Tuesday, 31 March 2020 17:26

afdgr_1.jpg

 

အခုလတ္တေလာမွာ Covid 19 ေရာဂါေၾကာင့္ လူအမ်ားဆိုးရိမ္ေနၾကရပါတယ္။

က်န္းမာေရး ဝန္ႀကီးဌာနကေတာ့ အတက္ႏိုင္ဆုံးအိမ္မွာေနဖို႔ ၫႊန္ၾကားထားေပမယ့္ မျဖစ္မေန အလုပ္သြားေနရသူေတြ အျပင္ထြက္ေနရသူေတြလည္း ရွိေနပါေသးတယ္။ ဒီအခါမွာကိုယ္က ကိုယ္က က်န္းမာေရးေကာင္းေနေအာင္ ေရာဂါပိုးကူးစပ္မခံရေအာင္ သြားလာေနထိုင္မႈေတြကို အထူးဂ႐ုစိုက္‌သင့္ပါတယ္။ Covid 19 ေရာဂါဟာ အဆုတ္ေရာင္ေရာဂါပဲျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္အဆုတ္ကို ေရာဂါပိုးကူးစက္မခံရေအာင္ ဘယ္လိုဂ႐ုစိုက္ကာကြယ္ၾကမလဲ။

လူေတြ ပုံမွန္အသက္ရႈႏႈန္းေတြဟာ တစ္ကိုယ္လုံးကို ေအာက္ဆီဂ်င္ေတြ ရာႏႈန္းျပည့္ေရာက္ဖို႔ အလြန္ နည္းပါးပါတယ္။ ကိုယ္ခႏၶာရဲ႕ အစိတ္အပိုင္းတစ္ခုခ်င္းစီဟာ ေအာက္ဆီဂ်င္ ေထာက္ပံ့မႈနဲ႔ လည္ပတ္တာ ျဖစ္ပါတယ္။ တစ္ကိုယ္လုံးကို ေအာက္ဆီဂ်င္ အျပည့္အဝ မေရာက္တာဟာ အဆုတ္သာမက အျခားအဂါၤ အစိတ္အပိုင္းေတြကိုပါ ထိခိုက္ေစ ပါတယ္။

Read More>>>ေဆးလိပ္ေသာက္တတ္သူေတြက တကယ္ပဲေရာဂါကူးစပ္ႏုိင္ေျခ ပုိမ်ားလား?

ဒါေၾကာင့္ တတ္ႏိုင္သေလာက္ ေလကိုတစ္ဝႀကီးရႈသြင္း ရႈထုတ္လုပ္ဖို႔လိုတာ အမွန္ပါ။ ဒါမွ တစ္ကိုယ္လုံးကို ေအာက္ဆီဂ်င္ အျပည့္ေရာက္ရွိႏိုင္ကာ ေသြးလည္ပတ္မႈေကာင္းေစမွာ ျဖစ္ပါတယ္။ တစ္ခါတစ္ရံ လြတ္လြတ္လပ္လပ္ အားရပါးရ ရယ္ေမာတာဟာလည္း အဆုတ္ထဲကို ေအာက္ဆီဂ်င္အျပည့္အဝေရာက္ေစတဲ့ နည္းလမ္း တစ္မ်ိဳးျဖစ္ပါတာယ္။ အ

ားရပါးရ ရယ္ျဖစ္တဲ့အခါ ေလကို အားနဲ႔ရႈသြင္းျဖစ္ၿပီး ေအာက္ဆီဂ်င္အျပည့္ရရွိေစတယ္။ တစ္ကိုယ္လုံးအႏွံ႔ ေအာက္ဆီဂ်င္ေရာက္ရွိကာ ေပါ့ပါး လန္းဆန္းသြားေစတယ္။ ဒါေၾကာင့္ အဆုတ္ကို က်န္းမာေစဖို႔ လုပ္ေဆာင္ရာမွာ ရယ္ေမာတာကလည္း နည္းလမ္းတစ္ခု ျဖစ္ပါတယ္။ အားကစားလုပ္တဲ့အခါလည္း လူေတြမွာ အသက္ကို ျပင္းျပင္းရႈၾကရရာ အဆုတ္က်န္းမာေစဖို႔ နည္းလမ္း တစ္ခုမွာ အားကစားလုပ္တာလည္း ပါဝင္ပါတယ္။

အစားအေသာက္ကလည္း အဆုတ္က်န္းမာေရးကို မ်ားစြာ အေထာက္ကူျပဳေစတာ ရွိပါတယ္။ အစာေၾကညက္လြယ္ေစတဲ့ လတ္လတ္ဆတ္ဆတ္ အသီးအႏွံေတြနဲ႔ ငါးေတြမွာ အဆုတ္က်န္းမာေရးကို ေကာင္းေစတဲ့ အက်ိဳးေက်းဇူးေတြ မ်ားစြာပါဝင္ပါတယ္။ ဥပမာ အစိမ္းေရာင္ ေဂၚဖီထုပ္ေတြ ဆိုရင္ အဆုတ္ကင္ဆာ ျဖစ္ႏိုင္ေျခအႏၲရာယ္ကို မ်ားစြာေလ်ာ့ခ်ႏိုင္စြမ္း ရွိတယ္လို႔သိရွိရပါတယ္။

အသက္ရႈတဲ့အခါ ႏွာေခါင္းနဲ႔ အသက္မရႈဘဲ ပါးစပ္နဲ႔ အသက္ရႈတာဟာ အဆုတ္ကို ထိခိုက္ေစတယ္လို႔ ေဆးပညာရွင္ေတြက ေျပာဆိုထားၾကပါတယ္။ ေလထဲက ပါလာတဲ့ အမႈန္လးေတြဟာ ႏွာေခါင္းေမႊးမွာ တြယ္ကပ္က်န္ခဲ့တဲ့အတြက္ အဆုတ္ထဲကို ေရာက္ရွိတဲ့ေလေတြဟာ အမႈံအမႊားပါဝင္မႈ နည္းပါးပါတယ္။ ပါးစပ္နဲ႔ ရႈၾကရတဲ့အခါ အမႈန္အမႊားေလးေတြကို စစ္ယူထားႏိုင္တဲ့ အေမႊးေလးေတြ မရွိတာေၾကာင့္ အဆုတ္ထဲကို အမႈံအမႊားေတြ အမ်ားႀကီး ေရာက္ရွိေစကာ အဆုတ္ကို ထိခိုက္ေစတာ ျဖစ္ပါတယ္။

အိမ္ထဲမွာေလထု ကိုသန႔္ရွင္းေစဖို႔ အပင္ေတြ စိုက္ပ်ိဳးထားတာဟာလည္း လတ္ဆတ္တဲ့ ေလကိုရရွိေစကာ အဆုတ္က်န္းမာေစဖို႔ မ်ားစြာ အေထာက္အကူျပဳပါတယ္။ ဒါေၾကာင့္ အဆုတ္ကို က်န္းမာေစဖို႔ ဂ႐ုစိုက္ၾကရာမွာ အစားအေသာက္ အေနအထိုင္ ပတ္ဝန္းက်င္ဟာမ်ားစြာ အေရးႀကီးေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္။

Source; Yangon Life
My Mandalay

 

Zawgyi

 

အခုလတ်တလောမှာ Covid 19 ရောဂါကြောင့် လူအများဆိုးရိမ်နေကြရပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနကတော့ အတက်နိုင်ဆုံးအိမ်မှာနေဖို့ ညွှန်ကြားထားပေမယ့် မဖြစ်မနေ အလုပ်သွားနေရသူတွေ အပြင်ထွက်နေရသူတွေလည်း ရှိနေပါသေးတယ်။ ဒီအခါမှာကိုယ်က ကိုယ်က ကျန်းမာရေးကောင်းနေအောင် ရောဂါပိုးကူးစပ်မခံရအောင် သွားလာနေထိုင်မှုတွေကို အထူးဂရုစိုက်‌သင့်ပါတယ်။ Covid 19 ရောဂါဟာ အဆုတ်ရောင်ရောဂါပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်အဆုတ်ကို ရောဂါပိုးကူးစက်မခံရအောင် ဘယ်လိုဂရုစိုက်ကာကွယ်ကြမလဲ။

လူတွေ ပုံမှန်အသက်ရှုနှုန်းတွေဟာ တစ်ကိုယ်လုံးကို အောက်ဆီဂျင်တွေ ရာနှုန်းပြည့်ရောက်ဖို့ အလွန် နည်းပါးပါတယ်။ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီဟာ အောက်ဆီဂျင် ထောက်ပံ့မှုနဲ့ လည်ပတ်တာ ဖြစ်ပါတယ်။ တစ်ကိုယ်လုံးကို အောက်ဆီဂျင် အပြည့်အဝ မရောက်တာဟာ အဆုတ်သာမက အခြားအဂါၤ အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေ ပါတယ်။

ဒါကြောင့် တတ်နိုင်သလောက် လေကိုတစ်ဝကြီးရှုသွင်း ရှုထုတ်လုပ်ဖို့လိုတာ အမှန်ပါ။ ဒါမှ တစ်ကိုယ်လုံးကို အောက်ဆီဂျင် အပြည့်ရောက်ရှိနိုင်ကာ သွေးလည်ပတ်မှုကောင်းစေမှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ လွတ်လွတ်လပ်လပ် အားရပါးရ ရယ်မောတာဟာလည်း အဆုတ်ထဲကို အောက်ဆီဂျင်အပြည့်အဝရောက်စေတဲ့ နည်းလမ်း တစ်မျိုးဖြစ်ပါတာယ်။ အ

ားရပါးရ ရယ်ဖြစ်တဲ့အခါ လေကို အားနဲ့ရှုသွင်းဖြစ်ပြီး အောက်ဆီဂျင်အပြည့်ရရှိစေတယ်။ တစ်ကိုယ်လုံးအနှံ့ အောက်ဆီဂျင်ရောက်ရှိကာ ပေါ့ပါး လန်းဆန်းသွားစေတယ်။ ဒါကြောင့် အဆုတ်ကို ကျန်းမာစေဖို့ လုပ်ဆောင်ရာမှာ ရယ်မောတာကလည်း နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အားကစားလုပ်တဲ့အခါလည်း လူတွေမှာ အသက်ကို ပြင်းပြင်းရှုကြရရာ အဆုတ်ကျန်းမာစေဖို့ နည်းလမ်း တစ်ခုမှာ အားကစားလုပ်တာလည်း ပါဝင်ပါတယ်။

အစားအသောက်ကလည်း အဆုတ်ကျန်းမာရေးကို များစွာ အထောက်ကူပြုစေတာ ရှိပါတယ်။ အစာကြေညက်လွယ်စေတဲ့ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေနဲ့ ငါးတွေမှာ အဆုတ်ကျန်းမာရေးကို ကောင်းစေတဲ့ အကျိုးကျေးဇူးတွေ များစွာပါဝင်ပါတယ်။ ဥပမာ အစိမ်းရောင် ဂေါ်ဖီထုပ်တွေ ဆိုရင် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေအန္တရာယ်ကို များစွာလျော့ချနိုင်စွမ်း ရှိတယ်လို့သိရှိရပါတယ်။

အသက်ရှုတဲ့အခါ နှာခေါင်းနဲ့ အသက်မရှုဘဲ ပါးစပ်နဲ့ အသက်ရှုတာဟာ အဆုတ်ကို ထိခိုက်စေတယ်လို့ ဆေးပညာရှင်တွေက ပြောဆိုထားကြပါတယ်။ လေထဲက ပါလာတဲ့ အမှုန်လးတွေဟာ နှာခေါင်းမွှေးမှာ တွယ်ကပ်ကျန်ခဲ့တဲ့အတွက် အဆုတ်ထဲကို ရောက်ရှိတဲ့လေတွေဟာ အမှုံအမွှားပါဝင်မှု နည်းပါးပါတယ်။ ပါးစပ်နဲ့ ရှုကြရတဲ့အခါ အမှုန်အမွှားလေးတွေကို စစ်ယူထားနိုင်တဲ့ အမွှေးလေးတွေ မရှိတာကြောင့် အဆုတ်ထဲကို အမှုံအမွှားတွေ အများကြီး ရောက်ရှိစေကာ အဆုတ်ကို ထိခိုက်စေတာ ဖြစ်ပါတယ်။

အိမ်ထဲမှာလေထု ကိုသန့်ရှင်းစေဖို့ အပင်တွေ စိုက်ပျိုးထားတာဟာလည်း လတ်ဆတ်တဲ့ လေကိုရရှိစေကာ အဆုတ်ကျန်းမာစေဖို့ များစွာ အထောက်အကူပြုပါတယ်။ ဒါကြောင့် အဆုတ်ကို ကျန်းမာစေဖို့ ဂရုစိုက်ကြရာမှာ အစားအသောက် အနေအထိုင် ပတ်ဝန်းကျင်ဟာများစွာ အရေးကြီးကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Source; Yangon Life
My Mandalay


Read 119 times
Rate :
(4 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.