Thursday, 26 March 2020 15:51

vinagre-de-maca-para-gripe_1.jpg

အလိုလို ေမာပန္းႏြမ္းေနတာ၊ အလုပ္မွာ စိတ္၀င္စားမႈ မရွိတာ၊ အာရံုစူးစိုက္လို႔မရတာ စတာေတြက စိတ္ဖိစီးမႈေတြေၾကာင့္ ျဖစ္ႏိုင္သလို ခႏၶာကိုယ္က ေရဓာတ္ခမ္းေျခာက္တဲ့ အေျခအေနေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ေရဓာတ္ခမ္းေျခာက္တာက ရိုးရိုးစဥ္းစားမယ္ဆိုရင္ အႏၱရာယ္မရွိဘူးလို႔ ထင္ရေပမယ့္ တကယ္ေတာ့ ေသေသခ်ာခ်ာ ဂရုစိုက္ဖို႔ လိုအပ္တဲ့ အေျခအေန တစ္ရပ္ျဖစ္ပါတယ္။

ခႏၶာကိုယ္က အရည္ဓာတ္ ဆံုးရႈံးမႈမ်ားတဲ့အခါ ေရဓာတ္ခန္းေျခာက္ျခင္းကို ခံစားရႏိုင္ပါတယ္။ အရည္ဓာတ္ကို လံုလံုေလာက္ေလာက္ မေသာက္သံုးတဲ့အခါမွာလည္း ျဖစ္ႏိုင္ပါတယ္။

ဘယ္လို အေျခအေနေတြက ေရဓာတ္ခန္းေျခာက္ေစလဲ

ဝမ္းေလၽွာတာ
အန္တာ
ေခၽြးထြက္မ်ားတာ
ေလ့က်င့္ခန္း ျပင္းျပင္းထန္ထန္လုပ္တာ စတဲ့ အေျခအေနေတြ ျဖစ္ပါတယ္။

ကေလးေတြမွာအဓိကအားျဖင့္

ခႏၶာကိုယ္မွာ ေရဓာတ္ ပိုလိုအပ္ေနတာ၊
ကိုယ္ခႏၶာ ဇီဝျဖစ္စဥ္ေတြက လူႀကီးေတြ ထက္ျမန္တာ၊
ေက်ာက္ကပ္က ေရကို လူႀကီးေတြေလာက္ မသိုေလွာင္ႏိုင္တာ၊
ေနမေကာင္းျဖစ္ၿပီး ေရဓာတ္ဆံုးရံႈံးဖို႔ ပိုလြယ္ေစတာ၊
ေနမေကာင္းျဖစ္ရင္ မစားမေသာက္ႏိုင္ေတာ့တာ၊
သူတို႔စားေသာက္ဖို႔ လူႀကီးေတြကို မွီခိုေနရတာ စတာေတြ ျဖစ္ပါတယ္။

အသက္ႀကီးတဲ့အဖိုးအဖြားေတြမွာေတာ့-

ေရ သိပ္မဆာေတာ့လို႔ မေသာက္ျဖစ္တာ၊
ဆီးခဏခဏသြားတာ၊ ဆီးမႏိုင္တာေတြျဖစ္မွာ စိုးတာေတြေၾကာင့္ မေသာက္ျဖစ္တာ၊
ေရယူေသာက္ဖို႔ မလြယ္ကူတာ၊ မထႏိုင္တာ ေဆးေတြေၾကာင့္ ဆီးသြားမ်ားတာ
ေစာင့္ေရွာက္ျပဳစုမယ့္သူ မရိွတာ

ေရဓာတ္ခန္းေျခာက္ရင္ဘယ္လိုခံစားရမလဲ

စိတ္ရႈပ္ေထြးၿပီး ေကာင္းေကာင္း မေတြးေခၚႏိုင္တာ၊
ေခါင္းမူးၿပီးသတိေမ့လဲတာ၊
မ်က္တြင္းေတြခ်ဳိင့္တာ၊
ပါးစပ္ ေျခာက္တာ
ဆီးသြားတာ နည္းလာတာ
အသားအေရ ေျခာက္တာ
အရမ္းဆိုးလာရင္ ေရွာခ့္ အေျခအေန ေရာက္ႏိုင္ပါတယ္
ေသြးေပါင္ေတ ြက်လာမယ္
ေျခေတြ လက္ေတြ ေအးစက္လာမယ္ စတာေတြ ျဖစ္ပါတယ္။

Read More>>>>လူတစ္ဦးလွ်င္ဝယ္ယူႏုိင္မယ့္ စားေသာက္ကုန္နဲ႔ပမာဏေတြကို သတ္မွတ္လုိက္တဲ့ City Mart

ေရဓာတ္ခန္းေျခာက္မႈ ျဖစ္ရင္ ဘာလုပ္ရမလဲ

၁၂ ႏွစ္နဲ႔ အထက္ ကေလးေတြနဲ႔ လူႀကီးေတြမွာျဖစ္ၿပီး မျပင္းထန္တဲ့ ေရဓာတ္ခန္းေျခာက္မႈ အေျခအေနမ်ဳိး ဆိုရင္ေတာ့

လုပ္လက္စေတြ ခဏထားၿပီး အနားယူရပါမယ္။
အရိပ္ရတဲ့ ေနရာမွာ အနားယူပါ။
ေျခေထာက္ကို ဦးေခါင္းပိုင္းထက္ ျမႇင့္တင္ထားပါ။
အဝတ္အစား ေပါ့ေပါ့ပါးပါး ျဖစ္ေအာင္ ၀တ္ဆင္ေပးပါ့။
ဆံုးရႈံးသြားတဲ့ ေရဓာတ္ကို ျပန္လည္ ျဖည့္ႏိုင္ဖို႔ ေရ၊ အခ်ိဳရည္၊ ဓာတ္ဆားရည္တို႔ ေသာက္ပါ။
ဓာတ္ဆားရည္ အလြယ္တကူ မရပါက ေရ တစ္ဖန္ခြက္ထဲကို ဆားပဲြတင္ဆား လက္ဖက္ရည္ဇြန္း တစ္ဝက္နဲ႔ သၾကားလက္ဖက္ရည္ဇြန္း ေျခာက္ဇြန္း ထည့္ပါ။ ကေလးေတြကိုေတာ့ မတိုက္သင့္ပါဘူး။ ဓာတ္ဆားထုပ္ေတြကိုသာ တိုက္ရပါမယ္။

အသက္ တစ္ႏွစ္ေအာက္မ်ားတြင္

ေရဓာတ္ဆံုးရႈံးေသာအေျခအေနရိွပါက ပံုမွန္ထက္ အရည္ပမာဏ ျဖည့္စြက္ေကၽြးဖို႔ ဆရာဝန္၊ က်န္းမာေရး ဝန္ထမ္းေတြကို ေမးပါ။ ဘာလို႔လည္းဆိုေတာ့ ကေလးအတြက္ သင့္ေတာ္တဲ့ ပမာဏမွာ ကေလးရဲ႕ အရြယ္အစားနဲ႔ အသက္အေပၚ မူတည္တဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။

အသက္ တစ္ႏွစ္နဲ႔ ဆယ္တစ္ႏွစ္အၾကား

ကေလးကို ေရဆာသေလာက္ ေရေသာက္ဖို႔ အားေပးပါ။
ဂက္စ္ပါတဲ့ အခ်ဳိရည္ေတြနဲ႔ အခ်ဳိရည္ဘူးေတြ တိုက္တာမွ ေရွာင္ပါ။
ဓာတ္ဆားရည္ တိုက္ႏိုင္ပါတယ္။

>>>ပန္းခ်ီႏွင့္ ဒီဇိုင္းပညာရွင္မ်ား (48)ရဲ႕ လိပ္စာနဲ႔ ဖုန္းနံပါတ္မ်ား


ေအာက္ပါ လကၡဏာေတြ ျဖစ္လာတယ္ဆိုရင္ ဆရာဝန္၊ ေဆးရံုေဆးခန္းကို အျမန္ဆံုး သြားရပါမယ္။

အေျခအေနက သိသိသာသာ ပိုဆိုးလာရင္

ပိုႏံုးၿပီး အားေလွ်ာ့နည္းလာရင္
လႈပ္ရွားမႈ နည္းနည္းလုပ္တိုင္း ေခါင္းအရမ္းမူးၿပီး ေမ့လဲမတတ္ ျဖစ္လာရင္
ဆီးသြားတာ နည္းလာရင္

ေရဓာတ္ခန္းေျခာက္မႈမျဖစ္ေအာင္ ဘယ္လိုကာကြယ္ၾကမလဲ

ေလ့က်င့္ခန္းမျပဳလုပ္မီ၊ ျပဳလုပ္ေနတဲ့အခ်ိန္နဲ႔ ျပဳလုပ္ၿပီးခ်ိန္ေတြမွာ ေရကို လံုလံုေလာက္ေလာက္ ေသာက္ပါ။

ရာသီဥတု ပူျပင္းတဲ့အခါ ေရေသာက္ဖို႔ ပိုဂရုစိုက္ပါ။

တစ္နာရီထက္ေက်ာ္ၿပီး ေလ့က်င့္ခန္း ျပင္းျပင္းထန္ထန္ျပဳလုပ္မယ္ဆိုရင္ အားျဖည့္အခ်ဳိရည္ ဒါမွမဟုတ္ ဓာတ္ဆားေသာက္သင့္ပါတယ္။

ေရဓာတ္ ခန္းေျခာက္ေနၿပီလို႔ ခံစားရရင္ အရက္၊ ဘီယာနဲ႔ ေကာ္ဖီ ေရွာင္ပါ။

ပူျပင္းတဲ့အခ်ိန္ေတြ၊ ေနမေကာင္းျဖစ္တဲ့ အခ်ိန္ေတြမွာ အားကစား ျပင္းျပင္းထန္ထန္လုပ္တာမွ ေရွာင္ပါ။

အမ်ိဳးသားေတြ အေနနဲ႔ တစ္ေန႔ကို ေရ သံုး လီတာ- ေလးလီတာ ထိ ေသာက္သင့္ၿပီး အမ်ိဳးသမီးေတြကေတာ့ တစ္လီတာ- ႏွစ္လီတာ ပံုမွန္ေသာက္သင့္ပါတယ္။

Credit; ေဒါက္တာ ခ်စ္စႏီၵေက်ာ္

 

Zawgyi

 

အလိုလို မောပန်းနွမ်းနေတာ၊ အလုပ်မှာ စိတ်ဝင်စားမှု မရှိတာ၊ အာရုံစူးစိုက်လို့မရတာ စတာတွေက စိတ်ဖိစီးမှုတွေကြောင့် ဖြစ်နိုင်သလို ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်တဲ့ အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်တာက ရိုးရိုးစဉ်းစားမယ်ဆိုရင် အန္တရာယ်မရှိဘူးလို့ ထင်ရပေမယ့် တကယ်တော့ သေသေချာချာ ဂရုစိုက်ဖို့ လိုအပ်တဲ့ အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။

ခန္ဓာကိုယ်က အရည်ဓာတ် ဆုံးရှုံးမှုများတဲ့အခါ ရေဓာတ်ခန်းခြောက်ခြင်းကို ခံစားရနိုင်ပါတယ်။ အရည်ဓာတ်ကို လုံလုံလောက်လောက် မသောက်သုံးတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လို အခြေအနေတွေက ရေဓာတ်ခန်းခြောက်စေလဲ

ဝမ်းလျှောတာ
အန်တာ
ချွေးထွက်များတာ
လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်တာ စတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

ကလေးတွေမှာအဓိကအားဖြင့်

ခန္ဓာကိုယ်မှာ ရေဓာတ် ပိုလိုအပ်နေတာ၊
ကိုယ်ခန္ဓာ ဇီဝဖြစ်စဉ်တွေက လူကြီးတွေ ထက်မြန်တာ၊
ကျောက်ကပ်က ရေကို လူကြီးတွေလောက် မသိုလှောင်နိုင်တာ၊
နေမကောင်းဖြစ်ပြီး ရေဓာတ်ဆုံးရှုံံးဖို့ ပိုလွယ်စေတာ၊
နေမကောင်းဖြစ်ရင် မစားမသောက်နိုင်တော့တာ၊
သူတို့စားသောက်ဖို့ လူကြီးတွေကို မှီခိုနေရတာ စတာတွေ ဖြစ်ပါတယ်။

အသက်ကြီးတဲ့အဖိုးအဖွားတွေမှာတော့-

ရေ သိပ်မဆာတော့လို့ မသောက်ဖြစ်တာ၊
ဆီးခဏခဏသွားတာ၊ ဆီးမနိုင်တာတွေဖြစ်မှာ စိုးတာတွေကြောင့် မသောက်ဖြစ်တာ၊
ရေယူသောက်ဖို့ မလွယ်ကူတာ၊ မထနိုင်တာ ဆေးတွေကြောင့် ဆီးသွားများတာ
စောင့်ရှောက်ပြုစုမယ့်သူ မရှိတာ

ရေဓာတ်ခန်းခြောက်ရင်ဘယ်လိုခံစားရမလဲ

စိတ်ရှုပ်ထွေးပြီး ကောင်းကောင်း မတွေးခေါ်နိုင်တာ၊
ခေါင်းမူးပြီးသတိမေ့လဲတာ၊
မျက်တွင်းတွေချိုင့်တာ၊
ပါးစပ် ခြောက်တာ
ဆီးသွားတာ နည်းလာတာ
အသားအရေ ခြောက်တာ
အရမ်းဆိုးလာရင် ရှောခ့် အခြေအနေ ရောက်နိုင်ပါတယ်
သွေးပေါင်တေ ွကျလာမယ်
ခြေတွေ လက်တွေ အေးစက်လာမယ် စတာတွေ ဖြစ်ပါတယ်။

ရေဓာတ်ခန်းခြောက်မှု ဖြစ်ရင် ဘာလုပ်ရမလဲ

၁၂ နှစ်နဲ့ အထက် ကလေးတွေနဲ့ လူကြီးတွေမှာဖြစ်ပြီး မပြင်းထန်တဲ့ ရေဓာတ်ခန်းခြောက်မှု အခြေအနေမျိုး ဆိုရင်တော့

လုပ်လက်စတွေ ခဏထားပြီး အနားယူရပါမယ်။
အရိပ်ရတဲ့ နေရာမှာ အနားယူပါ။
ခြေထောက်ကို ဦးခေါင်းပိုင်းထက် မြှင့်တင်ထားပါ။
အဝတ်အစား ပေါ့ပေါ့ပါးပါး ဖြစ်အောင် ဝတ်ဆင်ပေးပါ့။
ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်နိုင်ဖို့ ရေ၊ အချိုရည်၊ ဓာတ်ဆားရည်တို့ သောက်ပါ။
ဓာတ်ဆားရည် အလွယ်တကူ မရပါက ရေ တစ်ဖန်ခွက်ထဲကို ဆားပွဲတင်ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ သကြားလက်ဖက်ရည်ဇွန်း ခြောက်ဇွန်း ထည့်ပါ။ ကလေးတွေကိုတော့ မတိုက်သင့်ပါဘူး။ ဓာတ်ဆားထုပ်တွေကိုသာ တိုက်ရပါမယ်။

အသက် တစ်နှစ်အောက်များတွင်

ရေဓာတ်ဆုံးရှုံးသောအခြေအနေရှိပါက ပုံမှန်ထက် အရည်ပမာဏ ဖြည့်စွက်ကျွေးဖို့ ဆရာဝန်၊ ကျန်းမာရေး ဝန်ထမ်းတွေကို မေးပါ။ ဘာလို့လည်းဆိုတော့ ကလေးအတွက် သင့်တော်တဲ့ ပမာဏမှာ ကလေးရဲ့ အရွယ်အစားနဲ့ အသက်အပေါ် မူတည်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

အသက် တစ်နှစ်နဲ့ ဆယ်တစ်နှစ်အကြား

ကလေးကို ရေဆာသလောက် ရေသောက်ဖို့ အားပေးပါ။
ဂက်စ်ပါတဲ့ အချိုရည်တွေနဲ့ အချိုရည်ဘူးတွေ တိုက်တာမှ ရှောင်ပါ။
ဓာတ်ဆားရည် တိုက်နိုင်ပါတယ်။


အောက်ပါ လက္ခဏာတွေ ဖြစ်လာတယ်ဆိုရင် ဆရာဝန်၊ ဆေးရုံဆေးခန်းကို အမြန်ဆုံး သွားရပါမယ်။

အခြေအနေက သိသိသာသာ ပိုဆိုးလာရင်
ပိုနုံးပြီး အားလျှော့နည်းလာရင်
လှုပ်ရှားမှု နည်းနည်းလုပ်တိုင်း ခေါင်းအရမ်းမူးပြီး မေ့လဲမတတ် ဖြစ်လာရင်
ဆီးသွားတာ နည်းလာရင်

ရေဓာတ်ခန်းခြောက်မှုမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ

လေ့ကျင့်ခန်းမပြုလုပ်မီ၊ ပြုလုပ်နေတဲ့အချိန်နဲ့ ပြုလုပ်ပြီးချိန်တွေမှာ ရေကို လုံလုံလောက်လောက် သောက်ပါ။

ရာသီဥတု ပူပြင်းတဲ့အခါ ရေသောက်ဖို့ ပိုဂရုစိုက်ပါ။

တစ်နာရီထက်ကျော်ပြီး လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်ပြုလုပ်မယ်ဆိုရင် အားဖြည့်အချိုရည် ဒါမှမဟုတ် ဓာတ်ဆားသောက်သင့်ပါတယ်။

ရေဓာတ် ခန်းခြောက်နေပြီလို့ ခံစားရရင် အရက်၊ ဘီယာနဲ့ ကော်ဖီ ရှောင်ပါ။

ပူပြင်းတဲ့အချိန်တွေ၊ နေမကောင်းဖြစ်တဲ့ အချိန်တွေမှာ အားကစား ပြင်းပြင်းထန်ထန်လုပ်တာမှ ရှောင်ပါ။

အမျိုးသားတွေ အနေနဲ့ တစ်နေ့ကို ရေ သုံး လီတာ- လေးလီတာ ထိ သောက်သင့်ပြီး အမျိုးသမီးတွေကတော့ တစ်လီတာ- နှစ်လီတာ ပုံမှန်သောက်သင့်ပါတယ်။

Credit; ဒေါက်တာ ချစ်စန္ဒီကျော်

 


Read 49 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.