Tuesday, 31 March 2020 13:17

smoking_1.jpg

 

ကို႐ိုနာဗိုင္းရပ္စ္ ေခၚ Covid 19 ေရာဂါကေတာ့ လူနဲ႔ တျခားတိရစာၦန္ေတြကို ကူးစက္တတ္တဲ့ ဗိုင္းရပ္စ္ တစ္မ်ိဳးျဖစ္ပါတယ္။ လက္ရွိခ်ိန္ခါတြင္ ျမန္မာႏုိ္္င္ငံမွာ ၁၀ ရက္အတြင္း Covid 19 ေရာဂါကူးစပ္ခံရသူ (၁၄)ေယာက္ထိ ရွိေနၿပီျဖစ္ၿပီး ေသဆံုးသူတစ္ေယာက္ရွိေနၿပီပဲ ျဖစ္ပါတယ္။ တစ္ကမၻာလံုးမွာေတာ့ ေသဆံုးသူ ေသာင္းေက်ာ္ရွိေနပါတယ္။

ဒီေနရာမွာ ေျပာခ်င္တာကေတာ့ ကိုရိုနာဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ေဆးလိပ္ေသာက္တတ္တဲ့သူေတြအတြက္ ေျပာျပေပးခ်င္ပါတယ္။ ေဆးလိပ္ေသာက္တတ္တဲ့သူေတြဟာ ေရာဂါကူးစပ္ႏုိင္ေျခပုိမ်ားတယ္လုိ႔ WHO ( World Health Organization ) မွ ထုတ္ျပန္ထားပါတယ္။

ေဆးလိပ္ေသာက္တဲ့သူေတြဟာ လက္ေခ်ာင္းေတြနဲ႔ ေဆးလိပ္ကိုထိေတြ႕မႈအႀကိမ္အေရမ်ားျခင္း၊ နွုတ္ခမ္းနဲ႔ လက္တို႔ ထိေတြ႔မႈပုိမိုမ်ားျခင္း႔ေၾကာင့္ ေရာဂါပုိးကူးစပ္ဖုိ႔အတြက္ လြယ္ကူေစပါတယ္။ ဒါ့အျပင္ ေဆးလိပ္ေသာက္တတ္သူေတြဟာ အဆုတ္ေရာဂါ ဒါမွမဟုတ္ အဆုတ္စြမ္းရည္ကို ေလ်ာ့နည္းေစၿပီး ျပင္းထန္ေသာေရာဂါ ျဖစ္ပြားမႈကို မ်ားစြာျမင့္တက္ေစႏိုင္ပါတယ္။

Read More>>>COVID-19 ရောဂါကြောင့် ပြင်ဦးလွင်မြို့ရှိ ပိတ်ချင်းမြောင်လိုဏ်ဂူကို ယာယီပိတ်ထားမည်

ဒါေၾကာင့္ တက္ႏုိင္သေလာက္ေဆးလိပ္ေသာက္ျခင္းကို တက္ႏုိင္သေလာက္ ေရွာင္က်ဥ္ေစခ်င္ပါတယ္။ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ အသက္ရႉလမ္းေၾကာင္း ေရာင္ရမ္း မႈ၊ ဘက္တီးရီးယားပိုးမ်ား အလြယ္တကူ ဝင္ေရာက္ေစႏိုင္မႈမ်ားကိုလည္း ျဖစ္ေပၚေစႏုိင္ပါတယ္။

ကိုရုိနာဗုိင္းရပ္ကို ကာကြယ္ဖုိ႔အတြက္ ေဆးလိပ္ေသာက္ျခင္းကို ေရွာင္က်ဥ္ရမယ့္အျပင္ အျခားအခ်က္ေတြလည္း ရွိပါေသးတယ္။

- လက္ကို ဆပ္ျပာ သို႔မဟုတ္ အရက္ျပန္ပါတဲ့ လက္သန္႔ေဆးရည္နဲ႔ ေဆးေၾကာပါ။

- နွာေခ်၊ ေခ်ာင္းဆုိးတဲ့ အခါ ပါးစပ္နဲ႔ နွာေခါင္းတုိ႔ကို တံေတာင္ဆစ္ သို႔မဟုတ္ သန္႔စင္တဲ့ တရႈးတုိ႔ကို အသံုးျပဳပါ။

- အေအးမိ၊ တုတ္ေကြးေရာဂါ လကၡဏာရွိသူေတြနဲ႔ အနီးကပ္ထိေတြ႔မွုကို ေရွာင္ရွားပါ။

- အသားနဲ႔ ဥေတြကို ေသခ်ာစြာခ်က္ျပဳတ္စားေသာက္ပါ။

- တိရိစၦာန္ေတြနဲ႔ အကာကြယ္မပါပဲ ထိေတြ႕မႈကို ေရွာင္က်ဥ္ပါ။

ကုိရိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူေတြဟာ ကိုယ္အပူခ်ိန္ျမင့္တာ၊ ေခ်ာင္းဆိုးတာ၊ ပင္ပန္းႏြမ္းနယ္တာ၊ အသက္ရႉမဝတာ၊ လည္ေခ်ာင္းနာတာနဲ႔ ေခါင္းကိုက္တာေတြစတဲ့ လကၡဏာေတြ ျဖစ္ေပၚတက္ပါတယ္။ ခႏၵကိုယ္မွာ ဒီလကၡဏာေတြကို ခံစားေနရၿပီဆုိရင္ေတာ့ နီးစပ္ရာ ေဆးရံု၊ ေဆးခန္းေတြကို သြားေရာက္ဖုိ႔ တုိက္တြန္းခ်င္ပါတယ္။

My Mandalay

 

Zawgyi

 

ကိုရိုနာဗိုင်းရပ်စ် ခေါ် Covid 19 ရောဂါကတော့ လူနဲ့ တခြားတိရစ္ဆာန်တွေကို ကူးစက်တတ်တဲ့ ဗိုင်းရပ်စ် တစ်မျိုးဖြစ်ပါတယ်။ လက်ရှိချိန်ခါတွင် မြန်မာနို််င်ငံမှာ ၁၀ ရက်အတွင်း Covid 19 ရောဂါကူးစပ်ခံရသူ (၁၄)ယောက်ထိ ရှိနေပြီဖြစ်ပြီး သေဆုံးသူတစ်ယောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာတော့ သေဆုံးသူ သောင်းကျော်ရှိနေပါတယ်။

ဒီနေရာမှာ ပြောချင်တာကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဆေးလိပ်သောက်တတ်တဲ့သူတွေအတွက် ပြောပြပေးချင်ပါတယ်။ ဆေးလိပ်သောက်တတ်တဲ့သူတွေဟာ ရောဂါကူးစပ်နိုင်ခြေပိုများတယ်လို့ WHO ( World Health Organization ) မှ ထုတ်ပြန်ထားပါတယ်။

ဆေးလိပ်သောက်တဲ့သူတွေဟာ လက်ချောင်းတွေနဲ့ ဆေးလိပ်ကိုထိတွေ့မှုအကြိမ်အရေများခြင်း၊ နှုတ်ခမ်းနဲ့ လက်တို့ ထိတွေ့မှုပိုမိုများခြင်း့ကြောင့် ရောဂါပိုးကူးစပ်ဖို့အတွက် လွယ်ကူစေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တတ်သူတွေဟာ အဆုတ်ရောဂါ ဒါမှမဟုတ် အဆုတ်စွမ်းရည်ကို လျော့နည်းစေပြီး ပြင်းထန်သောရောဂါ ဖြစ်ပွားမှုကို များစွာမြင့်တက်စေနိုင်ပါတယ်။

ဒါကြောင့် တက်နိုင်သလောက်ဆေးလိပ်သောက်ခြင်းကို တက်နိုင်သလောက် ရှောင်ကျဉ်စေချင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် အသက်ရှူလမ်းကြောင်း ရောင်ရမ်း မှု၊ ဘက်တီးရီးယားပိုးများ အလွယ်တကူ ဝင်ရောက်စေနိုင်မှုများကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်ကို ကာကွယ်ဖို့အတွက် ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ရမယ့်အပြင် အခြားအချက်တွေလည်း ရှိပါသေးတယ်။

- လက်ကို ဆပ်ပြာ သို့မဟုတ် အရက်ပြန်ပါတဲ့ လက်သန့်ဆေးရည်နဲ့ ဆေးကြောပါ။

- နှာချေ၊ ချောင်းဆိုးတဲ့ အခါ ပါးစပ်နဲ့ နှာခေါင်းတို့ကို တံတောင်ဆစ် သို့မဟုတ် သန့်စင်တဲ့ တရှုးတို့ကို အသုံးပြုပါ။

- အအေးမိ၊ တုတ်ကွေးရောဂါ လက္ခဏာရှိသူတွေနဲ့ အနီးကပ်ထိတွေ့မှုကို ရှောင်ရှားပါ။

- အသားနဲ့ ဥတွေကို သေချာစွာချက်ပြုတ်စားသောက်ပါ။

- တိရိစ္ဆာန်တွေနဲ့ အကာကွယ်မပါပဲ ထိတွေ့မှုကို ရှောင်ကျဉ်ပါ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေဟာ ကိုယ်အပူချိန်မြင့်တာ၊ ချောင်းဆိုးတာ၊ ပင်ပန်းနွမ်းနယ်တာ၊ အသက်ရှူမဝတာ၊ လည်ချောင်းနာတာနဲ့ ခေါင်းကိုက်တာတွေစတဲ့ လက္ခဏာတွေ ဖြစ်ပေါ်တက်ပါတယ်။ ခန္ဒကိုယ်မှာ ဒီလက္ခဏာတွေကို ခံစားနေရပြီဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို သွားရောက်ဖို့ တိုက်တွန်းချင်ပါတယ်။

My Mandalay


Read 165 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.