Thursday, 06 February 2020 17:36

jjl_1.jpg

 

ေအးခ်မ္းလြန္းတဲ့ ေဆာင္းရာသီဥတုမွာ ေရမခ်ိဳးပဲေနတာဟာ သင္ေတာ္တယ္လုိ႔ သင္ထင္ပါသလား။ အေအးပတ္မွာကုိ စိုးရိမ္တဲ့စိတ္ေၾကာင့္ ေရမခ်ဳိးပဲ ရက္သတၱပတ္ ၾကာေနေလ့ရွိတဲ့ သက္ႀကီးရြယ္အို တစ္ဦးဟာ  သြားဖံုးမ်ား ၾကြၿပီး အစားအေသာက္ ပ်က္လာတာကို ၾကံဳေတြ႕ခဲ့ဖူးပါတယ္။

 

မ်က္ေခ်းမ်ား ထြက္ၿပီး မ်က္စိၾကည့္ မေကာင္း ျဖစ္လာမယ္။ ေရမခ်ဳိးမိတာေၾကာင့္ ကိုယ္တြင္းအပူငုပ္ရာမွ အထက္ကို အပူအခိုးအေငြ႔မ်ား ဆန္တက္လာျခင္းခံရပါလိမ့္မယ္။

 

အသက္(၆၅)ႏွစ္ ေက်ာ္သူမ်ားကို လူႀကီးဟု သတ္မွတ္ၿပီး ေရခ်ဳိးရမယ့္ အခ်ိန္ကိုလည္း ဥတုအလိုက္ သတ္မွတ္ ထားတဲ့ လကၤာရွိပါတယ္။ ျမန္မာ ေဆးဆရာမ်ားဟာ လူႀကီးမ်ား ေရခ်ဳိးမမွားေစရန္ လိုက္နာခိုင္းထားတဲ့ လကၤာကေတာ့ ”ေႏြ ကိုး၊ မိုး တစ္ဆယ္၊ ေဆာင္း တစ္ဆယ့္တစ္” ဆုိၿပီး ျဖစ္ပါတယ္။

 

ဒီလကၤာရဲ႕အဓိပၸာယ္မွာ လူႀကီးမ်ား၊ သက္ႀကီး ရြယ္အိုမ်ား၊ ေနမေကာင္း သူမ်ား ေရခ်ဳိးသင့္တဲ့ အခ်ိန္မွဟာ ေႏြဥတုတြင္ နံနက္ ၉ နာရီခန္႔ျဖစ္ၿပီး မိုးဥတုတြင္ နံနက္ ၁ဝ နာရီနဲ႔ ေဆာင္းဥတုတြင္ အေအးပိုလာသျဖင့္ နံနက္၁၁ နာရီခန္႔အခ်ိန္ေတြဟာ ေရခ်ိဳးဖုိ႔ အသင့္ေတာ္ဆံုးအခ်ိန္ေတြလုိ႔ ေဖာ္ၾကဴးထားတာပဲ ျဖစ္ပါတယ္။ 

 

ဒီစာဆိုဟာ က်န္းမာေရးေကာင္းေနသူ လူငယ္မ်ားအတြက္ မဟုတ္ပါဘူး။ က်န္းမာေရး ယိုယြင္းလာတဲ့ လူႀကီးမ်ား၊ အသက္ႀကီးသူမ်ားအတြက္သာ ျဖစ္ပါတယ္။ ေဆာင္းဥတုဟာ  နံနက္ေစာေစာတြင္ ႏွင္းျမဴမ်ား အံု႔ဆိုင္းၿပီး ေနအလင္းေရာင္ ေႏြးေထြးစြာရရွိဖုိ႔ ေနာက္က်တဲ့ရာသီျဖစ္တာေၾကာင့္ အေအးမပတ္ေအာင္ ေရခ်ဳိး ဆင္ျခင္သင့္ပါတယ္။

 

Read More>>>ပါးစပ္ႏွင့္ ႏွာေခါင္းစည္း (Mask) ကိုအသံုးျပဳရာတြင္ လိုက္နာရမည့္အခ်က္မ်ား

ေႏြးေထြးေအာင္ ညအိပ္ခ်ိန္နဲ႔ နံနက္ေစာေစာ အိပ္ရာထခ်ိန္မ်ားကို သတိျပဳဆင္ျခင္ၿပီး လံုၿခံဳေႏြးေထြးတဲ့ေစာင္၊ အေႏြးထည္အဝတ္အစားမ်ားကို ဂ႐ုတစိုက္ ဝတ္ဆင္သင့္တာကို သတိထား ျပဳမူသင့္ပါတယ္။ ေရမခ်ဳိးျခင္းရဲ႕ ေနာက္ဆက္တြဲေရာဂါေတြကေတာ့

 

အပူငုပ္ၿပီး ကိုယ္သားကိုယ္ေရ ေျခာက္ေသြ႕ျခင္း၊ ပပ္ၾကားအက္ျခင္း၊ အေငြ႕အသက္ မေကာင္းျခင္း၊ မ်က္စိ မၾကည္ျခင္း၊ ပါးစပ္ခံတြင္း နံျခင္း၊ လွ်ာကြဲျခင္း၊ စပ္ျခင္း၊ သြားနာျခင္း၊ သြားဖံုးၾကြျခင္း၊ သြားေျခေရာင္ျခင္း၊ လွ်ာတြင္ အႏွစ္တက္ျခင္း၊ ခံတြင္းပ်က္ျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေခ်ာင္းေျခာက္ ဆုိးျခင္း၊ အဆုတ္တြင္ အပူငုပ္၍ တေငြ႕ေငြ႕ ဖ်ားျခင္း၊ ၾကက္ကိုယ္ကဲ့သို႔ ပူေသာ ေရာဂါျဖစ္ျခင္း၊ စိတ္ေလးျခင္း၊ ညအိပ္မေပ်ာ္ျခင္း စတဲ့  ေရာဂါေပါင္းစံုဝင္ေရာက္ လာႏုိင္ပါတယ္။

 

ဒါေၾကာင့္ ေဆာင္းတြင္းဘက္မွာ ေရခ်ိဳးေတာ့မယ္ဆုိရင္ ေရအိုး၊ ေရကန္ အနီးသို႔ သြားၿပီး ခ်မ္းစိမ့္စိမ့္ ျဖစ္လာရင္ ခ်ိဳးဖုိ႔မသင့္ေတာ့္ပါဘူး။ ခ်ိဳးေတာ့မယ္ဆုိရင္လည္း ဒူးေအာက္ေျခဖ်ားမွ စတင္ၿပီး ေရေလာင္းရပါမယ္။ တျဖည္းျဖည္း အထက္ကိုတက္ၿပီး ေလာင္းလာရပါမယ္။ မ်က္ႏွာသစ္၊ ပလုတ္က်င္း ၿပီးမွ ဦးေခါင္းေပၚသို႔ ေရေလာင္းရပါမယ္။

 

အခ်ိန္ ၾကာျမင့္စြာ ေရခ်ဳိးျခင္း မ်ိဳးကိုလည္း မျပဳလုပ္သင့္ပါဘူး။ ေအးေသာ ရာသီတုမွာ လ်င္ျမန္စြာ ေရခ်ဳိးျခင္း သည္သာ အေကာင္းဆံုး ျဖစ္တယ္လုိ႔ အဆုိအမိန္႔လဲ ရွိခဲ့ဖူးပါတယ္။ ေရခ်ဳိးျခင္းေၾကာင့္ အခိုးအာကာသ ရႏိုင္ၿပီး ေရခ်ဳိးမွားရင္လည္း အခိုးငုပ္ၿပီး ဖ်ားနာတတ္ပါတယ္။ ဒါေၾကာင့္ ဥတုေျပာင္းခ်ိန္ ေရခ်ဳိးျခင္း၊ ဥတုပ်က္ခ်ိန္ ေရခ်ဳိးျခင္း၊ အပူအေအး လြန္ကဲခ်ိန္တြင္ ေရခ်ဳိးျခင္းကို သတိျပဳမိႏုိင္ေအာင္ ေဖာ္ျပေပးလိုက္ရပါတယ္။

 

 

Ref; ၾကည္ျမင့္လြင္ (မုျဒာ)

 

Unicode

 

အေးချမ်းလွန်းတဲ့ ဆောင်းရာသီဥတုမှာ ရေမချိုးပဲနေတာဟာ သင်တော်တယ်လို့ သင်ထင်ပါသလား။ အအေးပတ်မှာကို စိုးရိမ်တဲ့စိတ်ကြောင့် ရေမချိုးပဲ ရက်သတ္တပတ် ကြာနေလေ့ရှိတဲ့ သက်ကြီးရွယ်အို တစ်ဦးဟာ သွားဖုံးများ ကြွပြီး အစားအသောက် ပျက်လာတာကို ကြုံတွေ့ခဲ့ဖူးပါတယ်။

မျက်ချေးများ ထွက်ပြီး မျက်စိကြည့် မကောင်း ဖြစ်လာမယ်။ ရေမချိုးမိတာကြောင့် ကိုယ်တွင်းအပူငုပ်ရာမှ အထက်ကို အပူအခိုးအငွေ့များ ဆန်တက်လာခြင်းခံရပါလိမ့်မယ်။

အသက်(၆၅)နှစ် ကျော်သူများကို လူကြီးဟု သတ်မှတ်ပြီး ရေချိုးရမယ့် အချိန်ကိုလည်း ဥတုအလိုက် သတ်မှတ် ထားတဲ့ လင်္ကာရှိပါတယ်။ မြန်မာ ဆေးဆရာများဟာ လူကြီးများ ရေချိုးမမှားစေရန် လိုက်နာခိုင်းထားတဲ့ လင်္ကာကတော့ ”နွေ ကိုး၊ မိုး တစ်ဆယ်၊ ဆောင်း တစ်ဆယ့်တစ်” ဆိုပြီး ဖြစ်ပါတယ်။

ဒီလင်္ကာရဲ့အဓိပ္ပာယ်မှာ လူကြီးများ၊ သက်ကြီး ရွယ်အိုများ၊ နေမကောင်း သူများ ရေချိုးသင့်တဲ့ အချိန်မှဟာ နွေဥတုတွင် နံနက် ၉ နာရီခန့်ဖြစ်ပြီး မိုးဥတုတွင် နံနက် ၁ဝ နာရီနဲ့ ဆောင်းဥတုတွင် အအေးပိုလာသဖြင့် နံနက်၁၁ နာရီခန့်အချိန်တွေဟာ ရေချိုးဖို့ အသင့်တော်ဆုံးအချိန်တွေလို့ ဖော်ကြူးထားတာပဲ ဖြစ်ပါတယ်။

ဒီစာဆိုဟာ ကျန်းမာရေးကောင်းနေသူ လူငယ်များအတွက် မဟုတ်ပါဘူး။ ကျန်းမာရေး ယိုယွင်းလာတဲ့ လူကြီးများ၊ အသက်ကြီးသူများအတွက်သာ ဖြစ်ပါတယ်။ ဆောင်းဥတုဟာ နံနက်စောစောတွင် နှင်းမြူများ အုံ့ဆိုင်းပြီး နေအလင်းရောင် နွေးထွေးစွာရရှိဖို့ နောက်ကျတဲ့ရာသီဖြစ်တာကြောင့် အအေးမပတ်အောင် ရေချိုး ဆင်ခြင်သင့်ပါတယ်။

နွေးထွေးအောင် ညအိပ်ချိန်နဲ့ နံနက်စောစော အိပ်ရာထချိန်များကို သတိပြုဆင်ခြင်ပြီး လုံခြုံနွေးထွေးတဲ့စောင်၊ အနွေးထည်အဝတ်အစားများကို ဂရုတစိုက် ဝတ်ဆင်သင့်တာကို သတိထား ပြုမူသင့်ပါတယ်။ ရေမချိုးခြင်းရဲ့ နောက်ဆက်တွဲရောဂါတွေကတော့

အပူငုပ်ပြီး ကိုယ်သားကိုယ်ရေ ခြောက်သွေ့ခြင်း၊ ပပ်ကြားအက်ခြင်း၊ အငွေ့အသက် မကောင်းခြင်း၊ မျက်စိ မကြည်ခြင်း၊ ပါးစပ်ခံတွင်း နံခြင်း၊ လျှာကွဲခြင်း၊ စပ်ခြင်း၊ သွားနာခြင်း၊ သွားဖုံးကြွခြင်း၊ သွားခြေရောင်ခြင်း၊ လျှာတွင် အနှစ်တက်ခြင်း၊ ခံတွင်းပျက်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းခြောက် ဆိုးခြင်း၊ အဆုတ်တွင် အပူငုပ်၍ တငွေ့ငွေ့ ဖျားခြင်း၊ ကြက်ကိုယ်ကဲ့သို့ ပူသော ရောဂါဖြစ်ခြင်း၊ စိတ်လေးခြင်း၊ ညအိပ်မပျော်ခြင်း စတဲ့ ရောဂါပေါင်းစုံဝင်ရောက် လာနိုင်ပါတယ်။

ဒါကြောင့် ဆောင်းတွင်းဘက်မှာ ရေချိုးတော့မယ်ဆိုရင် ရေအိုး၊ ရေကန် အနီးသို့ သွားပြီး ချမ်းစိမ့်စိမ့် ဖြစ်လာရင် ချိုးဖို့မသင့်တော့်ပါဘူး။ ချိုးတော့မယ်ဆိုရင်လည်း ဒူးအောက်ခြေဖျားမှ စတင်ပြီး ရေလောင်းရပါမယ်။ တဖြည်းဖြည်း အထက်ကိုတက်ပြီး လောင်းလာရပါမယ်။ မျက်နှာသစ်၊ ပလုတ်ကျင်း ပြီးမှ ဦးခေါင်းပေါ်သို့ ရေလောင်းရပါမယ်။

အချိန် ကြာမြင့်စွာ ရေချိုးခြင်း မျိုးကိုလည်း မပြုလုပ်သင့်ပါဘူး။ အေးသော ရာသီတုမှာ လျင်မြန်စွာ ရေချိုးခြင်း သည်သာ အကောင်းဆုံး ဖြစ်တယ်လို့ အဆိုအမိန့်လဲ ရှိခဲ့ဖူးပါတယ်။ ရေချိုးခြင်းကြောင့် အခိုးအာကာသ ရနိုင်ပြီး ရေချိုးမှားရင်လည်း အခိုးငုပ်ပြီး ဖျားနာတတ်ပါတယ်။ ဒါကြောင့် ဥတုပြောင်းချိန် ရေချိုးခြင်း၊ ဥတုပျက်ချိန် ရေချိုးခြင်း၊ အပူအအေး လွန်ကဲချိန်တွင် ရေချိုးခြင်းကို သတိပြုမိနိုင်အောင် ဖော်ပြပေးလိုက်ရပါတယ်။


Ref; ကြည်မြင့်လွင် (မုဒြာ)

 


Read 169 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.