Saturday, 15 February 2020 13:54

 

hair-rebonding_1.jpg

ပျိုမေတွေအတွက် ဆံပင်ကဟာ ဒုတိယမျက်နှာလို့တောင်ပြောလို့ရပါတယ်။ ဒါကြောင့် ဖောင့်စင်းပြီးလှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ဖို ့အတွက် သဘာဝတရားက ပေးထားတဲ့ နည်းလမ်းကောင်းများစွာကို ပျိုမေတွေအတွက် ဖော်ပြပေးချင်ပါတယ်။

၁။ အုန်းသီးနဲ ့ရှောက်သီး

အသင့်ပြင်ဆင်ထားတဲ့ အုန်းနို ့လတ်လတ်ဆတ်ဆတ် တစ်ဖန်ခွက်ထဲကို ရှောက်ရည် အစက် အနည်းငယ် ထည့်ပါ။ အုန်းနို ့နဲ ့ရှောက်ရည်ရောထားတဲ့ ဖန်ခွက်ကို ရေခဲသေတ္တာထဲမှာ နာရီအနည်းငယ်ကြာအောင် ထည့်ထားပါ။ ဖန်ခွက်ပေါ်မှာ အမြှပ်ထနေတဲ့ မျက်နှာပြင်ထူထူတစ်ခု ဖြစ်ပေါ်လာပါလိမ့်မယ်။ ထိုအနှစ်ကို ချက်ချင်း ဦးရေပြား နဲ ့ဆံပင်တစ်ခုလုံးကို ပွတ်လိမ်းပေးပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ထားပြီးရင် ရေဆေးချပါ။ ဒီနည်းလမ်းကို ပုံမှန်ခဏခဏလုပ်ပေးပါက ဖြောင့်စင်းတဲ့ ဆံကေသာကို ရရှိမှာပါ။

၂။ တရုတ်နံနံရွက်

တရုတ်နံနံရွက်အနု အနည်းငယ်ကို ခြေပြီး ရေအနည်းငယ်နဲ ့ရောမွှေပါ။ အရည်ညှစ်ချပြီး ဖန်ပုလင်းထဲမှာ သိမ်းထားပါ။ အဆိုပါပုလင်းကို အနည်းဆုံး တစ်ရက် ဒီတိုင်းထားရပါတယ်။ ထိုအဆီရည်ကို အထူးသဖြင့် မနက်ပိုင်း ရေမချိုးခင်မှာ ပုံမှန်လိမ်းပေးပါက ဖြောင့်စင်းတဲ့ဆံကေသာကိုရရှိဖို ့အထောက်အကူဖြစ်ပါလိမ့်မယ်။ ခေါင်းလျှော်ရည်နဲ ့မလျှော်ပစ်ခင် ဦးရေပြားပေါ်မှာ နှံ ့အောင်လိမ်းပြီး ၁၅ မိနစ်မှ မိနစ် သုံးဆယ်လောက် ထားပေးဖို ့လိုပါတယ်။

Read More>>>ပ်ိဳေမတုိင္းနွစ္သက္ၾကတဲ့ လက္သည္းနီေတြကို ဘယ္ခ်ိန္ထဲက စတင္အသံုးျပဳခဲ့ၾကတာလဲ

၃။ နွားနို ့

နွားနို ့ဟာ အစိုဓာတ်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး ဆံပင်ဖြောင့်ဖို ့အတွက် သင့်လျော်ပါတယ်။ နွားနို ့ခွက်တစ်ဝက် (ဖြစ်နိုင်ပါက ကျိုချက်ထားပြီး အအေးခံထားသော နွားနို ့) ကို ယူပါ။ ရေခွက်တစ်ဝက်နဲ ့ဆတူရောပေးပါ။ ထိုအရည်ကို စပရေးဖြန်းနိုင်တဲ့ဘူးထဲမှာ သိုလှောင်ပြီး ဆံပင်ကိုဖြန်းပေးပါ။ ခေါင်းမလျှော်ခင် နာရီဝက်လောက် ထားပေးရပါမယ်။ ဒီနည်းလမ်းက ဆံကေသာ ဖြောင့်စင်းစေရုံမက နူးညံ့ချောမွေ ့တဲ့ ဆံကေသာကိုပါ ရရှိစေမှာပါ။

၄။ ကြက်ဆူဆီ

ကြက်ဆူဆီဟာ ဆံပင်ဖြောင့်စင်းစေနိုင်တဲ့ဂုဏ်သတ္တိနဲ ့ဆံကေသာသန်စွမ်းမှု ပေးနိုင်တာကြောင့် နာမည်ကျော်ပါတယ်။ ဦးရေပြားနဲ ့ဆံပင်တစ်လျှောက် လိမ်းပြီး ဘီးနဲ ့ခေါင်းဖြီးပေးပါ။ ခေါင်းဖြီးနေစဉ်မှာပဲ၊ ဆံပင်အခြောက်ခံစက် နဲ ့အပူချိန်အမြင့်ဆုံး ထားပြီး မှုတ်ပေးပါ။ ဆံပင်ဟာ ဆီစိုမနေဘဲ လုံးဝခြောက်သွေ ့သွားသည်အထိ မှုတ်ရပါမယ်။ နောက်မှာတော့ အအေးခံ (ရေခဲသေတ္တာထဲထည့်ထားတဲ့) တဘက်နဲ့ ့ရစ်ပတ်ထားပြီး နာရီဝက်လောက် ထားပေးပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် အပူပြင်းပြင်းနဲ ့ထိတွေ ့ခဲ့ရတဲ့ ဆံပင်ကို ပြန်လည်ထိန်းသိမ်းရာရောက်ပြီး ဖြောင့်စင်းတဲ့ ဆံကေသာကို ရရှိစေမှာပါ။

My Mandalay
Source; Trend

 

Unicode

 

ပ်ိဳေမေတြအတြက္ ဆံပင္ကဟာ ဒုတိယမ်က္နွာလုိ႔ေတာင္ေျပာလုိ႔ရပါတယ္။ ဒါေၾကာင့္ ေဖာင့္စင္းၿပီးလွပတဲ့ ဆံေကသာကို ပုိင္ဆုိင္ဖုိ ့အတြက္ သဘာ၀တရားက ေပးထားတဲ့ နည္းလမ္းေကာင္းမ်ားစြာကို ပ်ိဳေမေတြအတြက္ ေဖာ္ျပေပးခ်င္ပါတယ္။

၁။ အုန္းသီးနဲ ့ေရွာက္သီး

အသင့္ျပင္ဆင္ထားတဲ့ အုန္းႏို ့လတ္လတ္ဆတ္ဆတ္ တစ္ဖန္ခြက္ထဲကို ေရွာက္ရည္ အစက္ အနည္းငယ္ ထည့္ပါ။ အုန္းႏို ့နဲ ့ေရွာက္ရည္ေရာထားတဲ့ ဖန္ခြက္ကို ေရခဲေသတၱာထဲမွာ နာရီအနည္းငယ္ၾကာေအာင္ ထည့္ထားပါ။ ဖန္ခြက္ေပၚမွာ အျမွပ္ထေနတဲ့ မ်က္ႏွာျပင္ထူထူတစ္ခု ျဖစ္ေပၚလာပါလိမ့္မယ္။ ထိုအႏွစ္ကို ခ်က္ခ်င္း ဦးေရျပား နဲ ့ဆံပင္တစ္ခုလုံးကို ပြတ္လိမ္းေပးပါ။ ၁၅ မိနစ္၊ မိနစ္ ၂၀ ေလာက္ထားျပီးရင္ ေရေဆးခ်ပါ။ ဒီနည္းလမ္းကို ပုံမွန္ခဏခဏလုပ္ေပးပါက ေျဖာင့္စင္းတဲ့ ဆံေကသာကို ရရွိမွာပါ။

၂။ တရုတ္နံနံရြက္

တရုတ္နံနံရြက္အႏု အနည္းငယ္ကို ေျချပီး ေရအနည္းငယ္နဲ ့ေရာေမႊပါ။ အရည္ညွစ္ခ်ၿပီး ဖန္ပုလင္းထဲမွာ သိမ္းထားပါ။ အဆုိပါပုလင္းကို အနည္းဆုံး တစ္ရက္ ဒီတုိင္းထားရပါတယ္။ ထုိအဆီရည္ကို အထူးသျဖင့္ မနက္ပုိင္း ေရမခ်ိဳးခင္မွာ ပုံမွန္လိမ္းေပးပါက ေျဖာင့္စင္းတဲ့ဆံေကသာကိုရရွိဖုိ ့အေထာက္အကူျဖစ္ပါလိမ့္မယ္။ ေခါင္းေလွ်ာ္ရည္နဲ ့မေလွ်ာ္ပစ္ခင္ ဦးေရျပားေပၚမွာ ႏွံ ့ေအာင္လိမ္းျပီး ၁၅ မိနစ္မွ မိနစ္ သုံးဆယ္ေလာက္ ထားေပးဖုိ ့လုိပါတယ္။

၃။ ႏြားႏို ့

ႏြားႏုိ ့ဟာ အစိုဓာတ္ကို ျဖည့္ဆည္းေပးႏိုင္တဲ့ ဂုဏ္သတၱိရွိျပီး ဆံပင္ေျဖာင့္ဖို ့အတြက္ သင့္ေလ်ာ္ပါတယ္။ ႏြားႏုိ ့ခြက္တစ္၀က္ (ျဖစ္ႏိုင္ပါက က်ိဳခ်က္ထားျပီး အေအးခံထားေသာ ႏြားႏုိ ့) ကို ယူပါ။ ေရခြက္တစ္၀က္နဲ ့ဆတူေရာေပးပါ။ ထုိအရည္ကို စပေရးျဖန္းႏိုင္တဲ့ဘူးထဲမွာ သိုေလွာင္ျပီး ဆံပင္ကိုျဖန္းေပးပါ။ ေခါင္းမေလွ်ာ္ခင္ နာရီ၀က္ေလာက္ ထားေပးရပါမယ္။ ဒီနည္းလမ္းက ဆံေကသာ ေျဖာင့္စင္းေစရုံမက ႏူးညံ့ေခ်ာေမြ ့တဲ့ ဆံေကသာကိုပါ ရရွိေစမွာပါ။

၄။ ၾကက္ဆူဆီ

ၾကက္ဆူဆီဟာ ဆံပင္ေျဖာင့္စင္းေစႏိုင္တဲ့ဂုဏ္သတၱိနဲ ့ဆံေကသာသန္စြမ္းမွဳ ေပးႏိုင္တာေၾကာင့္ နာမည္ေက်ာ္ပါတယ္။ ဦးေရျပားနဲ ့ဆံပင္တစ္ေလွ်ာက္ လိမ္းျပီး ဘီးနဲ ့ေခါင္းၿဖီးေပးပါ။ ေခါင္းၿဖီးေနစဥ္မွာပဲ၊ ဆံပင္အေျခာက္ခံစက္ နဲ ့အပူခ်ိန္အျမင့္ဆုံး ထားၿပီး မွဳတ္ေပးပါ။ ဆံပင္ဟာ ဆီစိုမေနဘဲ လုံး၀ေျခာက္ေသြ ့သြားသည္အထိ မွဳတ္ရပါမယ္။ ေနာက္မွာေတာ့ အေအးခံ (ေရခဲေသတၱာထဲထည့္ထားတဲ့) တဘက္နဲ႔ ့ရစ္ပတ္ထားျပီး နာရီ၀က္ေလာက္ ထားေပးပါ။ ဒီလုိလုပ္ေပးျခင္းျဖင့္ အပူျပင္းျပင္းနဲ ့ထိေတြ ့ခဲ့ရတဲ့ ဆံပင္ကို ျပန္လည္ထိန္းသိမ္းရာေရာက္ျပီး ေျဖာင့္စင္းတဲ့ ဆံေကသာကို ရရွိေစမွာပါ။

My Mandalay
Source; Trend

 


Read 45 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.