Saturday, 08 February 2020 13:47

nn_1.jpg

 

လက်သည်းလို့ ပြောတဲ့နေရာမှာ ခြေသည်းလည်း ပါဝင်ပါတယ်။ လက်သည်း ခြေသည်းဆိုတာက လူ့ခန္ဓာကိုယ်ရဲ့ အလှအပတစ်ခုအဖြစ် ဖော်ပြဝင့်ကြွားလို့ရတဲ့ အရာပါ။ အထူးသဖြင့် အမျိုးသမီးတွေဟာ ဆေးဆိုး၊ ပုံဖော်ပြီး လှပအောင် ပြင်ဆင်ရတာကို သဘောကျတတ် ကြပါတယ်။ အလှဆင်ရုံ သက်သက်ပဲ အသုံးဝင်တာ မဟုတ်ပါဘူး။

လက်သည်းတွေရဲ့ ပြောင်းလဲမှုကို ကြည့်ပြီး မိမိရဲ့ကျန်းမာရေး အခြေအနေကိုလည်း သိရှိနိုင်ပါတယ်။ လက်သည်းမှတစ်ဆင့် ရောဂါရှာဖွေခြင်းကို အနောက်တိုင်း ဆေးပညာရဲ့ ဖခင်ကြီး ဟစ်ပိုခရေးတီးစ် (Hippocrates) လက်ထက်က စတင်ခဲ့ကြောင်း ဆေးပညာသမိုင်းအရ သိရပါတယ်။

လက်သည်း ခြေသည်းတွေဟာ ခန္ဓာကိုယ်ရဲ့ သဘာဝက ပေးထားတဲ့ ဆရာဝန်ပါ။ မိမိခိန္ဓာကိုယ်မှာ ရောဂါရှိ မရှိကို သွေးဖောက်ခြင်း၊ ဆီး/ဝမ်း စစ်ဆေးခြင်းဖြင့် သိရှိနိုင်သကဲ့သို့ လက်သည်းရဲ့ အရောင်ကို ကြည့်ပြီး အချို့ရောဂါတွေ ဖြစ်မဖြစ် သိရှိနိုင်ပါတယ်။ လက်သည်းရဲ့ အဓိကတာဝန်ကတော့ ပျော့ပျောင်းတဲ့လက် ထိပ်လေးတွေကို ကာကွယ်ရန်နဲ့ လက်သည်း အောက်ခြေရှိ အရစ်ကလေးများက လက်သည်းကို ကျွတ်ထွက် မသွားအောင် ကာကွယ်ပေးဖို့ဖြစ်ပါတယ်။

ပုံမှန် ကျန်းမာတဲ့ လက်သည်းဟာ နီမြန်းတဲ့ အရောင်ရှိပါတယ်။ ညီညာ ချောမွေ့ပြီး၊ အစင်းတွေ ချိုင့်တွေ မရှိပါဘူး။ အရောင်က တစ်ပြေးညီ ဖြစ်နေသလို အပျော့ အမာလည်း တစ်သားတည်း ရှိပါတယ်။ လက်သည်း အရောင်ပြောင်းသွားခြင်း၊ ပုံပျက်လာခြင်း၊ လက်သည်းများ ပါးလာခြင်းနှင့် လက်သည်းအောက်ခြေမှ ကွာလာခြင်းများ ဖြစ်လျှင် မိမိခန္ဓာကိုယ်တွင် ရောဂါတစ်ခုခု ဖြစ်နေကြောင်း သတိပြုရပါမယ်။

Read More>>>ေဆာင္းတြင္းဘက္ ေရမခ်ိဳးျခင္းရဲ႕ ေနာက္ဆက္တြဲျပႆနာမ်ား

လက်သည်းအရောင်နှင့်ရောဂါလက္ခဏာ

(၁) လက်သည်းဟာ အရောင်ဖျော့နေမယ် (သို့မဟုတ်) ပြာနှမ်းနှမ်း ဖြစ်နေမယ်ဆိုရင် သွေးလည်ပတ်မှုမှာ ပြဿနာ ရှိနေကြောင်း ပြသနေတာပါ။ သွေးအားနည်းခြင်းနဲ့ နှလုံးရောဂါဖြစ်ဖို့ များပါတယ်။

(၂) အဝါရောင် လက်သည်းက အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါ ဖြစ်နိုင်ကြောင်း ရည်ညွှန်းတာပါ။

(၃) လက်သည်းအရောင် မွဲခြောက်ခြောက်မှာ အလျားလိုက် လိုင်းလေးတွေလည်း ပေါ်နေမယ်ဆိုရင်တော့ အာဟာရ ချို့တဲ့ခြင်း၊ ဝက်သက်ပေါက်ခြင်း၊ ကျောက်ပေါက်ခြင်းနဲ့ ပါးချိတ် ရောင်ခြင်းတို့ကို ညွှန်ပြခြင်းပဲ ဖြစ်ပါတယ်။

(၄) လက်သည်း တစ်ဝက်ကပန်းရောင် (သို့မဟုတ်) အညိုရောင်ဖြစ်ပြီး ကျန်တဲ့နေရာတွေမှာ အဖြူရောင်ပြေးနေရင် ကျောက်ကပ်ရောဂါ ဖြစ်ဖို့ များပါတယ်။

(၅) လက်သည်းရဲ့ အောက်ခြေမှာ အနီရောင်အလျားလိုက် မျဉ်းလေးတွေပေါ်နေရင် လက်သည်းအောက်ထဲမှာ သွေးယိုနေကြောင်း ပြသတာပါ။ အကယ်၍ အနီရောင်မျဉ်းက နှစ်ထပ်ဖြစ်နေရင်တော့ သွေးတိုးနေတာပါ။ တစ်ခါတစ်ရံ လက်သည်းပေါ်မှာ အဖြူရောင် လခြမ်းပုံလိုလို လေးတွေ့ရတတ်ပါတယ်။ အဲဒီပုံရိပ် လေးတွေရဲ့ ဖော်ပြချက်ကတော့ …. (က) လက်ညှိုး - အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ဝေဒနာကို ပြသတာပါ။ (ခ) လက်ခလယ် - အိပ်ရေးပျက်ခြင်း၊ မကြာခဏ ခေါင်းကိုက်ခြင်းကို ရည်ညွှန်းပါတယ်။ (ဂ) လက်သူကြွယ် - အမျိုးသမီးများ ဓမ္မတာမမှန်ခြင်းကို ဖော်ပြနေတာပါ။ (ဃ) လက်သန်း - နှလုံးအားနည်းကြောင်း ညွှန်ပြနေတာဖြစ်ပါတယ်။

ကာကွယ်ရန်

(၁) လက်သည်းရှည်လေ ထိခိုက် ဒဏ်ရာရနိုင်လေ ဖြစ်တာကြောင့် လက်သည်းကို တိုတိုထားတာ အကောင်းဆုံးပါပဲ။

(၂) အချိန်မှန် လှီးဖြတ်ပေးရပါမယ်။ ရေချိုးပြီးချိန်၊ လက်ဆေးပြီးချိန်လိုမျိုး လက်သည်းကို ရေနူးနေတဲ့အချိန်မှာ လှီးဖြတ်ပေးပါ။ လက်သည်းညှပ်က ချွန်ထက်နေဖို့လည်း လိုပါတယ်။ လက်သည်းထိပ်နဲ့ ကပ်နေအောင်လည်း မညှပ်ရပါဘူး။

(၃) လက်သည်းတွေကို စိုနေတဲ့ရေထဲမှာ အကြာကြီး စိမ်ထားခြင်းဟာ လက်သည်းကြွပ်ဆက်မှု ဖြစ်ပွားစေနိုင်လို့ ရှောင်ကြဉ်သင့်ပါတယ်။

(၄) ပန်းကန်ဆေး၊ အဝတ်လျှော်၊ ဓာတုဆေးတွေ ကိုင်တွယ်တော့မယ်ဆိုရင် လက်အိတ်စွပ်ပြီးမှသာ ပြုလုပ်ပါ။

(၅) အရေပြား လိမ်းဆေးရည် (Hand Lotion) ကို တစ်နေ့နှစ်ခါလောက် လိမ်းပေးပါ။ ညအိပ်ရာဝင်ခါနီးမှာ လိမ်းပြီးအိပ်ရင် ပိုကောင်းပါတယ်။

(၆) လက်သည်းကို အသုံးပြုရတဲ့ ကိစ္စတွေမှာ အားကိုလိုတာထက် ပိုမသုံးပါနဲ့။

(၇) လက်သည်း ကိုက်တတ်တဲ့ အကျင့်ရှိရင် ဖျောက်ပစ်လိုက်ပါ။ ဒဏ်ရာသေးသေးလေးမှ တစ်ဆင့် ပိုးမွှားများ ဝင်ရောက်လာနိုင်လို့ ဖြစ်ပါတယ်။

(၈) လက်သည်းဘေးမှာ အသားမာလေးတွေ တက်လာရင် လက်သည်းညှပ်နဲ့ ညှပ်ထုတ်ပစ်ပါ။ သွားနဲ့မကိုက်ပစ်ရပါဘူး။

(၉) လက်သည်း ဖျက်ဆေးသုံးတဲ့အခါမှာလည်း အဆီတုန်း(Acetone)မပါတဲ့ အမျိုးအစားကိုသုံးပါ။ အဆီတုန်း (Acetone)ပါတဲ့ဆေးက လက်သည်းကို ခြောက်သွေ့ပြီး အက်ကွဲစေနိုင်ပါတယ်။ (Acetone ဆိုတာ လက်သည်း ဖျက်ဆေးမှာ သုံးတဲ့ ဓာတ်ငွေ့တစ်မျိုးပါ။)

(၁၀) လက်သည်းကို အမြဲတမ်းသွေ့ခြောက်၊ သန့်ရှင်းအောင်ထားပါ။ သံပရာသီးစိတ်နဲ့ ပွတ်တိုက်ပေးရင် လက်သည်း ခြေသည်းများ ကျန်းမာသန်စွမ်း စေနိုင်ပါတယ်။


Source; ခိုင်သန္တာလွင်

 

လက္သည္းလို႔ ေျပာတဲ့ေနရာမွာ ေျခသည္းလည္း ပါဝင္ပါတယ္။ လက္သည္း ေျခသည္းဆိုတာက လူ႔ခႏၶာကိုယ္ရဲ့ အလွအပတစ္ခုအျဖစ္ ေဖာ္ျပဝင့္ႂကြားလို႔ရတဲ့ အရာပါ။ အထူးသျဖင့္ အမ်ိဳးသမီးေတြဟာ ေဆးဆိုး၊ ပုံေဖာ္ၿပီး လွပေအာင္ ျပင္ဆင္ရတာကို သေဘာက်တတ္ ၾကပါတယ္။ အလွဆင္႐ုံ သက္သက္ပဲ အသုံးဝင္တာ မဟုတ္ပါဘူး။ လက္သည္းေတြရဲ့ ေျပာင္းလဲမႈကို ၾကည့္ၿပီး မိမိရဲ့က်န္းမာေရး အေျခအေနကိုလည္း သိရွိနိုင္ပါတယ္။ လက္သည္းမွတစ္ဆင့္ ေရာဂါရွာေဖြျခင္းကို အေနာက္တိုင္း ေဆးပညာရဲ့ ဖခင္ႀကီး ဟစ္ပိုခေရးတီးစ္ (Hippocrates) လက္ထက္က စတင္ခဲ့ေၾကာင္း ေဆးပညာသမိုင္းအရ သိရပါတယ္။

 

လက္သည္း ေျခသည္းေတြဟာ ခႏၶာကိုယ္ရဲ့ သဘာဝက ေပးထားတဲ့ ဆရာဝန္ပါ။ မိမိခိႏၶာကိုယ္မွာ ေရာဂါရွိ မရွိကို ေသြးေဖာက္ျခင္း၊ ဆီး/ဝမ္း စစ္ေဆးျခင္းျဖင့္ သိရွိနိုင္သကဲ့သို႔ လက္သည္းရဲ့ အေရာင္ကို ၾကည့္ၿပီး အခ်ိဳ႕ေရာဂါေတြ ျဖစ္မျဖစ္ သိရွိနိုင္ပါတယ္။ လက္သည္းရဲ့ အဓိကတာဝန္ကေတာ့ ေပ်ာ့ေပ်ာင္းတဲ့လက္ ထိပ္ေလးေတြကို ကာကြယ္ရန္နဲ႔ လက္သည္း ေအာက္ေျခရွိ အရစ္ကေလးမ်ားက လက္သည္းကို ကၽြတ္ထြက္ မသြားေအာင္ ကာကြယ္ေပးဖို႔ျဖစ္ပါတယ္။

 

ပုံမွန္ က်န္းမာတဲ့ လက္သည္းဟာ နီျမန္းတဲ့ အေရာင္ရွိပါတယ္။ ညီညာ ေခ်ာေမြ႕ၿပီး၊ အစင္းေတြ ခ်ိဳင့္ေတြ မရွိပါဘူး။ အေရာင္က တစ္ေျပးညီ ျဖစ္ေနသလို အေပ်ာ့ အမာလည္း တစ္သားတည္း ရွိပါတယ္။ လက္သည္း အေရာင္ေျပာင္းသြားျခင္း၊ ပုံပ်က္လာျခင္း၊ လက္သည္းမ်ား ပါးလာျခင္းႏွင့္ လက္သည္းေအာက္ေျခမွ ကြာလာျခင္းမ်ား ျဖစ္လၽွင္ မိမိခႏၶာကိုယ္တြင္ ေရာဂါတစ္ခုခု ျဖစ္ေနေၾကာင္း သတိျပဳရပါမယ္။

 

လက္သည္းအေရာင္ႏွင့္ေရာဂါလကၡဏာ

 

(၁) လက္သည္းဟာ အေရာင္ေဖ်ာ့ေနမယ္ (သို႔မဟုတ္) ျပာႏွမ္းႏွမ္း ျဖစ္ေနမယ္ဆိုရင္ ေသြးလည္ပတ္မႈမွာ ျပႆနာ ရွိေနေၾကာင္း ျပသေနတာပါ။ ေသြးအားနည္းျခင္းနဲ႔ ႏွလုံးေရာဂါျဖစ္ဖို႔ မ်ားပါတယ္။

 

(၂) အဝါေရာင္ လက္သည္းက အသက္ရႉလမ္းေၾကာင္းနဲ႔ ဆိုင္တဲ့ေရာဂါ ျဖစ္နိုင္ေၾကာင္း ရည္ညႊန္းတာပါ။

 

(၃) လက္သည္းအေရာင္ မြဲေျခာက္ေျခာက္မွာ အလ်ားလိုက္ လိုင္းေလးေတြလည္း ေပၚေနမယ္ဆိုရင္ေတာ့ အာဟာရ ခ်ိဳ႕တဲ့ျခင္း၊ ဝက္သက္ေပါက္ျခင္း၊ ေက်ာက္ေပါက္ျခင္းနဲ႔ ပါးခ်ိတ္ ေရာင္ျခင္းတို႔ကို ညႊန္ျပျခင္းပဲ ျဖစ္ပါတယ္။

 

(၄) လက္သည္း တစ္ဝက္ကပန္းေရာင္ (သို႔မဟုတ္) အညိဳေရာင္ျဖစ္ၿပီး က်န္တဲ့ေနရာေတြမွာ အျဖဴေရာင္ေျပးေနရင္ ေက်ာက္ကပ္ေရာဂါ ျဖစ္ဖို႔ မ်ားပါတယ္။

 

(၅) လက္သည္းရဲ့ ေအာက္ေျခမွာ အနီေရာင္အလ်ားလိုက္ မ်ဥ္းေလးေတြေပၚေနရင္ လက္သည္းေအာက္ထဲမွာ ေသြးယိုေနေၾကာင္း ျပသတာပါ။ အကယ္၍ အနီေရာင္မ်ဥ္းက ႏွစ္ထပ္ျဖစ္ေနရင္ေတာ့ ေသြးတိုးေနတာပါ။ တစ္ခါတစ္ရံ လက္သည္းေပၚမွာ အျဖဴေရာင္ လျခမ္းပုံလိုလို ေလးေတြ႕ရတတ္ပါတယ္။ အဲဒီပုံရိပ္ ေလးေတြရဲ့ ေဖာ္ျပခ်က္ကေတာ့ …. (က) လက္ညႇိုး - အစာအိမ္နဲ႔ အူလမ္းေၾကာင္းဆိုင္ရာ ေဝဒနာကို ျပသတာပါ။ (ခ) လက္ခလယ္ - အိပ္ေရးပ်က္ျခင္း၊ မၾကာခဏ ေခါင္းကိုက္ျခင္းကို ရည္ညႊန္းပါတယ္။ (ဂ) လက္သူႂကြယ္ - အမ်ိဳးသမီးမ်ား ဓမၼတာမမွန္ျခင္းကို ေဖာ္ျပေနတာပါ။ (ဃ) လက္သန္း - ႏွလုံးအားနည္းေၾကာင္း ညႊန္ျပေနတာျဖစ္ပါတယ္။

 

ကာကြယ္ရန္

 

(၁) လက္သည္းရွည္ေလ ထိခိုက္ ဒဏ္ရာရနိုင္ေလ ျဖစ္တာေၾကာင့္ လက္သည္းကို တိုတိုထားတာ အေကာင္းဆုံးပါပဲ။

 

(၂) အခ်ိန္မွန္ လွီးျဖတ္ေပးရပါမယ္။ ေရခ်ိဳးၿပီးခ်ိန္၊ လက္ေဆးၿပီးခ်ိန္လိုမ်ိဳး လက္သည္းကို ေရႏူးေနတဲ့အခ်ိန္မွာ လွီးျဖတ္ေပးပါ။ လက္သည္းညႇပ္က ခၽြန္ထက္ေနဖို႔လည္း လိုပါတယ္။ လက္သည္းထိပ္နဲ႔ ကပ္ေနေအာင္လည္း မညႇပ္ရပါဘူး။

 

(၃) လက္သည္းေတြကို စိုေနတဲ့ေရထဲမွာ အၾကာႀကီး စိမ္ထားျခင္းဟာ လက္သည္းႂကြပ္ဆက္မႈ ျဖစ္ပြားေစနိုင္လို႔ ေရွာင္ၾကဥ္သင့္ပါတယ္။

 

(၄) ပန္းကန္ေဆး၊ အဝတ္ေလၽွာ္၊ ဓာတုေဆးေတြ ကိုင္တြယ္ေတာ့မယ္ဆိုရင္ လက္အိတ္စြပ္ၿပီးမွသာ ျပဳလုပ္ပါ။

 

(၅) အေရျပား လိမ္းေဆးရည္ (Hand Lotion) ကို တစ္ေန႔ႏွစ္ခါေလာက္ လိမ္းေပးပါ။ ညအိပ္ရာဝင္ခါနီးမွာ လိမ္းၿပီးအိပ္ရင္ ပိုေကာင္းပါတယ္။

 

(၆) လက္သည္းကို အသုံးျပဳရတဲ့ ကိစၥေတြမွာ အားကိုလိုတာထက္ ပိုမသုံးပါနဲ႔။

 

(၇) လက္သည္း ကိုက္တတ္တဲ့ အက်င့္ရွိရင္ ေဖ်ာက္ပစ္လိုက္ပါ။ ဒဏ္ရာေသးေသးေလးမွ တစ္ဆင့္ ပိုးမႊားမ်ား ဝင္ေရာက္လာနိုင္လို႔ ျဖစ္ပါတယ္။

 

(၈) လက္သည္းေဘးမွာ အသားမာေလးေတြ တက္လာရင္ လက္သည္းညႇပ္နဲ႔ ညႇပ္ထုတ္ပစ္ပါ။ သြားနဲ႔မကိုက္ပစ္ရပါဘူး။

 

(၉) လက္သည္း ဖ်က္ေဆးသုံးတဲ့အခါမွာလည္း အဆီတုန္း(Acetone)မပါတဲ့ အမ်ိဳးအစားကိုသုံးပါ။ အဆီတုန္း (Acetone)ပါတဲ့ေဆးက လက္သည္းကို ေျခာက္ေသြ႕ၿပီး အက္ကြဲေစနိုင္ပါတယ္။ (Acetone ဆိုတာ လက္သည္း ဖ်က္ေဆးမွာ သုံးတဲ့ ဓာတ္ေငြ႕တစ္မ်ိဳးပါ။)

 

(၁၀) လက္သည္းကို အျမဲတမ္းေသြ႕ေျခာက္၊ သန္႔ရွင္းေအာင္ထားပါ။ သံပရာသီးစိတ္နဲ႔ ပြတ္တိုက္ေပးရင္ လက္သည္း ေျခသည္းမ်ား က်န္းမာသန္စြမ္း ေစနိုင္ပါတယ္။

 

 

Source; ခိုင္သႏၲာလြင္

 

 


Read 114 times Last modified on Saturday, 08 February 2020 14:02
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.