Wednesday, 25 March 2020 17:03

recommended time will

ျမန္မာႏုိင္ငံမွာ ကိုရုိနာဗုိင္းရပ္စ္ေရာဂါေတြ႕ရွိသူ (၃) ဦးအထိ ကူးစက္မႈျဖစ္ပြားလာခဲ့ၿပီျဖစ္ရာ လက္ရွိမွာ အရမ္းကိုဂရုတစုိက္နဲ႔ ေနရေတာ့မယ့္အခ်ိန္ျဖစ္ေနပါတယ္။

အခုအခ်ိန္ဟာ ကိုရိုနာဗိုင္းရပ္စ္မကူစက္ခံရဖို႔အတြက္ ကိုယ့္ကိုယ္ကို ျပင္ဆင္ထားသင့္တဲ့ အခ်ိန္လည္း ျဖစ္ပါတယ္။ အဓိကကေတာ့ ကိုယ္ခံအားေကာင္းဖို႔ အထူးလိုအပ္ပါတယ္။

ကိုယ္ခံအားေကာင္းေနျခင္းဟာ ကိုရိုနာဗိုင္းရပ္စ္အတြက္သာမကပဲ တျခားေရာဂါေတြကိုပါ ကာကြယ္ရာေရာက္ပါတယ္။

ဒါ့ေၾကာင့္ စားေသာက္ဆိုင္မ်ားႏွင့္ ဟိုတယ္စားေသာက္ခန္းမ်ားတြင္ စားေသာက္ဆိုင္မ်ားႏွင့္ ဟိုတယ္စားေသာက္ခန္းမ်ားတြင္ Covid-19 ေရာဂါအတြက္ MOHS မွထုတ္ျပန္ထားေသာ ကာကြယ္ေရးနည္းလမ္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

Read More>>> ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္မွ ဘဏ္ႏွင့္ ATM စက္မ်ားတြင္ ေငြသားထုတ္ယူမႈ ပံုမွန္ထက္ပိုမိုေဆာင္ရြက္ေပးရန္ ညြန္ၾကားထား

စားေသာက္ဆိုင္မ်ားႏွင့္ ဟိုတယ္စားေသာက္ခန္းမ်ားတြင္ Covid-19 ေရာဂါအတြက္ MOHS မွထုတ္ျပန္ထားေသာ ကာကြယ္ေရးနည္းလမ္းမ်ား

(၁) လုပ္ငန္းခြင္မဝင္မီ ဝန္ထမ္းမ်ား၏ က်န္းမာေရးအေျခအေနကို ေန႔စဥ္အျမဲစစ္ေဆးပါ။ ခႏၶာကိုယ္အပူခ်ိန္တိုင္း ကိရိယာ (Non-contact Thermometer)ျဖင့္ တိုင္းတာၿပီး ကိုယ္အပူခ်ိန္ ၃၈ံ C/၁၀၀.၄ံ F ေအာက္တြင္ရွိမွသာ လုပ္ငန္းခြင္သို႔ ဝင္ေရာက္ေစပါ။

(၂) လုပ္ငန္းခြင္အတြင္း ဖ်ားနာျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အသက္ရႈရခက္ခဲျခင္းမ်ားႏွင့္ အားအင္ကုန္ခန္းျခင္းမ်ား ျဖစ္ေပၚလာပါက နီးစပ္ရာ က်န္းမာေရးဌာနသို႔ သတင္းပို႔၍ ေဆးကုသမႈခံယူေစပါ။ လုပ္ငန္းခြင္မွ အနားယးပါ။

(၃) အစားအေသာက္ျပင္ဆင္ကိုင္တြယ္ခ်က္ျပဳတ္သူမ်ားအေနျဖင့္ ေရႏွင့္ ဆပ္ျပာ အသံုးျပဳ၍ လက္ကို မၾကာခဏ စနစ္တက်ေဆးေၾကာပါ။

(၄) အသား၊ ငါး၊ ဥ အမ်ိဳးမ်ိဳး၊ ပင္လယ္စာအမ်ိဳးမ်ိဳးႏွင့္ ဟင္းသီးဟင္းရြက္မ်ားကို ေသခ်ာစြာ က်က္ေအာင္ခ်က္ျပဳၿပီးမွ စားသံုးသူမ်ားထံ ေရာင္းခ်ပါ။

(၅) စားသံုးသူမ်ားအား ကိုယ္ခႏၶာအပူခ်ိန္တိုင္းတာၿပီး ကိုယ္အပူခ်ိန္ ၃၈ံ C/၁၀၀.၄ံ F ေအာက္တြင္ရွိမွသာ ဆိုင္သို႔ ဝင္ေရာက္ေစပါ။

(၆) ေရ၊ ဆပ္ျပာႏွင့္ လက္သန္႔စင္ေဆးရည္တို႔ကို ထားရွိရန္ႏွင့္ လက္ေဆးရန္ေနရာမ်ား လံုေလာက္ေအာင္ ထားရွိေပးပါ။

(၇) ဧည့္သည္မ်ားကို တစ္ဦးနွင့္တစ္ဦး တက္နိုင္သမွ် ၃ ေပအကြာ ခြဲျခားထိုင္ေစပါ။

(၈) လူစုလူေဝးျဖင့္ ေရာင္းခ်ျခင္းထက္ အိမ္သို႔ ဝယ္ယူသြားေစျခင္း (Hand-carry) အေနျဖင့္သာ ဦးစားေပးေရာင္းခ်ပါ။

(၉) ဝန္ထမ္းမ်ားႏွင့္ ဧည့္သည္မ်ားအတြက္ လိုအပ္ပါက အသံုးျပဳနိုင္ရန္ ခြဲစိတ္ခန္းသံုး ပါးစပ္ႏွင့္ ႏွာေခါင္းစည္း (Surgical Mask) မ်ားထားရွိေပးပါ။

(၁၀) ကိုရုိနာဗိုင္းရပ္စ္ပိုးမ်ားသည္ အရာဝတၱဳမ်ား မ်က္ႏွာျပင္မ်ားတြင္ ရွင္သန္နိုင္၍ လူအမ်ားႏွင့္ ထိေတြ႔ေလ့ရွိေသာေနရာမ်ား (ဥပမာ- တံခါးလက္ကိုင္၊ ေလွကားလက္ရန္း၊ ေငြရွင္းေကာင္တာ၊ စားပြဲမ်ား။ ထိုင္ခံုမ်ားႏွင့္ အသံုးအေဆာင္ပစၥည္းမ်ား)ကို အယ္ကိုေဟာ ၇၀ % အထက္ပါေသာ ပိုးသန္႔ေဆးရည္(သို႔) ဆပ္ျပာရည္ျဖင့္ မၾကာခဏ စနစ္တက် သန္႔ရွင္းေရးျပဳလုပ္ပါ။

(၁၁) စြန္႔ပစ္တစ္ရွဴးႏွင့္ အျခားအမိႈက္မ်ား သိမ္းဆည္းရာတြင္ အထူးဂရုျပဳ၍ လက္အိတ္ဝတ္ဆင္ၿပီး အရုိးရွည္တပ္ တံျမက္စည္း၊ ေဂၚျပားႏွင့္ အမိႈက္ညွပ္အသံုးျပဳ၍ စနစ္တက် သိမ္းဆည္းပါ။

(၁၂) အမိႈက္မ်ားအား အမိႈက္အိတ္ထဲသို႔ထည့္၍ လံုေအာင္ပတ္ၿပီးမွ စနစ္တက်စြန္႔ပစ္ပါ။

(၁၃) အမိႈက္နွင့္ အညစ္အေၾကးမ်ား ကိုင္တြယ္ၿပီးလွ်င္ ဆပ္ျပာႏွင့္ ေရတို႔ကို အသံုးျပဳ၍ လက္ကို စနစ္တက် ျပန္လည္ေဆးေၾကာပါ။

Read More>>> ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရရင္ ရက္အလိုက္ ျဖစ္ေပၚလာနိုင္တဲ့ ေရာဂါလကၡဏာမ်ား

91355178 1402298269976082 7009075984972382208 n

Mandalay Directory

Nilar Myot Win(Myingyan)

### Zawgyi Code

စားသောက်ဆိုင်များနှင့် ဟိုတယ်စားသောက်ခန်းများတွင် Covid-19 ရောဂါအတွက် MOHS မှထုတ်ပြန်ထားသော ကာကွယ်ရေးနည်းလမ်းများ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါတွေ့ရှိသူ (၃) ဦးအထိ ကူးစက်မှုဖြစ်ပွားလာခဲ့ပြီဖြစ်ရာ လက်ရှိမှာ အရမ်းကိုဂရုတစိုက်နဲ့ နေရတော့မယ့်အချိန်ဖြစ်နေပါတယ်။

အခုအချိန်ဟာ ကိုရိုနာဗိုင်းရပ်စ်မကူစက်ခံရဖို့အတွက် ကိုယ့်ကိုယ်ကို ပြင်ဆင်ထားသင့်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်ခံအားကောင်းဖို့ အထူးလိုအပ်ပါတယ်။

ကိုယ်ခံအားကောင်းနေခြင်းဟာ ကိုရိုနာဗိုင်းရပ်စ်အတွက်သာမကပဲ တခြားရောဂါတွေကိုပါ ကာကွယ်ရာရောက်ပါတယ်။

ဒါ့ကြောင့် စားသောက်ဆိုင်များနှင့် ဟိုတယ်စားသောက်ခန်းများတွင် စားသောက်ဆိုင်များနှင့် ဟိုတယ်စားသောက်ခန်းများတွင် Covid-19 ရောဂါအတွက် MOHS မှထုတ်ပြန်ထားသော ကာကွယ်ရေးနည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

စားသောက်ဆိုင်များနှင့် ဟိုတယ်စားသောက်ခန်းများတွင် Covid-19 ရောဂါအတွက် MOHS မှထုတ်ပြန်ထားသော ကာကွယ်ရေးနည်းလမ်းများ

(၁) လုပ်ငန်းခွင်မဝင်မီ ဝန်ထမ်းများ၏ ကျန်းမာရေးအခြေအနေကို နေ့စဉ်အမြဲစစ်ဆေးပါ။ ခန္ဓာကိုယ်အပူချိန်တိုင်း ကိရိယာ (Non-contact Thermometer)ဖြင့် တိုင်းတာပြီး ကိုယ်အပူချိန် ၃၈ံ C/၁၀၀.၄ံ F အောက်တွင်ရှိမှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်စေပါ။

(၂) လုပ်ငန်းခွင်အတွင်း ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်းများနှင့် အားအင်ကုန်ခန်းခြင်းများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့၍ ဆေးကုသမှုခံယူစေပါ။ လုပ်ငန်းခွင်မှ အနားယးပါ။

(၃) အစားအသောက်ပြင်ဆင်ကိုင်တွယ်ချက်ပြုတ်သူများအနေဖြင့် ရေနှင့် ဆပ်ပြာ အသုံးပြု၍ လက်ကို မကြာခဏ စနစ်တကျဆေးကြောပါ။

(၄) အသား၊ ငါး၊ ဥ အမျိုးမျိုး၊ ပင်လယ်စာအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကို သေချာစွာ ကျက်အောင်ချက်ပြုပြီးမှ စားသုံးသူများထံ ရောင်းချပါ။

(၅) စားသုံးသူများအား ကိုယ်ခန္ဓာအပူချိန်တိုင်းတာပြီး ကိုယ်အပူချိန် ၃၈ံ C/၁၀၀.၄ံ F အောက်တွင်ရှိမှသာ ဆိုင်သို့ ဝင်ရောက်စေပါ။

(၆) ရေ၊ ဆပ်ပြာနှင့် လက်သန့်စင်ဆေးရည်တို့ကို ထားရှိရန်နှင့် လက်ဆေးရန်နေရာများ လုံလောက်အောင် ထားရှိပေးပါ။

(၇) ဧည့်သည်များကို တစ်ဦးနှင့်တစ်ဦး တက်နိုင်သမျှ ၃ ပေအကွာ ခွဲခြားထိုင်စေပါ။

(၈) လူစုလူဝေးဖြင့် ရောင်းချခြင်းထက် အိမ်သို့ ဝယ်ယူသွားစေခြင်း (Hand-carry) အနေဖြင့်သာ ဦးစားပေးရောင်းချပါ။

(၉) ဝန်ထမ်းများနှင့် ဧည့်သည်များအတွက် လိုအပ်ပါက အသုံးပြုနိုင်ရန် ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်း (Surgical Mask) များထားရှိပေးပါ။

(၁၀) ကိုရိုနာဗိုင်းရပ်စ်ပိုးများသည် အရာဝတ္တုများ မျက်နှာပြင်များတွင် ရှင်သန်နိုင်၍ လူအများနှင့် ထိတွေ့လေ့ရှိသောနေရာများ (ဥပမာ- တံခါးလက်ကိုင်၊ လှေကားလက်ရန်း၊ ငွေရှင်းကောင်တာ၊ စားပွဲများ။ ထိုင်ခုံများနှင့် အသုံးအဆောင်ပစ္စည်းများ)ကို အယ်ကိုဟော ၇၀ % အထက်ပါသော ပိုးသန့်ဆေးရည်(သို့) ဆပ်ပြာရည်ဖြင့် မကြာခဏ စနစ်တကျ သန့်ရှင်းရေးပြုလုပ်ပါ။

(၁၁) စွန့်ပစ်တစ်ရှူးနှင့် အခြားအမှိုက်များ သိမ်းဆည်းရာတွင် အထူးဂရုပြု၍ လက်အိတ်ဝတ်ဆင်ပြီး အရိုးရှည်တပ် တံမြက်စည်း၊ ဂေါ်ပြားနှင့် အမှိုက်ညှပ်အသုံးပြု၍ စနစ်တကျ သိမ်းဆည်းပါ။

(၁၂) အမှိုက်များအား အမှိုက်အိတ်ထဲသို့ထည့်၍ လုံအောင်ပတ်ပြီးမှ စနစ်တကျစွန့်ပစ်ပါ။

(၁၃) အမှိုက်နှင့် အညစ်အကြေးများ ကိုင်တွယ်ပြီးလျှင် ဆပ်ပြာနှင့် ရေတို့ကို အသုံးပြု၍ လက်ကို စနစ်တကျ ပြန်လည်ဆေးကြောပါ။ 

Mandalay Directory

Nilar Myot Win(Myingyan)


Read 69 times
Rate :
(3 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.