Thursday, 13 February 2020 17:23

1753BU-F-1033-homescreen-764x460_1.jpg


ကိုယ်ဝန်ဆောင်မိခင်များအတွက် မိမိရဲ့ကလေးကို ဘယ်လိုနေရာမှာမွေးဖွားမလဲဆိုတာ ကြိုတင်ဆုံးဖြတ်ထားဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ထားစဉ်ကတည်းက မိမိရဲ့ကလေးကို ဘယ်လိုမွေးမယ်။ ဘယ်လိုနေရာမှာ မွေးဖွားမယ်။ ဘယ်ဆေးရုံမှာ ဘယ်သူနဲ့ မွေးဖွားမယ်ဆိုတာ မိဘတွေအားလုံးက ကြိုတင်ပြင် ဆင်ထားသင့်သလို ကြိုတင်ရွေးချယ်ဆုံးဖြတ်ထားသင့်ပါတယ်။

ဒါမှသာကလေး မီးဖွားချိန်ရောက်လာတဲ့အခါမှာ အခက်အခဲမရှိဘဲ အဆင်ပြေချောမွေ့စေမှာပါ။ Birth-Preparedness လို့ခေါ်တဲ့ ဘယ်လို၊ ဘယ်မှာ၊ ဘယ်တော့၊ ဘယ်ဆေးရုံမှာ မွေးမယ်ဆိုတာ မှန်မှန်ကန်ကန်ရွေးချယ်တတ်ဖို ့လိုပါတယ်။ ဘာတွေလိုအပ်မလဲ။ ဘယ်လိုပုံစံမျိုးလိုချင်လဲဆိုတာ မိမိကိုယ်မိမိ မေးခွန်းထုတ်ပြီးအဖြေရှာကြည့်ဖို့လို အပ်ပါတယ်။ တချို့အရာတွေက အသေးအဖွဲလေးတွေဆိုပြီး အမှတ်တမဲ့ထားတတ် ပေမယ့် အဲဒီအသေးအဖွဲလေးတွေကပဲ အရေးကြီးနေတတ်ပါတယ်။

မိခင်ရဲ့ ဝမ်းကြာတိုက်က အပြင်လူ့လောကကြီးကို ထွက်လာရတဲ့ ခရီးလမ်းကြောင်းဟာ ခရီးတို လေးလို့ထင်ရပေမဲ့ မိခင်ရောကလေးကိုပါ အန္တရာယ်ဖြစ်စေတတ်ပါတယ်။ မိမိ ရင်သွေးလေးနှင့် မိခင်ပါ ကျန်းကျန်းမာမာနဲ့ ဒီခရီးတိုကို ဖြတ်သန်းဖို့ ကြိုတင်ပြင် ဆင်မှုတွေလိုပါတယ်။

၁။ သင့်ရင်သွေးလေးကို ဘယ်မှာမွေးမှာလဲ

ကိုယ်ဝန်ဆောင်မိခင်များဟာ ကျွမ်းကျင်တဲ့ဆရာဝန်၊ ဆရာများရှိတဲ့ဆေး တွေမှာပဲမွေးသင့်ပါတယ်။ အိမ်မှာမမွေးသင့်ပါဘူး။ မွေးဖွားဖို့အတွက် ကိုယ်အနားမှာရှိတဲ့ဆေးရုံ၊ ဆေးခန်းတစ်ခုကို ရှာဖွေလေ့လာထားရပါမယ်။ ဒီလိုလေ့လာထားတဲ့အတွက် ဗိုက်နာလာတဲ့အချိန်၊ မအီမသာဖြစ်တဲ့အ ဆင်းတဲ့အချိန်တွေမှာ ချက်ချင်းပြသဖို့လွယ်ကူမှာဖြစ်ပါတယ်။ သင့်အိမ်နဲ့နီးတဲ့နေရာ ဒါမှမဟုတ် သင့်အလုပ်နဲ့နီးတဲ့နေရာက ဆေးရုံ၊ ဆေးခန်းတစ်ခုခုကို ရွေးချယ်ထားခြင်း အားဖြင့် ဆရာဝန်ဆီကနေ Appointment ယူတာတွေ၊ Check-up လုပ်တာတွေ လွယ်ကူစေမှာဖြစ်ပါတယ်။ နီးခြင်းဝေးခြင်းထက် ပိုအရေးကြီးတဲ့ အချက်တွေလည်း စဉ်းစားသင့်ပါတယ်။ ကိုယ်ရွေးချယ်တဲ့ဆေးခန်းဟာ မွေးဖွားရန်ဝမ်းနာ နေချိန်မှာ စောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရဲ့လား။ လိုအပ်လာလျှင် အရေးပေါ်ခွဲစိတ် ကုသမှုတွေပေးနိုင်ရဲ့လား။ သွေးသွန်ခြင်းဆိုတာ မမွေးခင်၊ မွေးနေစဉ်နှင့် မွေးပြီး အချိန်မရွေး သွေးသွန်နိုင်တဲ့အတွက် သွေးရနိုင်တဲ့ ဆေးရုံဟုတ်ရဲ့လား။ ကလေးမွန်းရင်စောင့် ရှောက်နိုင်မဲ့ ကျမ်းကျင်သူရှိရဲ့လား။ ဒါတွေကို လေ့လာထားဖို့ လိုပါတယ်။ ကျွမ်းကျင်သူ ဆရာဝန်၊ ဆရာမနဲ့ တိုင်ပင်ဖို့လိုပါတယ်။

၂။ ဘယ်လိုမွေးမလဲ။ ဘယ်သူနဲ့မွေးမလဲ။

ကျွမ်းကျင်သူ ဆရာဝန်ဆရာမနှင့်သာ မွေးသင့်ပါတယ်။ သင်ကိုယ်ဝန်စောင့်ရှောက် မူခံယူနေသာ ဆရာဝန်၊ ဆရာမနှင့်တိုင်ပင်ပါ။ ဘယ်လိုမွေးလျှင် မိခင်နှင့်ကလေး ကျန်း မာရေးအတွက် အကောင်းဆုံးဖြစ်မလဲဆို တာဆွေးနွေးပါ။ သူကိုယ်တိုင်မွေးပေးရန် မတောင်းဆိုပါနှင့်။ ကိုယ်ဝန်စောင့်ရှောက်မှုပေးသာ ဆရာဝန်များသည် မိမိစောင့်ရှောက်မှုပေးသော ကိုယ်ဝန်ဆောင်တိုင်းအား ကိုယ်တိုင်မွေးပေးရန် မဖြစ်နိုင်ပါ။ မိခင်ကလေး ကျန်းမာစေရန် မွေးဖွားရာတွင် မည်ကဲ့သို့ စောင့်ရှောက်နိုင်မည်ကိုသာ ဆွေးနွေးပါ။ ကိုယ်ဝန်စောင့်ရှောက်မှုပေးသော ဆရာဝန်မှကိုယ်တိုင်မွေးပေးနိုင်ရန် ခွဲစိတ်မွေးဖွားခြင်းသည် အလွန်လွဲမှား နေသော အလေ့အကျင့်ဖြစ်ပါတယ်။ မိခင်ကလေးကျန်းမာရေးအတွက် လိုအပ်မှ ခွဲသင့်ပါတယ်။

ရိုးရိုးမွေးဖွားခြင်းနှင့် ခွဲစိတ်မွေးဖွားခြင်းတို့ရဲ့ အားသာချက် အား နည်းချက်၊ ကောင်းကျိုး၊ ဆိုးကျိုးများကို နောက်လထုတ်မဂ္ဂဇင်းများတွင် ဆက်လက်ဆွေးနွေးတင်ပြသွားပါမယ်။ မိမိကိုယ်တိုင် လေ့လာထားသင့်ပါတယ်။ သို့မဟုတ် တတ်ကျွမ်းသူဆရာဝန်များနှင့် တိုင်ပင်ပါ။ ဆရာဝန်နှင့်တိုင်ပင်ပြီး ရိုးရိုး မွေးမယ်လို့စိတ်ကူးထား တတ်ကြပေမယ့် တစ်ခါတလေ မွေးဖွားစဉ် ကလေး ကျန်းမာရေး၊ မိခင်ကျန်းမာရေး အတွက်လိုအပ်လို့ ခွဲမွေးလိုက်ရတာမျိုးလည်း ကြုံတတ်ပါတယ်။ မိခင်ကလေး နေကောင်းဖို့အဓိကဖြစ်လို့ တတ်ကျွမ်းတဲ့ ဆရာဝန်၊ ဆရာမရဲ့ အကြံဉာဏ်ယူဖို့အရေးကြီးပါတယ်။ ဆရာဝန်၊ ဆရာမရဲ့အကြံဉာဏ်ကိုမယူဘဲ ခွဲ မွေးပေးဖို့တောင်းဆိုရင် မှားသွားတတ်ပါတယ်။ ဘယ်လိုပုံစံမျိုး မွေးဖွား၊ မွေးဖွား မိခင်ကလေးရဲ့ ကျန်းမာရေးအတွက်ပဲလို့ သင့်ရဲ့စိတ်ကို ပြင်ဆင်ထားနိုင်ဖို့လိုပါတယ်။

Read More>>>သင့်လက်သည်းအရောင်ကိုကြည့်ပြီး ကျန်းမာရေးအြခေအနေကို သိရှိနိုင်မယ့်အချက်များ

၃။ သူတို့က ဘယ်လိုအခန်းမျိုးပေးမှာလဲ

အစိုးရဆေးရုံများမှာတော့ အခန်းရွေးချယ်ဖို့ခက်ခဲပါတယ်။ ပိုက်ဆံခန်းမရှိခြင်း၊ ပိုက်ဆံခန်းနည်းခြင်းများကြောင့်၊ ရရာအခန်းဘဲနေရတာများပါတယ်။ အခန်းအနေနှင့် ပြင်ပဆေးရုံများ လောက်မကောင်းသော်လည်း၊ ၂၄ နာရီ တတ်ကျွမ်းသောဆရာဝန်၊ ဆရာမများရှိသဖြင့် ပိုမိုစိတ်ချရပါတယ်။ ပြင်ပဆေးရုံကြီးတွေမှာတော့ အခန်းအမျိုးအစားမျိုးစုံရှိသဖြင့် သင့်ဘက်က တစ်ယောက်ခန်းပဲ နှစ်သက်သလား၊ တစ်ခန်းထဲမှာ မွေးလူနာ လေး၊ ငါးယောက် ရှိတဲ့အခန်းကို နှစ်သက်သလားဆိုတာလည်း စဉ်းစားထားရမှာပါ။ တချို့လူတွေ အတွက်မွေးဖွားတဲ့ကုန်ကျစရိတ်တွေကအခက်မခဲမရှိတတ်ပေမယ့်တချို့လူတွေ အတွက်တော့အခက်အခဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ဘက်က မွေးဖွားတဲ့ ကုန်ကျစရိတ်ကို ဘယ်လောက်အထိကုန်ကျနိုင်ပြီး ဘယ်လိုအခန်းမျိုးဆိုအဆင် ပြေနိုင်မယ်ဆိုတာက အစထည့်စဉ်းစားထားရမှာ ဖြစ်ပါတယ်။ ဒါမှလည်းသင့်ရဲ့ကုန် ကျစရိတ်ကို ကြိုတင်ချိန်ဆနိုင်မှာပါ။

၄။ သူတို့ဆီမှာဆေးကုသတာနဲ့ပတ်သက်လို့ ဘယ်လို Facility တွေရှိလဲ

ဘယ်လောက်ပဲမွေးရခက်ခက် တချို့ဆေးရုံတွေက Facilities ကောင်းတဲ့ အတွက် အခက်အခဲမရှိ အဆင်ပြေပြေမွေးဖွားနိုင်ပါတယ်။ လမစေ့မီမွေးဖွားတာ ပဲဖြစ်ဖြစ်၊ ကိုယ်မျှော်လင့်ထားတဲ့ အချိန်မတိုင်မီမှာ (Due Date) ပေးထားတာ ထက်စောပြီးမွေးတာပဲဖြစ်ဖြစ်၊ ခွဲစိတ်မွေးဖွားရတာပဲဖြစ်ဖြစ် Facilities ကောင်း
ကောင်း ပံ့ပိုးပေးနိုင်တဲ့အတွက် အဆင်ပြေလွယ်ကူနိုင်ပါတယ်။ တချို့အတွက် သားဦးမွေးဖွားခြင်းဖြစ်တယ်ဆိုရင် မွေးဖွားခြင်းကို ကြိုတင်ကြောက်လန့်နေ တတ်တာမျိုးရှိတာကြောင့် ကိုယ်မွေးဖွားမယ့် ဆေးရုံ၊ ဆေးခန်းကို ကြိုတင်လေ့ လာထားဖို့ လိုအပ်မယ်ထင်ပါတယ်။ ဒါဟာ သင့်အတွက် ကြိုတင်ပြင်ဆင်ထား ခြင်းနည်းတစ်ခုပါပဲ။

၅။ ဘယ်လောက်အထိ ကုန်ကျမလဲ

ဒါကတော့ အဓိကထားပြီးစဉ်းစားထားရမယ့် အချက်ပါ။ ကလေးမွေးဖွားမယ့်သူအတွက် ကုန်ကျစရိတ်က အနည်းအများရှိလာပါပြီ။ ကုန်ကျစရိတ်အတွက်လည်း ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ထားရပါပြီ။ သင်မွေးဖွားတဲ့အပေါ်မူတည်ပြီး ဆေးရုံတွေရဲ့ ကုန်ကျစရိတ်က အမျိုးမျိုးရှိပါတယ်။ ဆေးရုံတစ်ခုနဲ့တစ်ခုတော့ မတူညီနိုင်ပါဘူး။ သင်ရွေးချယ်တဲ့နေရာပေါ်မူတည်ပြီး ကုန်ကျစရိတ်တွေရှိပါမယ်။ မွေးဖွားတဲ့ကုန်ကျစရိတ် အမျိုးမျိုးရှိတတ်တာကြောင့် ကြိုတင်လေ့လာထားဖို့ လိုအပ်ပါမယ်။

၆။ ဘယ်လိုစောင့်ရှောက်မှုတွေကို ရရှိနိုင်မလဲ

ဆေးရုံအများစုကတော့ သူတို့ဆီမှာ ဘယ်လိုပံ့ပိုးမှုတွေရှိတယ်ဆိုတာလေ့ လာဖို့ ခွင့်ပြုပါလိမ့်မယ်။ သူတို့ဘက်က မွေးလူနာအတွက်တစ်ယောက်အတွက် ဘယ်လို Facilities တွေ ပေးနိုင်မလဲဆိုတဲ့မေးခွန်းတချို့ကိုတော့ ပြင်ဆင်သွားပါ။ ဒါမှသာ ကိုယ်သိချင်တဲ့မေးခွန်းလေးတွေကို List လုပ်ပြီးမေးမြန်းရင် တိတိကျကျ သိနိုင်မှာဖြစ်ပါတယ်။ ဥပမာ- မေးခွန်းတချို့ကို ပြောရမယ်ဆိုရင် -

၁။ မွေးကင်းစကလေးကိုထားဖို့အတွက် အခန်းကိုရော ဘယ်လိုပြင်ဆင်မှုတွေ လုပ်ပေးပါ သလဲ။
၂။ အဆင်ပြေပြေမွေးဖွားနိုင်ဖို့အတွက် ဆေးရုံက ဘယ်လိုစီစဉ်ပေးမှုတွေရှိပါသလဲ။
၃။ ကလေးမီးဖွားပြီးတဲ့နောက် မိမိရဲ့မိတ်ဆွေတွေလာရောက် ကြည့်ရှုတာမျိုး။ မိသားစုတွေ လာရောက်နေပေးတာမျိုးကို သူတို့ဘက်ကနှစ်သက်လုံးလေး လားဆိုတာလည်း မေးဖို့လိုအပ်ပါတယ်။ လိုက်နာရမဲ့ဆေးရုံရဲ့စည်းကမ်းများ ကိုလည်း သိထားဖို့လိုပါတယ်။
၄။ မွေးကင်းစကလေးအတွက်၊ မိခင်အတွက် ဘယ်လို အဆင်ပြေပြေလုပ်ပေး
နိုင်ပါလဲ။ ဘယ်လို Facilities တွေရှိလဲ။ သင့်ရဲ့ကလေးကို ပြုစုလုပ်ကိုင်ပေးဖို့ ဆရာမရောပေးထားသလား။

စတဲ့ မေးခွန်းတချို့ကို မေးနိုင်ဖို့ သင့်ဘက်က ပြင်ဆင်သွားရမှာပါ။ ဒါမှသာ ၊ မိမိသိချင်တာကို အသေးစိပ် (Detai) သိနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ကိုယ်ဝန် ဆောင်မိခင်တွေမီးဖွားဖို့အတွက် ဘယ်လိုနေရာမှာ ျမွးဖွားမလဲဆိုတဲ့ ရွေးချယ်တစ်ခုက အရမ်းကိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ အဲဒီလိုကြိုတင်ဆုံးဖြတ် ထားတဲ့အခါ မိခင်ကလေးကျန်းမာရေးကိုအဓိကထားပြီးမွေးဖွားလာမယ့်ကလေး အတွက်လည်း အဆင်ပြေသလို မွေးလူနာအတွက်လည်း နေထိုင်ရတာ သက် သောင့်သက်သာရှိစေမှာဖြစ်ပါတယ်။
ဘယ်အရာမှာပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ထားခြင်းက အကောင်းဆုံးရလဒ်တစ်ခုကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

Source; မေ့ရင်သွေး
My Mandalay

 


Read 97 times
Rate :
(7 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.