင္ျခယ္သေလ့ မရွိၾကပါဘူး။ ဒါေပမယ့္လည္း ၾကည္လင္ၿပီး က်န္းမာတဲ့အသားအေရ ရရွိဖို႔ေတာ့ ေယာက္်ားေလးတိုင္း ဂ႐ုစိုက္သင့္ပါတယ္ေနာ္။ က်န္းမာတဲ့ Skin ကို ရရွိဖို႔ Skin Care ကို ပုံမွန္ျပဳလုပ္သင့္ပါတယ္။ ဒါေၾကာင့္ အသားအေရ ပိုမိုၾကည္လင္ေစဖို႔အတြက္ နည္းလမ္းေကာင္းတခ်ိဳ႕ကို ေဖာ္ျပေပးခ်င္ပါတယ္။ အမ်ိဳးသားနဲ႔ အမ်ိဳးသမီး အေရျပားေတြဟာ မတူညီၾကေပမယ့္ အေရျပားထိန္းသိမ္းမႈ အေျခခံေတြကေတာ့ ကြဲျပားျခားနားမႈ သိပ္မရွိပါဘူး။ ပထမဆုံးအေနနဲ႔ ကိုယ့္ Skin Type ကို ကြဲျပားစြာ သိဖို႔လိုပါတယ္။ သုံးေနၾကမဟုတ္တဲ့ Skin Care ေတြကို အသုံးျပဳမိတာနဲ႔ အသားအေရေလာင္တတ္တယ္၊ အသားအေရ နီျမန္းတတ္တယ္ဆိုရင္ Sensitive Skin အသားအေရ အၿမဲမြဲေျခာက္ၿပီး ယားယံေနတတ္ရင္ Dry Skin အသားအေရ ေတာက္ပ၊ ေခ်ာမြတ္ေပမယ့္ အဆီျပန္တတ္တယ္ ဆိုရင္ေတာ့ Oil Skin အသားအေရက တခ်ိဳ႕ေနရာ အဆီျပန္ၿပီး တစ္ခ်ိဳ႕ေနရာက ေျခာက္ေသြ႕ေနတယ္ဆိုရင္ေတာ့ Combination Skin မိမိက ဘယ္အသားအေရ အမ်ိဳးအစားလဲဆိုတာကို ေသခ်ာသိၿပီ ဆိုရင္ေတာ့ အသားအေရကို ဘယ္လိုဂ႐ုစိုက္သင့္တယ္၊ ဘယ္လိုမွန္ကန္တဲ့ နည္းလမ္းေတြ အသုံးျပဳသင့္တယ္ ဆိုတာကို ဆက္ေလ့လာလို႔ ရပါၿပီ။ ၁။ ဝက္ၿခံေပါက္လြယ္ႏိုင္တဲ့ အသားအေရကို ပိုင္ဆိုင္သူေတြအေနနဲ႔ Oil Free ပါတဲ့ Product ေတြကို သုံးသင့္ပါတယ္။ ၂။ မ်က္ႏွာကို တစ္ေန႔ (၂) ႀကိမ္ ပုံမွန္သစ္ပါ။ မ်က္ႏွာသစ္ရာ‌တြင္ ေရေႏြးေႏြးေလးကို အသုံးျပဳေပးရင္ ပိုအဆင္ေျပပါတယ္။ ၃။ Moisturizer ကိုအသုံးျပဳေပးပါ။ Moisturizer ကို အသုံးျပဳျခင္းဟာ အသားအေရကို ပိုမိုေတာက္ပေစၿပီး ပိုမိုႏုပ်ိဳေစပါတယ္။ အေကာင္းဆုံးကေတာ့ ေရခ်ိဳးၿပီးခါစ အေျခအေနမွာ Moisturizer သုံးေပးတာဟာ အစိုဓာတ္ကို ပိုမိုစိမ့္၀င္ေစတဲ့အတြက္ အသားအေရအတြက္ ပိုမိုေကာင္းမြန္ေစပါတယ္။ ၄။ ေဆးလိပ္ေသာက္တတ္သူ ဆိုရင္ ေဆးလိပ္ကို တက္ႏိုင္သမွ် ေလွ်ာ့ပါ။ ေဆးလိပ္မွာပါဝင္တဲ့ ဓာတုပစၥည္းေတြဟာ အသားအေရကို ပိုမို မြဲေျခာက္ေစႏိုင္ပါတယ္။ ၅။ အသင့္စား အစားအစာေတြကို တက္ႏိုင္သေလာက္ ေရွာင္ပါ။ အသင့္စား အစားအစာေတြကို စားသုံးျခင္းရဲ႕ ေနာက္ကြယ္မွာေတာ့ ကိုယ္အေလးအခ်ိန္ကို တိုးေစ႐ုံသာမက Sensitive အသားအေရ ပိုင္ရွင္ေတြဆိုရင္ ဒီအစားအစာေတြက အသားအေရကို ပ်က္စီးေစပါတယ္။ ၆။ ေရမ်ားမ်ားေသာက္ပါ။ လူ႔ခႏၶာကိုယ္ဟာ ေရဓာတ္ ၇၀ ရာခိုင္ႏႈန္းနဲ႔ ဖြဲ႕စည္းထားတဲ့အတြက္ ေရမ်ားမ်ား ေသာက္တာက အသားအေရကို စိုျပည္ေစမွာပါ။ ၇။ အိမ္ျပင္ထြက္ရင္ Sun Cream ကို အသုံးျပဳေပးပါ။ အစက္အေျပာက္မ်ားနဲ႔ အေရျပားကင္ဆာကို ျဖစ္ေစႏိုင္တဲ့ ေနေရာင္ျခည္ဒဏ္ကို ကာကြယ္ဖို႔အတြက္ အိမ္ျပင္မထြက္မီ နား၊ လည္ပင္းနဲ႔ ႏႈတ္ခမ္း အပါအ၀င္ ေနေရာင္ျခည္ထိေတြ႕ႏိုင္တဲ့ ေနရာအားလုံးကို SPF ၃၀ ပါဝင္တဲ့ ေရစိုခံ ေနေရာင္ကာကြယ္ေဆးကို သုံးသင့္ပါတယ္။ အထက္ပါနည္းလမ္းေတြနဲ႔ အေရျပားကို ထိန္းသိမ္း ေစာင့္ေရွာက္မယ္ဆိုရင္ေတာ့ က်န္းမာၿပီး ၾကည္လင္တဲ့ အသားအေရကို ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။

Read 137 times Last modified on Tuesday, 21 July 2020 17:37
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.