Friday, 28 February 2020 16:56

Handsome_boy.jpg

မ်က္ႏွာေပၚမွာ ဝက္ျခံဘုေတြကင္းစင္ၿပီး ေစာ္ၾကည္တဲ့ ေကာင္ေလးျဖစ္ဖို႔ဆိုရင္

ေယာက်ာ္ေလးေတြလည္း အသားအေရထိန္းသိမ္းဖို႔လိုအပ္လွပါတယ္။ အလွအပဟာ ဒီေန႔ေခတ္မွာ အမ်ိဳးသမီးေတြအတြက္ တင္မကဘဲ အမ်ိဳးသားေတြအတြက္ပါ အေရး ပါလာပါၿပီ။

မ်က္ႏွာမွာ ဝက္ၿခံဘုေတြ မ်ားမေနဘဲ ေကာင္မေလးေတြ ဝိုင္းဝိုင္းလည္ေစတဲ့ ေယာက်္ားတစ္ဦးျဖစ္လာမွာပါ။ ဒါေပမဲ့ ေယာက်ာ္းေလးေတာ္ေတာ္မ်ားမ်ားက အသားအေရကို ဂ႐ုမစိုက္တတ္ၾကပါဘူး၊ ပတ္ဝန္းက်င္အေျခအေနေၾကာင့္၊(သို႔) ေယာက်ာ္းမွန္ရင္ ႏု႐ြဖို႔မလိုဘူးဆိုတဲ့အယူအဆအမွားေတြေၾကာင့္ ဒီတိုင္းေနတတ္ၾကတာမ်ားပါတယ္။

ဒါေၾကာင့္ေယာက်ာ္းေလးေတြလည္း အသားအေရထိန္းသိမ္းဖို႔လိုအပ္ေၾကာင္း တင္ျပရင္း နည္းလမ္းေလးေတြ ေဖာ္ျပေပးလိုက္ပါတယ္။

Read More >>> စမတ္က်တဲ့ အမ်ိဳးသားတိုင္းမွာရွိသင့္တဲ့ ဖိနပ္မ်ားအေၾကာင္း တေစ့တေစာင္း

မ်က္ႏွာသစ္တဲ့အခါမွာ ေရေအးေအးေလး သုံးၿပီးသစ္ေပးပါ။ တခ်ိဳ႕ေယာက်ာ္းေလးေတာ္ေတာ္မ်ားမ်ားက ဆပ္ျပာနဲ႔ပဲ အလြယ္သစ္တတ္ၾကတယ္။ ဒါေပမဲ့ မိမိအသားအေရနဲ႔ သင့္ေတာ္မယ့္ မ်က္နာသစ္ ဆပ္ျပာေလးေတြ သုံးတာက ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး ဆဲလ္အသစ္ျပန္လည္ျဖစ္တည္ဖို႔ လႈံ႕ေဆာ္ေပးႏိုင္လို႔ အမ်ိဳးသားတိုင္း လုပ္ေပးသင့္ပါတယ္။

မ်က္ႏွာနဲ႔ ခႏၶာကိုယ္အသားအေရေကာင္းမြန္ေစဖို႔ ေရမ်ားမ်ားေသာက္ေပးပါ။ အရက္နဲ႔ေကာ္ဖီေတြက ေရဓာတ္ကို ဆုံးရႈံးေစတာမို႔ အသားအေရေျခာက္ေသြ႕ေစႏိုင္ပါတယ္။ အကယ္လို ႔မိမိက အရက္နဲ ႔ေကာ္ဖီကို မျဖတ္ႏိုင္ဘူးဆိုရင္ေတာ့ ေရတစ္ေန႔ကို (၆) ခြက္ေလာက္ေသာက္ေပးပါ။

ေယာက်ာ္းတစ္ေယာက္ကို အဓိကၾကည့္ေတာ့မယ္ဆိုရင္ ျဖဴလား၊ မဲလားအရင္ၾကည့္တာမဟုပါဘူး၊ မ်က္ႏွာမွာ အေရးအေၾကာင္းေတြ (ႏုလား၊ ရင့္လား) ကို အရင္ၾကည့္ၾကတာပါ။ ဒါေၾကာင့္ အ႐ြယ္မတိုင္ခင္ အေရးအေၾကာင္းေတြ မျဖစ္ေစရန္ ေနေရာင္ခရမ္စ္နဲ႔ အစိုဓာတ္ထိန္းခရင္မ္ေလးေတြ လိမ္းေပးပါ။ မနက္ဘက္မလိမ္းခ်င္ရင္ ညဘက္လိမ္းေပးသင့္ပါတယ္။

ဒါအျပင္အိပ္ခ်ိန္ကိုလည္း သတိထားသင့္ပါတယ္။ ကိုယ့္အသားအေရမွာ ဝက္ၿခံ၊ အဖုအပိန္မ်ားေနျခင္းဟာ အိပ္ခ်ိန္မမွန္ျခင္းေၾကာင့္ ၊ အိပ္ေရးမဝျခင္းေၾကာင့္ ျဖစ္ရတာပါ။ ဒါေၾကာင့္ အိပ္ေရးဝဝအိပ္ေပးဖို႔လည္း လိုအပ္လွပါတယ္။

Beauty Spa (၃၄) ခုရဲ႕ လိပ္စာႏွင့္ ဖုန္းနံပါတ္မ်ား >>> https://bit.ly/32xzpQG

မိန္းခေလးေတြက သူတို႔အသားအေရလွပေအာင္ သခြားသီးကပ္တာတို႔၊ ခရမ္းခ်ဥ္သီးကပ္တာတို႔၊ အာလူးကပ္တာတို႔လုပ္သလိုပဲ ေယာက်ာ္းေလးေတြမွာလည္း ေပါင္းတင္တာမ်ိဳးမလုပ္ခ်င္ရင္ေတာင္ အသီးအ႐ြက္ေတြမ်ားမ်ားစားေပးဖို႔လိုပါတယ္။ အသီးအ႐ြက္စားတာဟာ ခႏၶာကိုယ္အတြက္ အမွ်င္ဓာတ္ရရွိၿပီး ဝမ္းမွန္ေစတဲ့အတြက္ ေျပာင္ရွင္းတဲ့ မ်က္နာကို ပိုင္ဆိုင္ႏိုင္မွာပါ။

ေနာက္ဆုံးတစ္ခ်က္အေနနဲ႔ ေဆးလိပ္ေလွ်ာ့ေသာက္ၾကဖို႔ပါပဲ၊ ေဆးလိပ္ဟာ ေသြးလည္ပတ္မႈကို အားနည္းေစတယ္၊ အ႐ြယ္မတိုင္ခင္ အေရးအေၾကာင္းေတြေပၚၿပီး ျမန္ျမန္ရင့္ေစပါတယ္။ ေဆးလိပ္ကိုႏွစ္ရွည္လမ်ား ေသာက္တဲ့သူေတြမွာဆိုရင္ ႏႈတ္ခမ္းသားေတြ ျပာႏွမ္းၿပီးမည္းေစတယ္။ ဒါေတြက သင့္႐ုပ္ကို ဖ်က္ေနတဲ့ အေလ့အထေတြပါပဲ၊။

Source: Health Product Directory

#Unicode#

မျက်နှာပေါ်မှာ ဝက်ခြံဘုတွေကင်းစင်ပြီး စော်ကြည်တဲ့ ကောင်လေးဖြစ်ဖို့ဆိုရင်

ယောကျာ်လေးတွေလည်း အသားအရေထိန်းသိမ်းဖို့လိုအပ်လှပါတယ်။ အလှအပဟာ ဒီနေ့ခေတ်မှာ အမျိုးသမီးတွေအတွက် တင်မကဘဲ အမျိုးသားတွေအတွက်ပါ အရေး ပါလာပါပြီ။

မျက်နှာမှာ ဝက်ခြံဘုတွေ များမနေဘဲ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်စေတဲ့ ယောကျ်ားတစ်ဦးဖြစ်လာမှာပါ။ ဒါပေမဲ့ ယောကျာ်းလေးတော်တော်များများက အသားအရေကို ဂရုမစိုက်တတ်ကြပါဘူး၊ ပတ်ဝန်းကျင်အခြေအနေကြောင့်၊(သို့) ယောကျာ်းမှန်ရင် နုရွဖို့မလိုဘူးဆိုတဲ့အယူအဆအမှားတွေကြောင့် ဒီတိုင်းနေတတ်ကြတာများပါတယ်။

ဒါကြောင့်ယောကျာ်းလေးတွေလည်း အသားအရေထိန်းသိမ်းဖို့လိုအပ်ကြောင်း တင်ပြရင်း နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

Read More >>> စမတ်ကျတဲ့ အမျိုးသားတိုင်းမှာရှိသင့်တဲ့ ဖိနပ်များအကြောင်း တစေ့တစောင်း

မျက်နှာသစ်တဲ့အခါမှာ ရေအေးအေးလေး သုံးပြီးသစ်ပေးပါ။ တချို့ယောကျာ်းလေးတော်တော်များများက ဆပ်ပြာနဲ့ပဲ အလွယ်သစ်တတ်ကြတယ်။ ဒါပေမဲ့ မိမိအသားအရေနဲ့ သင့်တော်မယ့် မျက်နာသစ် ဆပ်ပြာလေးတွေ သုံးတာက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်ပြန်လည်ဖြစ်တည်ဖို့ လှုံ့ဆော်ပေးနိုင်လို့ အမျိုးသားတိုင်း လုပ်ပေးသင့်ပါတယ်။

မျက်နှာနဲ့ ခန္ဓာကိုယ်အသားအရေကောင်းမွန်စေဖို့ ရေများများသောက်ပေးပါ။ အရက်နဲ့ကော်ဖီတွေက ရေဓာတ်ကို ဆုံးရှုံးစေတာမို့ အသားအရေခြောက်သွေ့စေနိုင်ပါတယ်။ အကယ်လို့မိမိက အရက်နဲ့ကော်ဖီကို မဖြတ်နိုင်ဘူးဆိုရင်တော့ ရေတစ်နေ့ကို (၆) ခွက်လောက်သောက်ပေးပါ။

ယောကျာ်းတစ်ယောက်ကို အဓိကကြည့်တော့မယ်ဆိုရင် ဖြူလား၊ မဲလားအရင်ကြည့်တာမဟုပါဘူး၊ မျက်နှာမှာ အရေးအကြောင်းတွေ (နုလား၊ ရင့်လား) ကို အရင်ကြည့်ကြတာပါ။ ဒါကြောင့် အရွယ်မတိုင်ခင် အရေးအကြောင်းတွေ မဖြစ်စေရန် နေရောင်ခရမ်စ်နဲ့ အစိုဓာတ်ထိန်းခရင်မ်လေးတွေ လိမ်းပေးပါ။ မနက်ဘက်မလိမ်းချင်ရင် ညဘက်လိမ်းပေးသင့်ပါတယ်။

ဒါအပြင်အိပ်ချိန်ကိုလည်း သတိထားသင့်ပါတယ်။ ကိုယ့်အသားအရေမှာ ဝက်ခြံ၊ အဖုအပိန်များနေခြင်းဟာ အိပ်ချိန်မမှန်ခြင်းကြောင့် ၊ အိပ်ရေးမဝခြင်းကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် အိပ်ရေးဝဝအိပ်ပေးဖို့လည်း လိုအပ်လှပါတယ်။

Beauty Spa (၃၄) ခုရဲ့ လိပ်စာနှင့် ဖုန်းနံပါတ်များ >>> https://bit.ly/32xzpQG

မိန်းခလေးတွေက သူတို့အသားအရေလှပအောင် သခွားသီးကပ်တာတို့၊ ခရမ်းချဉ်သီးကပ်တာတို့၊ အာလူးကပ်တာတို့လုပ်သလိုပဲ ယောကျာ်းလေးတွေမှာလည်း ပေါင်းတင်တာမျိုးမလုပ်ချင်ရင်တောင် အသီးအရွက်တွေများများစားပေးဖို့လိုပါတယ်။ အသီးအရွက်စားတာဟာ ခန္ဓာကိုယ်အတွက် အမျှင်ဓာတ်ရရှိပြီး ဝမ်းမှန်စေတဲ့အတွက် ပြောင်ရှင်းတဲ့ မျက်နာကို ပိုင်ဆိုင်နိုင်မှာပါ။

နောက်ဆုံးတစ်ချက်အနေနဲ့ ဆေးလိပ်လျှော့သောက်ကြဖို့ပါပဲ၊ ဆေးလိပ်ဟာ သွေးလည်ပတ်မှုကို အားနည်းစေတယ်၊ အရွယ်မတိုင်ခင် အရေးအကြောင်းတွေပေါ်ပြီး မြန်မြန်ရင့်စေပါတယ်။ ဆေးလိပ်ကိုနှစ်ရှည်လများ သောက်တဲ့သူတွေမှာဆိုရင် နှုတ်ခမ်းသားတွေ ပြာနှမ်းပြီးမည်းစေတယ်။ ဒါတွေက သင့်ရုပ်ကို ဖျက်နေတဲ့ အလေ့အထတွေပါပဲ၊။

Source: Health Product Directory


Read 167 times
Rate :
(4 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.