Saturday, 01 February 2020 11:43

Top_Left_Salon_1.jpg


 


 

Read More>>>တရုတ်မလေးနဲ့တူတဲ့ Makeup Look ရအောင် ပြင်ဆင်ဖို့ အချက်(၇)ချက်


 


 

My Mandalay

 

 

Unicode

 

 

ပျိုမေတိုင်းနှစ်သက်ကြတဲ့ လက်သည်းနီတွေကို ဘယ်ချိန်ထဲက စတင်အသုံးပြုခဲ့ကြတာလဲ

လက်သည်းနီဆိုတာကတော့ ပျိုမေတွေရဲ့ အလှတရားကို ပေါ်လွင်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်တဲ့ အလှပြင်ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။ အခုခေတ်မှာဆိုရင် လက်သည်းနီ၊ ခြေသည်းနီတွေကို ပုံစံအမျိုးအမျိုး၊ ဒီဇိုင်းအမျိုးမျိုးနဲ့ ဆန်းသစ်တီထွင်ပြီး အလှဆင်နေကြပါပြီဖြစ်ပါတယ်။ အခုဒီမှာ ပျိုမေတိုင်း နှစ်သက်သဘောကျကြတဲ့ လက်သည်းနီတွေကို ဘယ်ချိန်လောက်ထဲက စတင်အသုံးပြုခဲ့ကြလဲဆိုတာကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။

လက်သည်းနီတွေကို ၃၀၀၀ ဘီစီ အချိန်လောက်ကတည်းက တရုတ်နိုင်ငံမှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ၆၀၀ ဘီစီပတ်ဝန်းကျင်လောက်မှာတော့ Zhou မင်းဆက် ကာလမှာ တော်ဝင်အိမ်တော်ဟာ ရွှေရောင်နှင့် ငွေရောင်တို့ကို နှစ်သက်ခဲ့ပါတယ်။ ဒါပေမယ့် အနီရောင်နဲ့ အနက်ရောင်ကိုတော့ တော်ဝင်မိသားစုသည် နှစ်သက်စွာ အစားထိုး အသုံးပြုခဲ့ကြပါတယ်။ Ming မင်းဆက်ကာလရောက်တော့ လက်သည်းနီများကို ပျားဖယောင်း၊ ဥအဖြူရောင်များ၊ သစ်ရွက်ဆိုးဆေးများ၊ သစ်ဆေး စတာတွေကို ရောနှောပြီး အသုံးပြုခဲ့ကြပါတယ်။

အီဂျစ်နိုင်ငံရှိ ဇာတ်နိမ့်ပိုင်းလူများဟာ ဖြူရော်တဲ့အရောင်ရှိတဲ့ လက်သည်းနီတွေကို ဆိုးလေ့ရှိကြပါတယ်။ ဇာတ်မြင့်အသိုင်းအဝိုင်းတွေကတော့ နီညိုရောင် လက်သည်းနီတွေကို ဆိုးလေ့ရှိကြပါတယ်။ အဲတုန်းက လက်သည်းနီဆိုးဆေးတွေကို ဒန်းပင်မှ ပြုလုပ်တာဖြစ်ပြီး mummified pharaohs အဖြစ် လူအများသိခဲ့ကြပါတယ်။ ၁၉ ရာစုသို့ ရောက်ရှိလာချိန်မှာတော့ လက်သည်းနီများတွေမှာ သင်းပျံ့တဲ့ အနံ့ပါဝင်ပြီး အနီရောင်အဆီများနှင့် အရောင်တင်ဆေးများကို အရောင်သန်းကာ ပြုလုပ်လာကြပါတယ်။

၁၉ ရာစုနှင့် ၂၀ ရာစုအစောပိုင်းကာလရောက်တဲ့အခါမှာတော့ လူအများဟာ အမှုန့်၊ ခရင်များ (cream) စတာတွေကို လက်သည်းတွင် ဆိုးခြင်းထက် အရောင်တင်ဆေးကို အသုံးပြုတဲ့နည်းကို ပိုမိုနှစ်သက်လာကြပါတယ်။

My Mandalay

 


Read 266 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.