Tuesday, 03 March 2020 13:50

85196377 789935281529929 2128419104216842240 n

၂၀၁၇ မွ ၂၀၁၉ ခုႏွစ္၊ သံုးႏွစ္တာကာလအတြင္း မႏၱေလးျမိဳ႕တြင္ ေသာက္သံုးရန္ မသင့္ေတာ္ေသာ ေဆး၀ါးမ်ားကို တြဲစပ္ေရာင္းခ်သည့္ ေဆးဆိုင္(၁၃) ဆိုင္ကို ယာယီပိတ္သိမ္းအေရးယူခဲ့ေၾကာင္း အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲမႈဦးစီးဌာနခြဲ - FDA (မႏၲေလး)မွ တုိင္းဦးစီးမွဴး ေဒါက္တာနီနီေအးက ေျပာထားပါတယ္။

၂၀၁၇ ခုႏွစ္တြင္ ေဆးဆိုင္ ကိုးဆိုင္၊ ၂၀၁၈ ခုႏွစ္တြင္ တစ္ဆိုင္ႏွင့္ ၂၀၁၉ ခုႏွဏ္တြင္ သုံးဆိုင္၊ သုံးႏွစ္တာအတြင္း ေဆးဆိုင္ (၁၃) ဆိုင္ကို စီမံခန္႔ခြဲမႈနည္းလမ္းမ်ားအရ သုံးလ ယာယီပိတ္သိမ္းအေရးယူခဲ့သည္ဟု ေဒါက္တာ နီနီေအးက ရွင္းျပထားပါတယ္။

FDA (မႏၲေလး)၏ မွတ္တမ္းမ်ားအရ ေသာက္သုံးရန္ မသင့္ေတာ္ေသာ ေဆးစပ္ေရာင္းခ်မႈျဖင့္ အေရးယူခဲ့ေသာ ေဆးဆိုင္အမ်ားစုသည္ မႏၲေလးၿမိဳ႕ေပၚရွိ ေဆးဆိုင္မ်ားျဖစ္ေၾကာင္း သိရပါတယ္။

Read More>>> FDA မွ စစ္ေဆးေတြ႕ရွိခဲ့သည့္ စားသုံးရန္မသင့္ေသာ အစားအေသာက္ (၂၃) မ်ိဳး

“ေတြ႕ရင္ ဆိုင္ပိတ္တယ္။ စီမံခန္႔ခြဲမႈ နည္းလမ္းမ်ားအရ သုံးလ ပိတ္တယ္။ နယ္က တစ္ဆိုင္ေလာက္ပဲ ပါတယ္။ ပညာေပးရတယ္။ ေတာေရာၿမိဳ႕ပါမက်န္ စပ္ေဆး ဆိုးက်ိဳးေတြကို အသိပညာေပးရတယ္။ စပ္ေဆးေတြကို လူေတြက ယဥ္ပါးေနၾကတယ္။ သက္တမ္းလြန္ေဆး၊ လိုင္းေဆး (တရားဝင္ မွတ္ပုံတင္ထားျခင္း မရွိေသာေဆး) ေတြ၊ စပ္ေဆးေတြကိုေတာ့ မႏၲေလးတိုင္းမွာ ေတာက္ေလွ်ာက္စစ္ေနတယ္” ဟု ေဒါက္တာ နီနိေအးက ေျပာပါတယ္။

စပ္ေဆးေရာင္းခ်သည့္ ေဆးဆိုင္မ်ားကို FDA တာဝန္ရွိသူမ်ားက စစ္ေဆးခဲ့ရာ သက္တမ္းကုန္လြန္ ေဆးဝါးမ်ား၊ မွတ္ပုံတင္မထားေသာ ေဆးဝါးမ်ား၊ ေရာဂါအတြက္ သုံးစြဲရန္မသင့္ေသာ ေဆးဝါးမ်ားပါဝင္ေနသလို အကိုက္အခဲေပ်ာက္ေဆး၊ ေခ်ာင္းဆိုးေပ်ာက္ေဆး၊ စတီး႐ိုက္(Steroid) ေဆးႏွင့္ ပဋိဇီဝေဆးမ်ားကို မလိုအပ္ဘဲ ႏွစ္မ်ိဳးသုံးမ်ိဳး စိတ္ထင္ရာ ပမာဏအမ်ိဳးမ်ိဳးျဖင့္ေရာစပ္ၿပီး အမႈန္႔ႀကိတ္ေရာင္းခ်ျခင္းအပါအဝင္ ပုံသ႑ာန္ အမ်ိဳးမ်ိဳးျပဳလုပ္ကာ စပ္ေဆးအျဖစ္ ေရာင္းခ်ေနသည္ကို ေတြ႕ရသည္ဟု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

Read More>>> FDA မွ ထုတ္ျပန္ထားေသာ စားသံုးရန္မသင့္သည့္ အစားအေသာက္အမွတ္တံဆိပ္ (၁၇) မ်ိဳး

စပ္ေဆးမ်ား ေသာက္သုံးျခင္းသည္ ေရာဂါလကၡဏာကို ေခတၱသက္သာႏိုင္ေသာ္လည္း ေရာဂါအျမစ္ျပတ္ေပ်ာက္ကင္းေစရန္ ကုသမႈခံယူျခင္းမဟုတ္သည့္အတြက္ ေရာဂါအေျခအေန ပိုမိုဆိုး႐ြားေစႏိုင္သလို အသက္အႏၲရာယ္ရွိသည့္အထိ ျဖစ္ေပၚႏိုင္သည္ဟု ဝန္ႀကီးဌာနက သတိေပးထားပါတယ္။

စပ္ေဆးမ်ား ေရာင္းခ်ျခင္းမျပဳရန္ သတိေပးတားျမစ္ထားသလို စပ္ေဆးေရာင္းခ်သည့္ ေဆးဆိုင္မ်ားကို အမ်ိဳးသားေဆးဝါးဥပေဒအရ စစ္ေဆးအေရးယူလွ်က္ရွိေသာ္လည္း ေဆးဆိုင္အမ်ားအျပားသည္ စပ္ေဆးမ်ား ဆက္လက္ ေရာင္းခ်လွ်က္ရွိေၾကာင္း၊ ေဆးဆိုင္မ်ားအေနျဖင့္ လူ႔က်င့္ဝတ္အရ စပ္ေဆးေရာင္းခ်ျခင္းကို လုံးဝ(လုံးဝ) ေရွာင္ၾကဥ္ၾကရန္ႏွင့္ အမ်ားျပည္သူအေနျဖင့္လည္း စပ္ေဆးမ်ား ဝယ္ယူသုံးစြဲျခင္းမွ ေရွာင္ရွားၾကပါရန္ ဝန္ႀကီးဌာနက သတိေပး ထုတ္ျပန္ထားပါတယ္။

Read More>>> ျပည္တြင္းေစ်းကြက္မွာပံ်႕ႏွံ႔ေနတဲ့ အႏၱရာယ္ရွိ စားေသာက္ကုန္ပစၥည္းအတုမ်ား

ေဆးဆိုင္အခ်ိဳ႕က ေရာင္းခ်သည့္ စပ္ေဆးမ်ား

85196377 789935281529929 2128419104216842240 n

87698405 489764011935682 5418201913642450944 n

 

Photo credit: FDA

Ref: FDA , Mandalay_Indepth_News

### Zawgyi Code

စပ်ဆေးရောင်းချနေသည့် မန္တလေးမြို့မှ ဆေးဆိုင်(၁၃)ဆိုင်ကို ယာယီပိတ်သိမ်းထား

၂၀၁၇ မှ ၂၀၁၉ ခုနှစ်၊ သုံးနှစ်တာကာလအတွင်း မန္တလေးမြို့တွင် သောက်သုံးရန် မသင့်တော်သော ဆေးဝါးများကို တွဲစပ်ရောင်းချသည့် ဆေးဆိုင်(၁၃) ဆိုင်ကို ယာယီပိတ်သိမ်းအရေးယူခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနခွဲ - FDA (မန္တလေး)မှ တိုင်းဦးစီးမှူး ဒေါက်တာနီနီအေးက ပြောထားပါတယ်။

၂၀၁၇ ခုနှစ်တွင် ဆေးဆိုင် ကိုးဆိုင်၊ ၂၀၁၈ ခုနှစ်တွင် တစ်ဆိုင်နှင့် ၂၀၁၉ ခုနှဏ်တွင် သုံးဆိုင်၊ သုံးနှစ်တာအတွင်း ဆေးဆိုင် (၁၃) ဆိုင်ကို စီမံခန့်ခွဲမှုနည်းလမ်းများအရ သုံးလ ယာယီပိတ်သိမ်းအရေးယူခဲ့သည်ဟု ဒေါက်တာ နီနီအေးက ရှင်းပြထားပါတယ်။

FDA (မန္တလေး)၏ မှတ်တမ်းများအရ သောက်သုံးရန် မသင့်တော်သော ဆေးစပ်ရောင်းချမှုဖြင့် အရေးယူခဲ့သော ဆေးဆိုင်အများစုသည် မန္တလေးမြို့ပေါ်ရှိ ဆေးဆိုင်များဖြစ်ကြောင်း သိရပါတယ်။

“တွေ့ရင် ဆိုင်ပိတ်တယ်။ စီမံခန့်ခွဲမှု နည်းလမ်းများအရ သုံးလ ပိတ်တယ်။ နယ်က တစ်ဆိုင်လောက်ပဲ ပါတယ်။ ပညာပေးရတယ်။ တောရောမြို့ပါမကျန် စပ်ဆေး ဆိုးကျိုးတွေကို အသိပညာပေးရတယ်။ စပ်ဆေးတွေကို လူတွေက ယဉ်ပါးနေကြတယ်။ သက်တမ်းလွန်ဆေး၊ လိုင်းဆေး (တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသောဆေး) တွေ၊ စပ်ဆေးတွေကိုတော့ မန္တလေးတိုင်းမှာ တောက်လျှောက်စစ်နေတယ်” ဟု ဒေါက်တာ နီနိအေးက ပြောပါတယ်။

စပ်ဆေးရောင်းချသည့် ဆေးဆိုင်များကို FDA တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ သက်တမ်းကုန်လွန် ဆေးဝါးများ၊ မှတ်ပုံတင်မထားသော ဆေးဝါးများ၊ ရောဂါအတွက် သုံးစွဲရန်မသင့်သော ဆေးဝါးများပါဝင်နေသလို အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ စတီးရိုက်(Steroid) ဆေးနှင့် ပဋိဇီဝဆေးများကို မလိုအပ်ဘဲ နှစ်မျိုးသုံးမျိုး စိတ်ထင်ရာ ပမာဏအမျိုးမျိုးဖြင့်ရောစပ်ပြီး အမှုန့်ကြိတ်ရောင်းချခြင်းအပါအဝင် ပုံသဏ္ဍာန် အမျိုးမျိုးပြုလုပ်ကာ စပ်ဆေးအဖြစ် ရောင်းချနေသည်ကို တွေ့ရသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စပ်ဆေးများ သောက်သုံးခြင်းသည် ရောဂါလက္ခဏာကို ခေတ္တသက်သာနိုင်သော်လည်း ရောဂါအမြစ်ပြတ်ပျောက်ကင်းစေရန် ကုသမှုခံယူခြင်းမဟုတ်သည့်အတွက် ရောဂါအခြေအနေ ပိုမိုဆိုးရွားစေနိုင်သလို အသက်အန္တရာယ်ရှိသည့်အထိ ဖြစ်ပေါ်နိုင်သည်ဟု ဝန်ကြီးဌာနက သတိပေးထားပါတယ်။

စပ်ဆေးများ ရောင်းချခြင်းမပြုရန် သတိပေးတားမြစ်ထားသလို စပ်ဆေးရောင်းချသည့် ဆေးဆိုင်များကို အမျိုးသားဆေးဝါးဥပဒေအရ စစ်ဆေးအရေးယူလျှက်ရှိသော်လည်း ဆေးဆိုင်အများအပြားသည် စပ်ဆေးများ ဆက်လက် ရောင်းချလျှက်ရှိကြောင်း၊ ဆေးဆိုင်များအနေဖြင့် လူ့ကျင့်ဝတ်အရ စပ်ဆေးရောင်းချခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြရန်နှင့် အများပြည်သူအနေဖြင့်လည်း စပ်ဆေးများ ဝယ်ယူသုံးစွဲခြင်းမှ ရှောင်ရှားကြပါရန် ဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။

ဆေးဆိုင်အချို့က ရောင်းချသည့် စပ်ဆေးများ

Photo credit: FDA

Ref: FDA , Mandalay_Indepth_News


Read 316 times
Rate :
(20 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.