Monday, 30 March 2020 11:29

Mobile Phones in Myanmar

မိမိတို႔ ပတ္ဝန္းက်င္၌ရွိေသာ အမ်ားသုံးပစၥည္းမ်ားျဖစ္ၾကသည့္ မီးခလုတ္မ်ား၊ တံခါးလက္ကိုင္မ်ား၊ ဓာတ္ေလွကားအတြင္း/ အျပင္ခလုတ္မ်ား၊ ကြန္ပ်ဴတာကီးဘုတ္မ်ား၊ ေလွကားလက္ရန္းမ်ား၊ TV Remote မ်ား၊ ေရခဲေသတၱာ တံခါးလက္ကိုင္မ်ားႏွင့္ ေငြစကၠဴမ်ား စသည္တို႔မွ ကူးစက္ေရာဂါ ဗိုင္းရပ္ပိုးမႊားအႏၲရာယ္ျဖစ္ေစႏိုင္သည္ကို က်န္းမာေရးအသိအျမင္ရွိသူတိုင္း သိမယ္လုို႔ထင္ပါတယ္။

လက္ကိုင္ဖုန္းေပၚက ပိုးမႊားအႏၲရာယ္ သို႔ေသာ္ သတိမမူ ဂူမျမင္ဆိုသကဲ့သို႔ မိမိႏွင့္ လက္ပြန္းတတီးရွိေနေသာ လက္ကိုင္ဖုန္းေပၚက ပိုးမႊားအႏၲရာယ္ကို လူတိုင္းနီးပါး သတိမထားမိတတ္ၾကေပ။ က်န္းမာေရးသုေတသီမ်ား၏ ေလ့လာဆန္းစစ္မႈမွတ္တမ္းမ်ားအရ လက္ကိုင္ဖုန္းႏွင့္ ႀကိဳးဖုန္းမ်ားေပၚရွိ ဗက္တီးရီးယား ပိုးမႊားမ်ားသည္ မိလႅာထိုင္ခုံထက္ ၁၈ ဆမွ် ပိုမ်ားေၾကာင္း သိရပါတယ္။

ထို႔ေၾကာင့္ မၾကာခဏလက္ေဆးျခင္းအျပင္ လက္ကိုင္ဖုန္းကို မၾကာခဏ သန္႔ရွင္းေရးျပဳလုပ္ျခင္းကလည္း ပိုးမႊားမ်ားႏွင့္ ထိေတြ႕ႏိုင္မႈအလားအလာကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

Read More>>> ေဈးခ်ိဳအပါအဝင္ မႏၲေလးရွိ ေဈးမ်ားအားလုံး ယာယီ ပိတ္သိမ္း

ယေန႔ေခတ္တြင္ လူတိုင္းနီးပါး လက္ကိုင္ဖုန္းသုံးစြဲလာၾကၿပီး မိမိတို႔၏ တစ္ေန႔တာကာလအတြင္း နံနက္အိပ္ရာထခ်ိန္မွ ညအိပ္ရာဝင္သည္အထိ (ပထမဆံုးႏွင့္ ေနာက္ဆုံး) ထိေတြ႕ရေသာ အရာဝတၳဳပစၥည္းမွာ လက္ကိုင္ဖုန္း ျဖစ္ပါတယ္။

လူ႔ခႏၶာကိုယ္တစ္ခုလုံး၏ အညစ္ေပဆုံးေနရာကေတာ့ လက္ဖဝါးျဖစ္ပါတယ္။ (လက္ဖဝါးႏွစ္ဖက္ဟုဆိုရာတြင္ ဘယ္ညာလက္ ၁ဝ ေခ်ာင္းစလုံး အက်ဳံးဝင္ပါတယ္။) ထိုအခါ သင့္လက္ႏွင့္ ထိေတြ႕မႈအမ်ားဆုံးျဖစ္သည့္ ဖုန္းမ်ားတြင္ ဗက္တီးရီးယားပိုးမ်ား ေပါက္ပြားရွင္သန္ေနေၾကာင္း သိရပါတယ္။

ဖုန္းမ်က္ႏွာျပင္မွ ေစးကပ္မႈႏွင့္ တျခားေအာ္ဂဲနစ္ပစၥည္းမ်ား၏ ပေရာဂေၾကာင့္အျပင္ ဖုန္း၏ပူေႏြးမႈေၾကာင့္လည္း ပိုးမႊားမ်ားေပါက္ပြားရန္ လြယ္ကူပါတယ္။ ထို႔ေၾကာင့္ ဖုန္းတစ္လုံးတြင္ မိလႅာထိုင္ခုံထက္ ပိုးမႊား ၁၈ ဆမွ် ပိုမ်ားေၾကာင္း သုေတသီမ်ားက သတိေပးအႀကံျပဳထားျခင္း ျဖစ္ပါတယ္။

ယေန႔ေခတ္မွာ ကမၻာကိုေျခာက္လွန္႔ေနေသာ COVID-19 အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ကူးစက္ေရာဂါ ျဖစ္ေပၚေနခ်ိန္တြင္ ဖုန္းသန္႔ရွင္းေရးကို လ်စ္လ်ဴမ႐ႈသင့္ေပ။

ယင္းဗိုင္းရပ္သည္ သတၱဳ၊ ဖန္သားျပင္၊ မွန္ႏွင့္ ေၾကြျပားမ်ားေပၚ၌ ရွင္သန္ေနႏိုင္ၿပီး ျမန္မာႏိုင္ငံကဲ့သို႔ အပူပိုင္းဇုန္ေဒသတြင္ ပ်မ္းမွ် သုံးရက္ခန္႔ ရွင္သန္ေနႏိုင္ပါတယ္။ အလူမီနီယံေပၚ၌ ထို႔ထက္ အတန္ငယ္ ေလ်ာ့ပါးသည့္ သက္တမ္းရွိႏိုင္သည္ဟုလည္း သုေတသီမ်ားက သုံးသပ္ထားၾကေၾကာင္း သိရပါတယ္။ သင့္က်န္းမာေရးအတြက္ လက္ကိုင္ဖုန္းကို သန္႔ရွင္းေရး ျပဳလုပ္ရန္ လိုအပ္ပါတယ္။

Read More>>> ျမန္မာႏိုင္ငံ ေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္ (မႏၲေလးတိုင္းေဒသႀကီး)မွ ၾကက္ဥ၊ ၾကက္သားမ်ား လက္လီေဈးႏႈန္း မေျပာင္းလဲဘဲ ေရာင္းခ်ေပးမည္

လက္သန္႔ေဆးရည္ (Hand Sanitizer)သည္ Alcohol ၇ဝ ရာခိုင္ႏႈန္း (အနည္းဆုံး ၆ဝ ရာခိုင္ႏႈန္း) ပါဝင္ေနသျဖင့္ ပိုးမႊားမ်ားကို သုတ္သင္ရန္ အေကာင္းဆုံး ေဆးရည္ျဖစ္ပါတယ္။

သို႔ေသာ္ Alcohol ဓာတ္က ဖုန္းမ်က္ႏွာျပင္ေပၚမွ စီးက်ျခင္း၊ ေရစိုျခင္းတို႔ကို ခံႏိုင္ရည္ရွိေအာင္သာ လုပ္ထားေသာ အကာအကြယ္ Coating(အလႊာ)ကို တိုက္စားႏိုင္သည့္ အႏၲရာယ္ရွိပါတယ္။

ထို႔ေၾကာင့္ Alcohol ပါေသာ ေဆးရည္တစ္ဆႏွင့္ ေရတစ္ဆေရာကာ (ေဆးရည္ႏွင့္ ေရဆတူေရာ၍) နႈးညံ့ေသာ အဝတ္တြင္ဆြတ္၍ ဖုန္းကို သန္႔ရွင္းေရးလုပ္ျခင္းက ေဘးထြက္ဆိုးက်ဳိးမရွိဘဲ ပိုးသတ္ရန္ေကာင္းမြန္ေသာ နည္းလမ္းတစ္ခုျဖစ္ပါတယ္။

ေနာက္တစ္နည္းမွာ Phone Soap ေခၚ Device တစ္ခုျဖစ္ၿပီး ယင္းမွာ ဖုန္းကိုအားသြင္းထားစဥ္ ခရမ္းလြန္ေရာင္ျခည္သုံး၍ ဖုန္းကိုပိုးသတ္ေပးေသာ ပစၥည္းျဖစ္ပါတယ္။ သို႔ေသာ္ ယင္းပစၥည္းသည္ အထက္တြင္ ေဖာ္ျပထားေသာနည္းထက္ ေငြေၾကးကုန္က်မႈမ်ားသည္) သို႔ျဖစ္၍ ယခုကဲ့သို႔ COVID-19 ေရာဂါ စိုးရိမ္ရေသာအေျခအေနတြင္ လူထူထပ္ေသာေနရာမ်ားသို႔ မျဖစ္မေနသြားရေသာအခါ Mask (ပါးစပ္ႏွင့္ ႏွာေခါင္းစည္း) တပ္ထားျခင္း၊ မၾကာခဏ လက္ေဆးျခင္း၊ အိပ္ေရးဝဝအိပ္စက္ျခင္း၊ တစ္ကိုယ္ေရ သန္႔ရွင္းေရးျပဳလုပ္ျခင္း၊ အာဟာရ တန္ဖိုးျမင့္အစားအစာမ်ား စားသုံးျခင္းတို႔ ျပဳလုပ္ရန္ လိုအပ္သည့္အျပင္ လက္ကိုင္ဖုန္းမ်ားကိုလည္း သန္႔စင္ေပးၾကေစလိုေၾကာင္း အႀကံျပဳလိုက္ရပါတယ္။

Read More>>> တိုင္းေဒသႀကီး ျပည္နယ္ႏွင့္ ခရုိင္မ်ားတြင္ ကုန္ေစ်းႏႈန္းတက္သည့္ဆိုင္မ်ားကို ဆက္သြယ္တိုင္ၾကားနိုင္မည့္ CICC ဖုန္းနံပါတ္မ်ား

### Zawgyi Code

လူအများ သတိမထားမိသော လက်ကိုင်ဖုန်းပေါ်က ပိုးမွှားအန္တရာယ်

မိမိတို့ ပတ်ဝန်းကျင်၌ရှိသော အများသုံးပစ္စည်းများဖြစ်ကြသည့် မီးခလုတ်များ၊ တံခါးလက်ကိုင်များ၊ ဓာတ်လှေကားအတွင်း/ အပြင်ခလုတ်များ၊ ကွန်ပျူတာကီးဘုတ်များ၊ လှေကားလက်ရန်းများ၊ TV Remote များ၊ ရေခဲသေတ္တာ တံခါးလက်ကိုင်များနှင့် ငွေစက္ကူများ စသည်တို့မှ ကူးစက်ရောဂါ ဗိုင်းရပ်ပိုးမွှားအန္တရာယ်ဖြစ်စေနိုင်သည်ကို ကျန်းမာရေးအသိအမြင်ရှိသူတိုင်း သိမယ်လို့ထင်ပါတယ်။

လက်ကိုင်ဖုန်းပေါ်က ပိုးမွှားအန္တရာယ် သို့သော် သတိမမူ ဂူမမြင်ဆိုသကဲ့သို့ မိမိနှင့် လက်ပွန်းတတီးရှိနေသော လက်ကိုင်ဖုန်းပေါ်က ပိုးမွှားအန္တရာယ်ကို လူတိုင်းနီးပါး သတိမထားမိတတ်ကြပေ။ ကျန်းမာရေးသုတေသီများ၏ လေ့လာဆန်းစစ်မှုမှတ်တမ်းများအရ လက်ကိုင်ဖုန်းနှင့် ကြိုးဖုန်းများပေါ်ရှိ ဗက်တီးရီးယား ပိုးမွှားများသည် မိလ္လာထိုင်ခုံထက် ၁၈ ဆမျှ ပိုများကြောင်း သိရပါတယ်။

ထို့ကြောင့် မကြာခဏလက်ဆေးခြင်းအပြင် လက်ကိုင်ဖုန်းကို မကြာခဏ သန့်ရှင်းရေးပြုလုပ်ခြင်းကလည်း ပိုးမွှားများနှင့် ထိတွေ့နိုင်မှုအလားအလာကို လျှော့ချပေးနိုင်ပါတယ်။

ယနေ့ခေတ်တွင် လူတိုင်းနီးပါး လက်ကိုင်ဖုန်းသုံးစွဲလာကြပြီး မိမိတို့၏ တစ်နေ့တာကာလအတွင်း နံနက်အိပ်ရာထချိန်မှ ညအိပ်ရာဝင်သည်အထိ (ပထမဆုံးနှင့် နောက်ဆုံး) ထိတွေ့ရသော အရာဝတ္ထုပစ္စည်းမှာ လက်ကိုင်ဖုန်း ဖြစ်ပါတယ်။

လူ့ခန္ဓာကိုယ်တစ်ခုလုံး၏ အညစ်ပေဆုံးနေရာကတော့ လက်ဖဝါးဖြစ်ပါတယ်။ (လက်ဖဝါးနှစ်ဖက်ဟုဆိုရာတွင် ဘယ်ညာလက် ၁ဝ ချောင်းစလုံး အကျုံးဝင်ပါတယ်။) ထိုအခါ သင့်လက်နှင့် ထိတွေ့မှုအများဆုံးဖြစ်သည့် ဖုန်းများတွင် ဗက်တီးရီးယားပိုးများ ပေါက်ပွားရှင်သန်နေကြောင်း သိရပါတယ်။

ဖုန်းမျက်နှာပြင်မှ စေးကပ်မှုနှင့် တခြားအော်ဂဲနစ်ပစ္စည်းများ၏ ပရောဂကြောင့်အပြင် ဖုန်း၏ပူနွေးမှုကြောင့်လည်း ပိုးမွှားများပေါက်ပွားရန် လွယ်ကူပါတယ်။ ထို့ကြောင့် ဖုန်းတစ်လုံးတွင် မိလ္လာထိုင်ခုံထက် ပိုးမွှား ၁၈ ဆမျှ ပိုများကြောင်း သုတေသီများက သတိပေးအကြံပြုထားခြင်း ဖြစ်ပါတယ်။

ယနေ့ခေတ်မှာ ကမ္ဘာကိုခြောက်လှန့်နေသော COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်ပေါ်နေချိန်တွင် ဖုန်းသန့်ရှင်းရေးကို လျစ်လျူမရှုသင့်ပေ။

ယင်းဗိုင်းရပ်သည် သတ္တု၊ ဖန်သားပြင်၊ မှန်နှင့် ကြွေပြားများပေါ်၌ ရှင်သန်နေနိုင်ပြီး မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းဇုန်ဒေသတွင် ပျမ်းမျှ သုံးရက်ခန့် ရှင်သန်နေနိုင်ပါတယ်။ အလူမီနီယံပေါ်၌ ထို့ထက် အတန်ငယ် လျော့ပါးသည့် သက်တမ်းရှိနိုင်သည်ဟုလည်း သုတေသီများက သုံးသပ်ထားကြကြောင်း သိရပါတယ်။ သင့်ကျန်းမာရေးအတွက် လက်ကိုင်ဖုန်းကို သန့်ရှင်းရေး ပြုလုပ်ရန် လိုအပ်ပါတယ်။

လက်သန့်ဆေးရည် (Hand Sanitizer)သည် Alcohol ၇ဝ ရာခိုင်နှုန်း (အနည်းဆုံး ၆ဝ ရာခိုင်နှုန်း) ပါဝင်နေသဖြင့် ပိုးမွှားများကို သုတ်သင်ရန် အကောင်းဆုံး ဆေးရည်ဖြစ်ပါတယ်။

သို့သော် Alcohol ဓာတ်က ဖုန်းမျက်နှာပြင်ပေါ်မှ စီးကျခြင်း၊ ရေစိုခြင်းတို့ကို ခံနိုင်ရည်ရှိအောင်သာ လုပ်ထားသော အကာအကွယ် Coating(အလွှာ)ကို တိုက်စားနိုင်သည့် အန္တရာယ်ရှိပါတယ်။

ထို့ကြောင့် Alcohol ပါသော ဆေးရည်တစ်ဆနှင့် ရေတစ်ဆရောကာ (ဆေးရည်နှင့် ရေဆတူရော၍) နှုးညံ့သော အဝတ်တွင်ဆွတ်၍ ဖုန်းကို သန့်ရှင်းရေးလုပ်ခြင်းက ဘေးထွက်ဆိုးကျိုးမရှိဘဲ ပိုးသတ်ရန်ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်ပါတယ်။

နောက်တစ်နည်းမှာ Phone Soap ခေါ် Device တစ်ခုဖြစ်ပြီး ယင်းမှာ ဖုန်းကိုအားသွင်းထားစဉ် ခရမ်းလွန်ရောင်ခြည်သုံး၍ ဖုန်းကိုပိုးသတ်ပေးသော ပစ္စည်းဖြစ်ပါတယ်။ သို့သော် ယင်းပစ္စည်းသည် အထက်တွင် ဖော်ပြထားသောနည်းထက် ငွေကြေးကုန်ကျမှုများသည်) သို့ဖြစ်၍ ယခုကဲ့သို့ COVID-19 ရောဂါ စိုးရိမ်ရသောအခြေအနေတွင် လူထူထပ်သောနေရာများသို့ မဖြစ်မနေသွားရသောအခါ Mask (ပါးစပ်နှင့် နှာခေါင်းစည်း) တပ်ထားခြင်း၊ မကြာခဏ လက်ဆေးခြင်း၊ အိပ်ရေးဝဝအိပ်စက်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အာဟာရ တန်ဖိုးမြင့်အစားအစာများ စားသုံးခြင်းတို့ ပြုလုပ်ရန် လိုအပ်သည့်အပြင် လက်ကိုင်ဖုန်းများကိုလည်း သန့်စင်ပေးကြစေလိုကြောင်း အကြံပြုလိုက်ရပါတယ်။


Read 195 times
Rate :
(18 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.