Friday, 20 March 2020 14:37

heatstroke_1.jpg

 

အခုရက္ပုိင္းအတြင္းမွာ အပူခ်ိန္ဟာ အရမ္းကိုျမင့္တက္လာတာေၾကာင့္ မိုးလင္းကတည္းက ေခၽြးတဒီးဒီက်ၿပီး ေနရထိုင္ရခက္လာၾကပါတယ္။ လူတုိင္းရဲ႕ နွုတ္ဖ်ားမွာလဲ ''ပူလိုက္တာ'' ဆုိတဲ့ စကားကိုပဲ ေန႔စဥ္ၾကားေနရတက္ပါတယ္။ ဒါေၾကာင့္ ေႏြရာသီမွာ အပူဒဏ္ကို အံတုနိုင္ဖုိ႔အတြက္ ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္ေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

ေႏြရာသီမွာ အပူဒဏ္ကို ကာကြယ္ဖုိ႔ ေရွာင္ရန္အခ်က္ေတြကေတာ့

၁။ ညဘက္အေတြမွာ ေရဆြတ္အိပ္တက္ျခင္း

ျပင္းထန္တဲ့ အပူခ်ိန္ေၾကာင့္ အိပ္မေပ်ာ္လို႔ဆုိၿပီး ဖ်ာ၊ သင္ျဖဴးမ်ားကို ေရဆြတ္ျခင္း၊ အိပ္ယာခင္းမ်ားကို ေရ ဆြတ္ျခင္းေတြ ျပဳလုပ္တက္ၾကပါတယ္။ ေန႔ခင္းဘက္ေတြမွာလည္း တခ်ိဳ႔ေတြက ပုဆိုး၊ တဘက္မ်ားကို ေရဆြတ္ျခဳံၿပီး အလုပ္လုပ္ေနၾကတဲ့သူေတြလည္း ရွိပါတယ္။ ဒါဟာ က်န္းမာေရးအတြက္
အရမ္းအႏၱရာယ္ရွိတဲ့ လုပ္ရပ္ေတြပဲ ျဖစ္ပါတယ္။ တခဏတာ အပူသက္သာေပမယ့္ ေရရွည္မွာေတာ့ က်န္းမာေရးကို ဆိုးက်ိဳးေတြျဖစ္လာေစႏုိင္ပါတယ္။

၂။ အကၤ်ီခြ်တ္ၿပီးေနျခင္း

ရာသီဥတုရဲ႕ အပူရွိန္ေၾကာင့္ နံနက္ ၈ နာရီေလာက္တည္းက အေပၚအကၤ်ီေတြခြ်တ္ခ်င္ေနတက္ပါတယ္။ အကၤ်ီခၽြတ္ထားၿပီး အဲကြန္း၊ ပန္ကာေလ တိုက္ရိုက္ထိခံလိုက္မယ္ဆုိရင္ ကိုယ္လက္ေတြ နာက်င္ကိုက္ခဲလာတက္ပါတယ္။ ဒါေၾကာင့္ ဘယ္ေလာက္ပဲအရမ္းပူအံုးေတာ့ အေပၚအကၤ်ီကို မခၽြတ္ဘဲ တစ္ေနကုန္ဝတ္ထားမယ္ဆုိရင္ ေနထိုင္ရအဆင္ေျပၿပီးက်န္းမာေရးႏွင့္ ညီညြတ္မွာျဖစ္ပါတယ္။

>>>ေႏြရာသီမွာ ကေလးငယ္ေတြကို အျပင္ေခၚသြားေတာ့မယ္ဆုိရင္ ဘာေတြျပင္ဆင္သင့္လဲ

၃။ ေရခဲေရေသာက္ျခင္း

အရမ္းပူူူူူူူူူူူူူလြန္းတဲ့ ေနခင္းဘက္ေတြမွာ တတ္နိုင္သေလာက္ ေရခဲေရေသာက္တတ္ကဲ့အက်င့္ကုိ ေရွာင္ၾကဥ္ပါ။ ေရခဲေရဟာ အဝင္ေအးေပမယ့္ ဝမ္းတြင္းထဲေရာက္သြားတဲ့အခါ အပူကိုပဲအားေပးေစပါတယ္။ ဒါေၾကာင့္ တတ္နိုင္ပါက ေရေႏြၾကမ္းေသာက္သံုးေပးပါ။ ေရေႏြးၾကမ္းဟာ မၾကာခဏေရဆာေနျခင္းကို ေျပေပ်ာက္ေစပါတယ္။ ေန႔ခင္းဘက္ေတြမွာ ထန္းလ်က္ခဲအနည္းငယ္ကိုက္ၿပီး ေရေႏြၾကမ္းပူပူေလးေသာက္ေပးမယ္ဆုိရင္ ေရဆာေလာင္ေနမႈကို ေျပေပ်ာက္ေစတဲ့အျပင္ လွေသာအပူဒဏ္ကိုပါ ေမ့ေလ်ာ့ေစနိုင္ပါတယ္။

၄။ အရက္၊ ဘီယာေသာက္သုံးျခင္း

ေႏြရာသီမွာ အပူခ်ိန္ျပင္းထန္တာေၾကာင့္ အရက္၊ ဘီယာေသာက္သုံးျခင္းကို လုံးဝေရွာင္ ၾကဥ္သင့္ပါတယ္။ အယ္လ္ကိုေဟာနဲ႔ ျပင္းထန္တဲ့ အပူခ်ိန္တို႔ေပါင္းစပ္လိုက္မယ္ဆုိရင္ေတာ့ ဦးေႏွာက္ ေသြးေၾကာျပတ္ႏုိင္ပါတယ္။ တတ္နိုင္ပါကေဆးလိပ္ကိုလည္း ေရွာင္ရွားသင့္ပါတယ္။

Read More>>>ကုန္စံုဆုိင္မ်ား(1871)ရဲ႕ လိပ္စာနဲ႔ ဖုန္းနံပါတ္မ်ား

ေႏြရာသီမွာ အပူဒဏ္ကုိ ကာကြယ္ဖုိ႔ ေဆာင္ရန္အခ်က္ေတြကေတာ့

၁။ အိပ္ရာမဝင္ခင္ ေရခ်ိဳးေပးပါ။

ညဘက္ေတြမွာ ႏွစ္ၿခိဳက္စြာ အိပ္စက္နိုင္ေရးအတြက္ အိပ္ရာမဝင္မီ ေရခ်ိဳးျခင္း၊ ကိုယ္လက္သန႔္စင္ ျခင္းမ်ားျပဳလုပ္ၿပီး ေလဝင္ေလထြက္ ေကာင္းေအာင္ တံခါးအားလုံးကို ဖြင့္ထားေပးပါ။ အထူးသျဖင့္ ျခင္ေထာင္ေထာင္ အိပ္ဖို႔လည္းမေမ့ပါနဲ႔။ ေရရွားပါးေသာေဒသမ်ားတြင္ ေရပတ္တိုက္ၿပီးမွ အိပ္ယာဝင္သင့္ပါတယ္။

၂။ သနပ္ခါး လိမ္းပါ။

ေႏြရာသီမွာ သနပ္ခါးထူထူလိမ္းထားျခင္းဟာလည္း အပူဒဏ္ခံနိုင္ၿပီး အေအးဓာတ္ရေစပါတယ္။
တစ္ကိုယ္ေရသန႔္ရွင္းေရးကို အထူးဂ႐ုစိုက္ၿပီး ကေလးငယ္ေတြကို ျမန္မာသနပ္ခါးမ်ား လိမ္းေပးထားမယ္ဆုိရင္ေတာ့ အထိုက္အေလ်ာက္ကာကြယ္နိုင္မွာ ျဖစ္ပါတယ္။

၃။ ေရမ်ားမ်ားေသာက္ပါ။

ေႏြရာသီတြင္ ေသာက္ေရအတြက္ ညဘက္ကတည္းက သဲအိုးထဲတြင္ ေရထည့္ထားသင့္ပါတယ္။ အဲဒီလို ႔ထည့္ထားျခင္းအားျဖင့္ သဲအိုးထဲကေရဟာ ေန႔ခင္းဘက္မွာ ေရခဲေရလို႔ေအးစိမ့္ၿပီး က်န္းမာေရးနဲ႔လည္း ကိုက္ညီမႈရွိပါတယ္။

၄။ သစ္ရိပ္၊ ဝါးရိပ္ေအာက္မွာေနပါ။

ေႏြရာသီ အပူဒဏ္ကိုအံတုနိုင္ရန္ဖုိ႔အတြက္ သဘာဝကေပးတဲ့ သစ္ရိပ္၊ ဝါးရိပ္ေတြကသာ အေကာင္းဆုံးျဖစ္ပါတယ္။ ေတာဓေလ့ ထန္းရြက္နဲ႔ သက္ငယ္တဲမ်ားဟာ အပူဒဏ္ခံနိုင္တဲ့ အေဆာက္အအုံ
မ်ားပဲျဖစ္ပါတယ္။ တတ္နိုင္ပါက သက္ႀကီးရြယ္အိုမ်ားနဲ႔ ကေလးမ်ားအတြက္ ယာယီအပူေရွာင္တဲမ်ား ေဆာက္လုပ္ေပးထားသင့္ပါတယ္။

အခုေဖာ္ျပေပးခဲ့တာကေတာ့ အပူဒဏ္ကုိကာကြယ္ဖုိ႔ ေဆာင္ရန္ေရွာင္ရန္အခ်က္ေတြပဲျဖစ္ပါတယ္။

My Mandalay

 

Zawgyi

အခုရက်ပိုင်းအတွင်းမှာ အပူချိန်ဟာ အရမ်းကိုမြင့်တက်လာတာကြောင့် မိုးလင်းကတည်းက ချွေးတဒီးဒီကျပြီး နေရထိုင်ရခက်လာကြပါတယ်။ လူတိုင်းရဲ့ နှုတ်ဖျားမှာလဲ ''ပူလိုက်တာ'' ဆိုတဲ့ စကားကိုပဲ နေ့စဉ်ကြားနေရတက်ပါတယ်။ ဒါကြောင့် နွေရာသီမှာ အပူဒဏ်ကို အံတုနိုင်ဖို့အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

နွေရာသီမှာ အပူဒဏ်ကို ကာကွယ်ဖို့ ရှောင်ရန်အချက်တွေကတော့

၁။ ညဘက်အတွေမှာ ရေဆွတ်အိပ်တက်ခြင်း

ပြင်းထန်တဲ့ အပူချိန်ကြောင့် အိပ်မပျော်လို့ဆိုပြီး ဖျာ၊ သင်ဖြူးများကို ရေဆွတ်ခြင်း၊ အိပ်ယာခင်းများကို ရေ ဆွတ်ခြင်းတွေ ပြုလုပ်တက်ကြပါတယ်။ နေ့ခင်းဘက်တွေမှာလည်း တချို့တွေက ပုဆိုး၊ တဘက်များကို ရေဆွတ်ခြုံပြီး အလုပ်လုပ်နေကြတဲ့သူတွေလည်း ရှိပါတယ်။ ဒါဟာ ကျန်းမာရေးအတွက်
အရမ်းအန္တရာယ်ရှိတဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ တခဏတာ အပူသက်သာပေမယ့် ရေရှည်မှာတော့ ကျန်းမာရေးကို ဆိုးကျိုးတွေဖြစ်လာစေနိုင်ပါတယ်။

၂။ အင်္ကျီချွတ်ပြီးနေခြင်း

ရာသီဥတုရဲ့ အပူရှိန်ကြောင့် နံနက် ၈ နာရီလောက်တည်းက အပေါ်အင်္ကျီတွေချွတ်ချင်နေတက်ပါတယ်။ အင်္ကျီချွတ်ထားပြီး အဲကွန်း၊ ပန်ကာလေ တိုက်ရိုက်ထိခံလိုက်မယ်ဆိုရင် ကိုယ်လက်တွေ နာကျင်ကိုက်ခဲလာတက်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲအရမ်းပူအုံးတော့ အပေါ်အင်္ကျီကို မချွတ်ဘဲ တစ်နေကုန်ဝတ်ထားမယ်ဆိုရင် နေထိုင်ရအဆင်ပြေပြီးကျန်းမာရေးနှင့် ညီညွတ်မှာဖြစ်ပါတယ်။

၃။ ရေခဲရေသောက်ခြင်း

အရမ်းပူူူူူူူူူူူူူလွန်းတဲ့ နေခင်းဘက်တွေမှာ တတ်နိုင်သလောက် ရေခဲရေသောက်တတ်ကဲ့အကျင့်ကို ရှောင်ကြဉ်ပါ။ ရေခဲရေဟာ အဝင်အေးပေမယ့် ဝမ်းတွင်းထဲရောက်သွားတဲ့အခါ အပူကိုပဲအားပေးစေပါတယ်။ ဒါကြောင့် တတ်နိုင်ပါက ရေနွေကြမ်းသောက်သုံးပေးပါ။ ရေနွေးကြမ်းဟာ မကြာခဏရေဆာနေခြင်းကို ပြေပျောက်စေပါတယ်။ နေ့ခင်းဘက်တွေမှာ ထန်းလျက်ခဲအနည်းငယ်ကိုက်ပြီး ရေနွေကြမ်းပူပူလေးသောက်ပေးမယ်ဆိုရင် ရေဆာလောင်နေမှုကို ပြေပျောက်စေတဲ့အပြင် လှသောအပူဒဏ်ကိုပါ မေ့လျော့စေနိုင်ပါတယ်။

၄။ အရက်၊ ဘီယာသောက်သုံးခြင်း

နွေရာသီမှာ အပူချိန်ပြင်းထန်တာကြောင့် အရက်၊ ဘီယာသောက်သုံးခြင်းကို လုံးဝရှောင် ကြဉ်သင့်ပါတယ်။ အယ်လ်ကိုဟောနဲ့ ပြင်းထန်တဲ့ အပူချိန်တို့ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ဦးနှောက် သွေးကြောပြတ်နိုင်ပါတယ်။ တတ်နိုင်ပါကဆေးလိပ်ကိုလည်း ရှောင်ရှားသင့်ပါတယ်။

နွေရာသီမှာ အပူဒဏ်ကို ကာကွယ်ဖို့ ဆောင်ရန်အချက်တွေကတော့

၁။ အိပ်ရာမဝင်ခင် ရေချိုးပေးပါ။

ညဘက်တွေမှာ နှစ်ခြိုက်စွာ အိပ်စက်နိုင်ရေးအတွက် အိပ်ရာမဝင်မီ ရေချိုးခြင်း၊ ကိုယ်လက်သန့်စင် ခြင်းများပြုလုပ်ပြီး လေဝင်လေထွက် ကောင်းအောင် တံခါးအားလုံးကို ဖွင့်ထားပေးပါ။ အထူးသဖြင့် ခြင်ထောင်ထောင် အိပ်ဖို့လည်းမမေ့ပါနဲ့။ ရေရှားပါးသောဒေသများတွင် ရေပတ်တိုက်ပြီးမှ အိပ်ယာဝင်သင့်ပါတယ်။

၂။ သနပ်ခါး လိမ်းပါ။

နွေရာသီမှာ သနပ်ခါးထူထူလိမ်းထားခြင်းဟာလည်း အပူဒဏ်ခံနိုင်ပြီး အအေးဓာတ်ရစေပါတယ်။
တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ပြီး ကလေးငယ်တွေကို မြန်မာသနပ်ခါးများ လိမ်းပေးထားမယ်ဆိုရင်တော့ အထိုက်အလျောက်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၃။ ရေများများသောက်ပါ။

နွေရာသီတွင် သောက်ရေအတွက် ညဘက်ကတည်းက သဲအိုးထဲတွင် ရေထည့်ထားသင့်ပါတယ်။ အဲဒီလို ့ထည့်ထားခြင်းအားဖြင့် သဲအိုးထဲကရေဟာ နေ့ခင်းဘက်မှာ ရေခဲရေလို့အေးစိမ့်ပြီး ကျန်းမာရေးနဲ့လည်း ကိုက်ညီမှုရှိပါတယ်။

၄။ သစ်ရိပ်၊ ဝါးရိပ်အောက်မှာနေပါ။

နွေရာသီ အပူဒဏ်ကိုအံတုနိုင်ရန်ဖို့အတွက် သဘာဝကပေးတဲ့ သစ်ရိပ်၊ ဝါးရိပ်တွေကသာ အကောင်းဆုံးဖြစ်ပါတယ်။ တောဓလေ့ ထန်းရွက်နဲ့ သက်ငယ်တဲများဟာ အပူဒဏ်ခံနိုင်တဲ့ အဆောက်အအုံ
များပဲဖြစ်ပါတယ်။ တတ်နိုင်ပါက သက်ကြီးရွယ်အိုများနဲ့ ကလေးများအတွက် ယာယီအပူရှောင်တဲများ ဆောက်လုပ်ပေးထားသင့်ပါတယ်။

အခုဖော်ပြပေးခဲ့တာကတော့ အပူဒဏ်ကိုကာကွယ်ဖို့ ဆောင်ရန်ရှောင်ရန်အချက်တွေပဲဖြစ်ပါတယ်။

My Mandalay

 


Read 102 times
Rate :
(7 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.