Friday, 20 March 2020 15:24

Aircon-post-600x400-1_1.jpg

 


ကိုယ့္အိမ္မွာေနတဲ့အခ်ိန္ အဲကြန္းက ပိတ္ထားလိုက္လို႔ရေပမယ့္ ရံုးတက္ေနရတဲ့ ပ်ိဳေမေတြအတြက္ေတာ့ ကိုယ္အဆင္မေျပဘူးဆိုတိုင္း ပိတ္လို႔ရတာမွ မဟုတ္မ်ိဳးမဟုတ္ပါဘူး။ ဒီေတာ့ အဲကြန္းခန္းထဲမွာ ေနရင္းနဲ႔ ကိုယ့္အသားအေရကို သိပ္မပ်က္စီးေအာင္ ဒီနည္းလမ္းေတြကို ေသခ်ာလိုက္လုပ္ၾကည့္ဖို႔ အၾကံေပးလိုက္ပါတယ္။

၁။ ေရဘူးေဆာင္ထားပါ။ နာရီဝက္ျခားတစ္ခါ ေရေသာက္ပါ။ လူက ေအးေနတယ္လို႔ခံစားရရင္ ေရေသာက္ဖို႔ကို ေမ့ေနတတ္ပါတယ္။ အထူးသျဖင့္ ေအးလြန္းတဲ့အခါ ကိုယ္ခႏၶာက ေရဓာတ္ဆံုးရႈံးမႈျဖစ္ေနျပီး ကိုယ္မသိလိုက္ခင္မွာပဲ အေရျပားက ေရဓာတ္ခမ္းေျခာက္ေနပါျပီ။ ဒါေၾကာင့္ ေရေသာက္ဖို႔ကို မေမ့နဲ႔ေနာ္။

၂။ ေန႔လည္ေန႔ခင္း ဗိုက္ဆာရင္ သစ္သီးေတြ လွီးစိတ္ျပီး စားလိုက္ပါ။ အဆီမ်ားတဲ့ မုန္႔ေတြ၊ အေၾကာ္အေလွာ္ေတြကို ေရွာင္ပါ။

၃။ ဘယ္သူမဆို အဲကြန္းခန္းထဲ ေအးစိမ့္ေနတဲ့အခ်ိန္ ေကာ္ဖီပူပူေလးတစ္ခြက္ေလာက္ ေသာက္လိုက္ရမွ ေနသာထိုင္သာ ရွိတတ္ၾကတယ္မလား။ ဒါေပမယ့္ ဒီေကာ္ဖီမွာပါတဲ့ ကဖင္းဓာတ္က အသားေျခာက္ေစတယ္ဆိုတာ ေမ့လို႔ မျဖစ္ဘူးေနာ္။ ဒါေၾကာင့္ ေန႔တုိင္းလိုလို ေကာ္ဖီေသာက္တာထက္ တစ္ရက္ျခား တစ္ခြက္ေလာက္ ေသာက္ေပးတာ ပိုအဆင္ေျပမွာပါ။

Read More>>>မ်က္ႏွာအသားအေရ(၁၀)မ်ိဳးအတြက္ အမ်ိဳးအစားလိုက္ေပါင္းတင္နည္း

၄။ မ်က္ႏွာကို စပေရးအျမဲဖ်န္းေပးပါ။ မ်က္ႏွာအတြက္ သီးသန္႔ထုတ္ထားျပီး အေမႊးနံ႔သိပ္မျပင္းတဲ့ အစိုဓာတ္ထိန္း စပေရးမ်ိဳးဆိုရင္ေတာ့ အေကာင္းဆံုးပါပဲ။

၅။ အစိုဓာတ္ထိန္းခရင္မ္ကို အိမ္ကေန မထြက္ခင္ကတည္းက တစ္ကိုယ္လံုး လိမ္းထားပါ။

၆။ ရံုးမွာလည္း ႏို႔ ဒါမွမဟုတ္ အဆီတစ္မ်ိဳးမ်ိဳးပါတဲ့ အစိုဓာတ္ထိန္းခရင္မ္ကို ေဆာင္ထားပါ။ လက္ဖဝါး၊ လည္ပင္း၊ တံေတာင္ဆစ္၊ ေပါင္တံ၊ ေျခသလံုးေတြကို ၂နာရီ တစ္ခါေလာက္ လိမ္းေပးရပါမယ္။

၇။ အဲကြန္းခန္းထဲမွာ အခ်ိန္ျပည့္ေနတာထက္ ခဏတစ္ျဖဳတ္ အျပင္ထြက္ျပီး အိမ္သာသြားတာ၊ လမ္းေလွ်ာက္ထြက္တာ၊ အျပင္က ေလေကာင္းေလသန္႔ရွဴရႈိက္တာမ်ိဳး လုပ္ေပးပါ။

၈။ အျပင္ကေန အဲကြန္းခန္းထဲ မဝင္ခင္ ခဏေလာက္ေစာင့္ေပးပါ။ ေခၽြးတိတ္ျပီး ခႏၶာကိုယ္တြင္း အပူခ်ိန္ျငိမ္သြားျပီဆိုမွ ဝင္ပါ။ အဲကြန္းခန္းကေန အျပင္ထြက္ေတာ့မယ္ဆိုရင္လည္း တန္းမထြက္လိုက္ပါနဲ႔။ ခဏေလာက္ေတာ့ ကိုယ္ထဲကို အေအးဓာတ္ေတြ ေလ်ာ့သြားေအာင္ ေစာင့္သင့္ပါတယ္။

>>>>အလွျပင္ဆိုင္မ်ား (1355)ရဲ႕ လိပ္စာနဲ႔ ဖုန္းနံပါတ္မ်ား

၉။ အဲကြန္းကို ေအးစိမ့္ေနေအာင္ အေအးမျမွင့္ထားပါနဲ႔။

၁၀။ အိမ္မွာ ေရခ်ိဳးျပီးသြားျပီဆိုရင္ တစ္ကိုယ္လံုးကို Lotion ဒါမွမဟုတ္ အစိုဓာတ္ထိန္းခရင္မ္ ျပန္လိမ္းေပးပါ။ အထူးသျဖင့္ အိပ္ခါနီးအခ်ိန္မွာ မ်က္ႏွာ၊ လက္၊ ေျခေထာက္ေတြကို ေသခ်ာေလး လိမ္းျပီးမွ အိပ္ပါ။

၁၁။ အားလပ္ရက္ေတြမွာ အိမ္တြင္းပစၥည္းေတြျဖစ္တဲ့ ၾကက္ဥ၊ ပ်ားရည္၊ ေထာပတ္သီး၊ သၾကားညိဳ၊ စတာေတြနဲ႔ အသားအေရကို ျပန္ၿပီး ႏူးညံ့ေခ်ာေမြ႔ေအာင္ ထိန္းသိမ္းေပးပါ။

ခုေျပာျပခဲ့တဲ့ နည္းလမ္းေတြကို ေသခ်ာလုိက္နာမယ္ဆိုရင္ အဲကြန္းထဲမွာ အျမဲရွိေနလည္း အသားအေရပ်က္စီးမွာကို ပူစရာမလိုေတာ့ပါဘူး။

Source; Ye Myo Myat
My Mandalay

 

Zawgyi

 


ကိုယ့်အိမ်မှာနေတဲ့အချိန် အဲကွန်းက ပိတ်ထားလိုက်လို့ရပေမယ့် ရုံးတက်နေရတဲ့ ပျိုမေတွေအတွက်တော့ ကိုယ်အဆင်မပြေဘူးဆိုတိုင်း ပိတ်လို့ရတာမှ မဟုတ်မျိုးမဟုတ်ပါဘူး။ ဒီတော့ အဲကွန်းခန်းထဲမှာ နေရင်းနဲ့ ကိုယ့်အသားအရေကို သိပ်မပျက်စီးအောင် ဒီနည်းလမ်းတွေကို သေချာလိုက်လုပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

၁။ ရေဘူးဆောင်ထားပါ။ နာရီဝက်ခြားတစ်ခါ ရေသောက်ပါ။ လူက အေးနေတယ်လို့ခံစားရရင် ရေသောက်ဖို့ကို မေ့နေတတ်ပါတယ်။ အထူးသဖြင့် အေးလွန်းတဲ့အခါ ကိုယ်ခန္ဓာက ရေဓာတ်ဆုံးရှုံးမှုဖြစ်နေပြီး ကိုယ်မသိလိုက်ခင်မှာပဲ အရေပြားက ရေဓာတ်ခမ်းခြောက်နေပါပြီ။ ဒါကြောင့် ရေသောက်ဖို့ကို မမေ့နဲ့နော်။

၂။ နေ့လည်နေ့ခင်း ဗိုက်ဆာရင် သစ်သီးတွေ လှီးစိတ်ပြီး စားလိုက်ပါ။ အဆီများတဲ့ မုန့်တွေ၊ အကြော်အလှော်တွေကို ရှောင်ပါ။

၃။ ဘယ်သူမဆို အဲကွန်းခန်းထဲ အေးစိမ့်နေတဲ့အချိန် ကော်ဖီပူပူလေးတစ်ခွက်လောက် သောက်လိုက်ရမှ နေသာထိုင်သာ ရှိတတ်ကြတယ်မလား။ ဒါပေမယ့် ဒီကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က အသားခြောက်စေတယ်ဆိုတာ မေ့လို့ မဖြစ်ဘူးနော်။ ဒါကြောင့် နေ့တိုင်းလိုလို ကော်ဖီသောက်တာထက် တစ်ရက်ခြား တစ်ခွက်လောက် သောက်ပေးတာ ပိုအဆင်ပြေမှာပါ။

၄။ မျက်နှာကို စပရေးအမြဲဖျန်းပေးပါ။ မျက်နှာအတွက် သီးသန့်ထုတ်ထားပြီး အမွှေးနံ့သိပ်မပြင်းတဲ့ အစိုဓာတ်ထိန်း စပရေးမျိုးဆိုရင်တော့ အကောင်းဆုံးပါပဲ။

၅။ အစိုဓာတ်ထိန်းခရင်မ်ကို အိမ်ကနေ မထွက်ခင်ကတည်းက တစ်ကိုယ်လုံး လိမ်းထားပါ။

၆။ ရုံးမှာလည်း နို့ ဒါမှမဟုတ် အဆီတစ်မျိုးမျိုးပါတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို ဆောင်ထားပါ။ လက်ဖဝါး၊ လည်ပင်း၊ တံတောင်ဆစ်၊ ပေါင်တံ၊ ခြေသလုံးတွေကို ၂နာရီ တစ်ခါလောက် လိမ်းပေးရပါမယ်။

၇။ အဲကွန်းခန်းထဲမှာ အချိန်ပြည့်နေတာထက် ခဏတစ်ဖြုတ် အပြင်ထွက်ပြီး အိမ်သာသွားတာ၊ လမ်းလျှောက်ထွက်တာ၊ အပြင်က လေကောင်းလေသန့်ရှူရှိုက်တာမျိုး လုပ်ပေးပါ။

၈။ အပြင်ကနေ အဲကွန်းခန်းထဲ မဝင်ခင် ခဏလောက်စောင့်ပေးပါ။ ချွေးတိတ်ပြီး ခန္ဓာကိုယ်တွင်း အပူချိန်ငြိမ်သွားပြီဆိုမှ ဝင်ပါ။ အဲကွန်းခန်းကနေ အပြင်ထွက်တော့မယ်ဆိုရင်လည်း တန်းမထွက်လိုက်ပါနဲ့။ ခဏလောက်တော့ ကိုယ်ထဲကို အအေးဓာတ်တွေ လျော့သွားအောင် စောင့်သင့်ပါတယ်။

၉။ အဲကွန်းကို အေးစိမ့်နေအောင် အအေးမမြှင့်ထားပါနဲ့။

၁၀။ အိမ်မှာ ရေချိုးပြီးသွားပြီဆိုရင် တစ်ကိုယ်လုံးကို Lotion ဒါမှမဟုတ် အစိုဓာတ်ထိန်းခရင်မ် ပြန်လိမ်းပေးပါ။ အထူးသဖြင့် အိပ်ခါနီးအချိန်မှာ မျက်နှာ၊ လက်၊ ခြေထောက်တွေကို သေချာလေး လိမ်းပြီးမှ အိပ်ပါ။

၁၁။ အားလပ်ရက်တွေမှာ အိမ်တွင်းပစ္စည်းတွေဖြစ်တဲ့ ကြက်ဥ၊ ပျားရည်၊ ထောပတ်သီး၊ သကြားညို၊ စတာတွေနဲ့ အသားအရေကို ပြန်ပြီး နူးညံ့ချောမွေ့အောင် ထိန်းသိမ်းပေးပါ။

ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သေချာလိုက်နာမယ်ဆိုရင် အဲကွန်းထဲမှာ အမြဲရှိနေလည်း အသားအရေပျက်စီးမှာကို ပူစရာမလိုတော့ပါဘူး။

Source; Ye Myo Myat
My Mandalay


Read 121 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.