Wednesday, 25 March 2020 13:44

Drink-Water-After-a-Meal1_1.jpg

 

အခုအခ်ိန္ဟာ ကိုရိုနာဗိုင္းရပ္စ္အတြက္ ကိုယ့္ကိုယ္ကို ျပင္ဆင္ထားသင့္တဲ့ အခ်ိန္ပဲျဖစ္ပါတယ္။ အဓိကကေတာ့ ကိုယ္ခံအားေကာင္းဖို႔ အထူးလိုအပ္ပါတယ္။

ကိုယ္ခံအားေကာင္းေနျခင္းဟာ ကိုရိုနာဗိုင္းရပ္စ္အတြက္သာမကပဲ တျခားေရာဂါေတြကိုပါ ကာကြယ္ရာေရာက္ပါတယ္။ ဒါေၾကာင့္ အခုလို အေျခအေနမွာ ကိုယ္ခႏၲာက်န္းမာေနဖို႔အတြက္ ခုခံကာကြယ္ထားသင့္တဲ့ အခ်က္(၆)ခ်က္ကို ေဖာ္ျပေပးလုိက္ပါတယ္။

၁။ အာဟာရရွိတာစားပါ

အစားအေသာက္ကေတာ့ ကိုယ္ခံအားအတြက္ အဓိကအေထာက္အကူျပဳေစမွာပါ။ အဲ့ဒီထဲမွာမွ ပရိုတင္းဓာတ္ အသား၊ ငါးကို စားေပးပါ။ ၿပီးရင္ေတာ့ ဗီတာမင္-C ပါတဲ့ အသီးေတြျဖစ္တဲ့ သံပုရာသီး၊ လိေမၼာ္သီး၊ ေရွာက္ခ်ိဳသီး၊ ကီဝီသီးစတဲ့ အခ်ဥ္ဓာတ္ပါတဲ့ အသီးေတြက ေသြးျဖဴဥဆဲလ္ေတြကို အားေပးတဲ့အတြက္ ေရာဂါျဖစ္ေစတဲ့ ပိုးေတြကို တိုက္ထုတ္နိုင္ပါတယ္။ ပန္းေဂၚဖီစိမ္း၊ ဟင္းႏုႏြယ္စတဲ့ အသီးအရြတ္ေတြအျပင္ ၾကက္သြန္ျဖဴ၊ ခ်င္း၊ နႏြင္းစသည္တို႔ကို ဟင္းခတ္စားေပးဖို႔လိုပါတယ္။

၂။ ေရမ်ားမ်ားေသာက္ပါ

ေရေသာက္ျခင္းဟာ ပါးစပ္ကိုစိုစြက္ေစတဲ့အတြက္ ေရေသာက္ခ်လိုက္တာနဲ႔ အစာအိမ္ထဲက အက္စစ္ဓာတ္ေၾကာင့္ ျပင္ပေရာဂါပိုးေတြကို ေသေစဖို႔ အေထာက္အကူျပဳပါတယ္။ လူတစ္ေယာက္ရဲ့ ခႏၲာကိုယ္မွာ ေရဓာတ္ကလည္း လြန္စြာမွ အေရးႀကီးပါတယ္။

Read More>>>ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရရင္ ရက္အလိုက္ ျဖစ္ေပၚလာနိုင္တဲ့ ေရာဂါလကၡဏာမ်ား

၃။ အိပ္ေရးဝဝအိပ္ပါ

အိပ္ေရးဝဝအိပ္ျခင္းဟာလည္း က်န္းမာေရးေကာင္းေစဖို႔ အေထာက္အကူျပဳေစပါတယ္။ အိပ္ေရးမဝရင္ အစာစားခ်င္စိတ္ကိုပါ ေလၽွာ့နည္းေစၿပီး ဦးေဏွာက္ရဲ့ အာ႐ုံစူးစိုက္မႈကိုပါ ထိခိုက္ေစပါတယ္။ အိပ္ေရးဝဝအိပ္ျခင္းနဲ႔လည္း ကိုယ္ခံအားႀကံ့ခိုင္ေစၿပီး ေရာဂါပိုးမကူးစက္နိုင္ေအာင္ တစ္ေထာင့္တစ္ေနရာကေန အေထာက္အကူျပဳေစမွာပါ။

၄။ ေဆးလိပ္ေလၽွာ့ေသာက္ပါ

ကိုရိုနာဗိုင္းရပ္စ္ဟာ အဆုတ္ကို အဓိကဒုကၡေပးတဲ့ ေရာဂါပိုးတစ္ခုပါ။ အခုအခ်ိန္ဟာ အဆုတ္က်န္းမာေရးကို လြန္စြာမွ ဂ႐ုစိုက္ရမယ့္အခ်ိန္ျဖစ္ပါတယ္။ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ အဆုတ္ကိုထိခိုက္ေစၿပီး အကယ္လို႔ ေရာဂါပိုးဝင္လာတဲ့အခါ ခံနိုင္ရည္မရွိပဲ အသက္အႏၲရာယ္ထိခိုက္တဲ့အထိ ျဖစ္ေစပါလိမ့္မယ္။ ဒါေၾကာင့္ ေဆးလိပ္ျဖတ္နိုင္သူေတြအေနနဲ႔က ေဆးလိပ္ျဖတ္ထားရမယ့္ အခ်ိန္ျဖစ္ၿပီး မျဖတ္နိုင္တဲ့သူေတြအတြက္ ေလၽွာ့ေသာက္ဖို႔ အႀကံေပးခ်င္ပါတယ္။

>>>က်န္းမာေရးဝန္ေဆာင္မႈ လုပ္ငန္းမ်ား (43)ရဲ႕ လိပ္စာနဲ႔ ုဖုန္းနံပါတ္မ်ား

၅။ လက္ကိုမၾကာခဏေဆးပါ

အခုဆိုရင္ လက္ေဆးဖို႔အတြက္ ေနရာတိုင္းမွာ သတိေပးစာေတြကပ္ထားၿပီး ျပည္သူေတြအလြယ္တကူလက္ေဆးနိုင္ဖို႔ နီးစပ္ရာမွာ လက္ေဆးဆပ္ျပာနဲ႔ လက္သန႔္ေဆးေတြ ထားေပးေနၾကပါၿပီ။ ဒါေၾကာင့္ လက္ကိုမၾကာခဏေဆးပါ၊ လက္ေဆးၿပီးမွ မ်က္ႏွာကို ထိေတြ႕ပါ။ ကားေပၚကဆင္းတဲ့အခါ၊ အမ်ားျပည္သူသုံးတဲ့ ဓာတ္ေလွကား၊ စက္ေလွကားလက္ရန္းေတြ ကိုင္ၿပီးတဲ့အခါတိုင္း လက္ကို စင္ၾကယ္စြာေဆးေပးဖို႔လိုပါတယ္။

၆။ သန႔္ရွင္းစြာေနထိုင္ပါ

ကိုရိုနာဗိုင္းရပ္စ္ဟာ အရာဝတၳဳနဲ႔ အဝတ္အထည္ေတြမွာ နာရီနဲ႔ခ်ီၿပီး ေနနိုင္တဲ့အတြက္ တစ္ကိုယ္ရည္သန႔္ရွင္းဖို႔ကို အထူးဂ႐ုစိုက္ဖို႔လိုပါတယ္။ မိမိေန႔တိုင္းထိေတြ႕ရတဲ့ အရာဝတၳဳေတြကို သန႔္ရွင္းေအာင္ထားပါ၊ အဝတ္အထည္ေတြကို အယ္ကိုေဟာလ္ပါတဲ့ ဆပ္ျပာနဲ႔ ေလၽွာ္ဖြက္ပါ။

အားလုံးပဲ အေပၚမွာေဖာ္ျပထားတဲ့ အခ်က္ေတြကို လိုက္နာရင္း က်န္းမာႀကံ့ခိုင္တဲ့ဘဝကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္။

Psyche
My Mandalay

 

Zawgyi

 

အခုအချိန်ဟာ ကိုရိုနာဗိုင်းရပ်စ်အတွက် ကိုယ့်ကိုယ်ကို ပြင်ဆင်ထားသင့်တဲ့ အချိန်ပဲဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်ခံအားကောင်းဖို့ အထူးလိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းနေခြင်းဟာ ကိုရိုနာဗိုင်းရပ်စ်အတွက်သာမကပဲ တခြားရောဂါတွေကိုပါ ကာကွယ်ရာရောက်ပါတယ်။ ဒါကြောင့် အခုလို အခြေအနေမှာ ကိုယ်ခန္တာကျန်းမာနေဖို့အတွက် ခုခံကာကွယ်ထားသင့်တဲ့ အချက်(၆)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အာဟာရရှိတာစားပါ

အစားအသောက်ကတော့ ကိုယ်ခံအားအတွက် အဓိကအထောက်အကူပြုစေမှာပါ။ အဲ့ဒီထဲမှာမှ ပရိုတင်းဓာတ် အသား၊ ငါးကို စားပေးပါ။ ပြီးရင်တော့ ဗီတာမင်-C ပါတဲ့ အသီးတွေဖြစ်တဲ့ သံပုရာသီး၊ လိမ္မော်သီး၊ ရှောက်ချိုသီး၊ ကီဝီသီးစတဲ့ အချဉ်ဓာတ်ပါတဲ့ အသီးတွေက သွေးဖြူဥဆဲလ်တွေကို အားပေးတဲ့အတွက် ရောဂါဖြစ်စေတဲ့ ပိုးတွေကို တိုက်ထုတ်နိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်စတဲ့ အသီးအရွတ်တွေအပြင် ကြက်သွန်ဖြူ၊ ချင်း၊ နနွင်းစသည်တို့ကို ဟင်းခတ်စားပေးဖို့လိုပါတယ်။

၂။ ရေများများသောက်ပါ

ရေသောက်ခြင်းဟာ ပါးစပ်ကိုစိုစွက်စေတဲ့အတွက် ရေသောက်ချလိုက်တာနဲ့ အစာအိမ်ထဲက အက်စစ်ဓာတ်ကြောင့် ပြင်ပရောဂါပိုးတွေကို သေစေဖို့ အထောက်အကူပြုပါတယ်။ လူတစ်ယောက်ရဲ့ ခန္တာကိုယ်မှာ ရေဓာတ်ကလည်း လွန်စွာမှ အရေးကြီးပါတယ်။

၃။ အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးဝဝအိပ်ခြင်းဟာလည်း ကျန်းမာရေးကောင်းစေဖို့ အထောက်အကူပြုစေပါတယ်။ အိပ်ရေးမဝရင် အစာစားချင်စိတ်ကိုပါ လျှော့နည်းစေပြီး ဦးဏှောက်ရဲ့ အာရုံစူးစိုက်မှုကိုပါ ထိခိုက်စေပါတယ်။ အိပ်ရေးဝဝအိပ်ခြင်းနဲ့လည်း ကိုယ်ခံအားကြံ့ခိုင်စေပြီး ရောဂါပိုးမကူးစက်နိုင်အောင် တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုစေမှာပါ။

၄။ ဆေးလိပ်လျှော့သောက်ပါ

ကိုရိုနာဗိုင်းရပ်စ်ဟာ အဆုတ်ကို အဓိကဒုက္ခပေးတဲ့ ရောဂါပိုးတစ်ခုပါ။ အခုအချိန်ဟာ အဆုတ်ကျန်းမာရေးကို လွန်စွာမှ ဂရုစိုက်ရမယ့်အချိန်ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကိုထိခိုက်စေပြီး အကယ်လို့ ရောဂါပိုးဝင်လာတဲ့အခါ ခံနိုင်ရည်မရှိပဲ အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်စေပါလိမ့်မယ်။

ဒါကြောင့် ဆေးလိပ်ဖြတ်နိုင်သူတွေအနေနဲ့က ဆေးလိပ်ဖြတ်ထားရမယ့် အချိန်ဖြစ်ပြီး မဖြတ်နိုင်တဲ့သူတွေအတွက် လျှော့သောက်ဖို့ အကြံပေးချင်ပါတယ်။

၅။ လက်ကိုမကြာခဏဆေးပါ

အခုဆိုရင် လက်ဆေးဖို့အတွက် နေရာတိုင်းမှာ သတိပေးစာတွေကပ်ထားပြီး ပြည်သူတွေအလွယ်တကူလက်ဆေးနိုင်ဖို့ နီးစပ်ရာမှာ လက်ဆေးဆပ်ပြာနဲ့ လက်သန့်ဆေးတွေ ထားပေးနေကြပါပြီ။

ဒါကြောင့် လက်ကိုမကြာခဏဆေးပါ၊ လက်ဆေးပြီးမှ မျက်နှာကို ထိတွေ့ပါ။ ကားပေါ်ကဆင်းတဲ့အခါ၊ အများပြည်သူသုံးတဲ့ ဓာတ်လှေကား၊ စက်လှေကားလက်ရန်းတွေ ကိုင်ပြီးတဲ့အခါတိုင်း လက်ကို စင်ကြယ်စွာဆေးပေးဖို့လိုပါတယ်။

၆။ သန့်ရှင်းစွာနေထိုင်ပါ

ကိုရိုနာဗိုင်းရပ်စ်ဟာ အရာဝတ္ထုနဲ့ အဝတ်အထည်တွေမှာ နာရီနဲ့ချီပြီး နေနိုင်တဲ့အတွက် တစ်ကိုယ်ရည်သန့်ရှင်းဖို့ကို အထူးဂရုစိုက်ဖို့လိုပါတယ်။ မိမိနေ့တိုင်းထိတွေ့ရတဲ့ အရာဝတ္ထုတွေကို သန့်ရှင်းအောင်ထားပါ၊ အဝတ်အထည်တွေကို အယ်ကိုဟောလ်ပါတဲ့ ဆပ်ပြာနဲ့ လျှော်ဖွက်ပါ။

အားလုံးပဲ အပေါ်မှာဖော်ပြထားတဲ့ အချက်တွေကို လိုက်နာရင်း ကျန်းမာကြံ့ခိုင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Psyche
My Mandalay

 


Read 209 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.