Friday, 31 January 2020 16:11

21xp-virus-explainer-articleLarge.jpg

World Health Organization(WHO) မွ ထုတ္ျပန္ထားေသာ အဆုတ္ေရာင္ေရာဂါ coronavirus ကူးစက္ခံရျခင္းမွ ကာကြယ္နိုင္မည့္ နည္းလမ္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) သား၊ ငါး ေစ်းတြင္ အလုပ္လုပ္ပါက က်န္းမာစြာ ေနထိုင္နိုင္ရန္အတြက္

- အသား၊ ငါးမ်ားကို ကိုင္တြယ္ရာတြင္ လက္အိတ္၊ မ်က္ႏွာဖံုးႏွင့္ ခႏၶာကိုယ္ အကာအကြယ္ပစၥည္းမ်ားကို စနစ္တက် အသံုးျပဳပါ။

- အလုပ္လုပ္ရာတြင္ ဝတ္ဆင္ထားေသာ အဝတ္အထည္မ်ားကို ေန႔စဥ္ ေလွ်ာ္ဖြပ္သန္႔စင္ၿပီး ၎ေနရာတြင္သာ စနစ္တက် သိမ္းဆည္းထားရွိပါ။

- အလုပ္လုပ္ရာတြင္ ဝတ္ဆင္ထားေသာ အဝတ္အစားမ်ားႏွင့္ ဖိနပ္ အသံုးအေဆာင္မ်ားကို မိသားစုဝင္မ်ား ထိေတြ႔မႈမရွိေစရန္ အထူးဂရုစိုက္ပါ။

- သားစိမ္း၊ ငါးစိမ္းမ်ားႏွင့္ တိရစၦာန္မ်ားကို ထိေတြ႔ကိုင္တြယ္ၿပီးတိုင္း လက္ကို ေရ၊ ဆပ္ျပာတို႔ျဖင့္ ေသခ်ာစြာ ေဆးေၾကာပါ။

- အသား၊ ငါးမ်ားကို ကိုင္တြယ္ရာတြင္ အသံုးျပဳေသာ ပစၥည္းမ်ားႏွင့္ အလုပ္လုပ္ေသာေနရာကို ေန႔စဥ္ အနည္းဆံုး တစ္ႀကိမ္ခန္႔ ပိုးသတ္ေဆးေၾကာ သန္႔စင္ပါ။

Read More>>> အေရျပားယားယံတဲ့အခါ ေရွာင္ၾကဥ္သင့္တဲ့ အစားအစာမ်ား

(၂) သား၊ ငါး ေစ်းသြားပါက က်န္းမာစြာ ေနထိုင္နိုင္ရန္အတြက္

- သားစိမ္း၊ ငါးစိမ္းမ်ားကို ကိုင္တြယ္ၿပီးတိုင္း လက္ကို ေရႏွင့္ ဆပ္ျပာတို႔ျဖင့္ ေသခ်ာစြာ ေဆးေၾကာပါ။

- ညစ္ေပေနေသာ လက္ျဖင့္ မ်က္စိ၊ ႏွာေခါင္း၊ ပါးစပ္တို႔ကို ကိုင္တြယ္ ထိေတြ႔ျခင္း မျပဳရ။

- မက်န္းမာေသာ တိရစၦာန္မ်ားႏွင့္ ပုပ္သိုးေနေသာ အသား၊ ငါးမ်ားကို ကိုင္တြယ္ျခင္း မျပဳရ။

- လမ္းေဘး တိရစၦာန္မ်ား၊ စြန္႔ပစ္ အညစ္အေၾကး အမိႈက္မ်ားႏွင့္ အရည္မ်ားကို ထိေတြ႔ကိုင္တြယ္ျခင္း မျပဳရ။

(၃) လံုၿခံဳစိတ္ခ်ရတဲ့ အစားအစာမ်ားကို ခ်က္ျပဳတ္စားေသာက္ပါ

- ကူးစက္ေရာဂါျဖစ္ပြားေနေသာ ေနရာေဒသမ်ားတြင္ အသား၊ ငါးမ်ားကို စနစ္တက် ကိုင္တြယ္ျပင္ဆင္ၿပီး က်က္ေအာင္ ခ်က္ျပဳတ္ထားပါက အႏၱရာယ္ကင္းစြာ စားသံုးနိုင္ပါတယ္။

- ေရာဂါျဖစ္ေနေသာ တရစၦာန္မ်ားႏွင့္ ေရာဂါေၾကာင့္ ေသဆံုးၿပီးျဖစ္ေသာ တိရစၦာန္မ်ား၏ အသားကို စားသံုးျခင္း မျပဳရ။

- သား၊ ငါးမ်ားကို ကိုင္တြယ္အသံုးျပဳသည့္ ဓါး၊ စဥ္းတီးတံုးႏွင့္ ခ်က္ျပဳတ္ထားေသာ အစားအစာမ်ားအတြက္သံုးသည့္ ဓါး၊ စဥ္းတီးတံုးတို႔ကို သီးျခားစီထားပါ။

- သားစိမ္း၊ ငါးစိမ္းမ်ားကို ကိုင္တြယ္ၿပီးတိုင္း အစားအစာမ်ားကို ခ်က္ျပဳတ္ၿပီးတိုင္း လက္ကို စနစ္တက် စင္ၾကယ္စြာ ေဆးေၾကာပါ။

Read More>>> နည္းစနစ္တက်နဲ႔ ထိထိေရာက္ေရာက္ Mask တပ္နည္း

(၄) အျခားသူမ်ားအား ေရာဂါကူးစက္ခံရျခင္းမွ ကာကြယ္ပါ

- ေခ်ာင္းဆိုး၊ ဖ်ားနာ လကၡဏာခံစားေနရပါက တစ္ျခားသူမ်ားႏွင့္ အနီးကပ္ ေနထိုင္ျခင္းမွ ေရွာင္ၾကဥ္ပါ။

- လူအမ်ားၾကား တံေတြးေထြးျခင္းကို ေရွာင္ၾကဥ္ပါ။

- ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အသက္ရႈရ ခက္ခဲျခင္းတို႔ ခံစားေနရပါက က်န္းမာေရး ေစာင့္ေရွာက္မႈ ေစာလ်င္စြာခံယူပါ။ က်န္းမာေရးဝန္ထမ္းမ်ားကို မိမိသြားေရာက္ခဲ့ေသာ ခရီးစဥ္မွတ္တမ္းကို ေျပာျပပါ။

- ႏွာေခ်၊ ေခ်ာင္းဒဆိုးသည့္အခါ ႏွာေခါင္းႏွင့္ ပါးစပ္ကို တစ္သ်ဴး၊ လက္ကိုင္ပဝါ(သို႔) မိမိ၏ တံေတာင္ဆစ္တို႔ျဖင့္ လံုၿခံဳေအာင္ ဖံုးအုပ္ထားပါ။

- ႏွာေခ်၊ ေခ်ာင္းဆိုးရာတြင္ အသံုးျပဳထားေသာ တစ္သ်ဴးကို အဖံုးပါေသာ အမိႈက္ပံုးထဲသို႔ စနစ္တက်စြန္႔ပစ္ပါ။

- ႏွာေခ်၊ ေခ်ာင္းဆိုးၿပီးတိုင္း ေနမေကာင္းေသာသူမ်ားကို ျပဳစုၿပီးတိုင္း လက္ကို ေရႏွင့္ ဆပ္ျပာ (သို႔) အရက္ျပန္ပါေသာ လက္ေဆးရည္တို႔ျဖင့္ စနစ္တက် ေဆးေၾကာပါ။

(၅) သင္၏ လက္ကို ေဆးေၾကာပါ

- အညစ္အေၾကးမ်ား စြန္းထင္းေပက်ံေနပါက ေရႏွင့္ ဆပ္ျပာတို႔ျဖင့္ ေသခ်ာစြာ ေဆးေၾကာပါ။

- အညစ္အေၾကးမ်ား စြန္းထင္းေပက်ံျခင္း မရွိပါက ေရႏွင့္ ဆပ္ျပာ (သို႔) အရက္ျပန္ပါေသာ လက္ေဆးရည္မ်ားျဖင့္လည္း မၾကာခဏ ေဆးေၾကာသန္႔စင္နိုင္ပါတယ္။

Read More>>> ေဆာင္းတြင္းမွာ အနာအက်က္ျမန္ေအာင္ သိထားသင့္တဲ့ အခ်က္( ၄ ) ခ်က္

(၆) မိမိႏွင့္ အျခားသူမ်ား ေရာဂါကူးစက္ခံရျခင္းမွ ကာကြယ္ပါ

လက္ေဆးျခင္းကို-

- ေခ်ာင္းဆိုးၿပီးသည့္အခါ (သို႔) ႏွာေခ်ၿပီးသည့္အခါ

- ေနထိုင္မေကာင္းသူမ်ားကို ျပဳစုေစာင့္ေရွာက္သည့္အခါ

- အစားအစာမ်ားကို မခ်က္ျပဳတ္မီ၊ ခ်က္ျပဳတ္ေနစဥ္ႏွင့္ ခ်က္ျပဳတ္ၿပီးခ်ိန္

- အစာမစားမီ

- အိမ္သာတက္ၿပီးေသာအခါ

- အညစ္အေၾကးမ်ား စြန္းထင္းေပက်ံေနေသာအခါ

- တိရစၦာန္မ်ားႏွင့္ ၎တို႔၏ အညစ္အေၾကးမ်ားကို ကိုင္တြယ္ၿပီးေသာအခါတို႔တြင္ လုပ္ေဆာင္သင့္ပါတယ္။

(၇) အဆုတ္ေရာင္ေရာဂါ coronavirus ကူးစက္ခံရျခင္းမွ ကာကြယ္နိုင္မည့္ နည္းလမ္းမ်ား

- လက္ကို စင္ၾကယ္ေအာင္ ေရႏွင့္ ဆပ္ျပာ (သို႔) အရက္ျပန္ပါေသာ လက္ေဆးရည္တို႔ျဖင့္ မၾကာခဏ ေသခ်ာစြာ ေဆးေၾကာပါ။

- ႏွာေခ်၊ ေခ်ာင္းဆိုးသည့္အခါ ႏွာေခါင္းႏွင့္ ပါးစပ္ကို တစ္သ်ဴး၊ လက္ကိုင္ပဝါ(သို႔) မိမိ၏ တံေတာင္ဆစ္တို႔ျဖင့္ လံုၿခံဳေအာင္ ဖံုးအုပ္ထားပါ။ အသံုးျပဳထားေသာ တစ္သ်ဴးကို အဖံုးပါေသာ အမိႈက္ပံုးထဲသို႔ စနစ္တက်စြန္႔ပစ္ပါ။

- ေခ်ာင္းဆိုး၊ ဖ်ားနာ လကၡဏာခံစားေနရသူမ်ားႏွင့္ အနီးကပ္ေနထိုင္ျခင္းမွ ေရွာင္ၾကဥ္ပါ။

- အသားမ်ားႏွင့္ ဥမ်ားကို ေသခ်ာစြာ က်က္ေအာင္ စနစ္တက် ခ်က္ျပဳတ္ၿပီးမွ စားသံုးပါ။

- ေတာရုိင္းႏွင့္ အိမ္ေမြး တိရစၦာန္မ်ားအား အကာအကြယ္မရွိဘဲႏွႈ့္ တိုက္ရုိက္ ထိေတြ႔ျခင္းမွ ေရွာင္ၾကဥ္ပါ။

Nilar Myot Win (Mandalay Diretory)

Ref: World Health Orhznization(WHO)

### Unicode

အဆုတ်ရောင်ရောဂါ coronavirus ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်မည့် နည်းလမ်းများ

World Health Organization(WHO) မှ ထုတ်ပြန်ထားသော အဆုတ်ရောင်ရောဂါ coronavirus ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်မည့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သား၊ ငါး စျေးတွင် အလုပ်လုပ်ပါက ကျန်းမာစွာ နေထိုင်နိုင်ရန်အတွက်

- အသား၊ ငါးများကို ကိုင်တွယ်ရာတွင် လက်အိတ်၊ မျက်နှာဖုံးနှင့် ခန္ဓာကိုယ် အကာအကွယ်ပစ္စည်းများကို စနစ်တကျ အသုံးပြုပါ။

- အလုပ်လုပ်ရာတွင် ဝတ်ဆင်ထားသော အဝတ်အထည်များကို နေ့စဉ် လျှော်ဖွပ်သန့်စင်ပြီး ၎င်းနေရာတွင်သာ စနစ်တကျ သိမ်းဆည်းထားရှိပါ။

- အလုပ်လုပ်ရာတွင် ဝတ်ဆင်ထားသော အဝတ်အစားများနှင့် ဖိနပ် အသုံးအဆောင်များကို မိသားစုဝင်များ ထိတွေ့မှုမရှိစေရန် အထူးဂရုစိုက်ပါ။

- သားစိမ်း၊ ငါးစိမ်းများနှင့် တိရစ္ဆာန်များကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် သေချာစွာ ဆေးကြောပါ။

- အသား၊ ငါးများကို ကိုင်တွယ်ရာတွင် အသုံးပြုသော ပစ္စည်းများနှင့် အလုပ်လုပ်သောနေရာကို နေ့စဉ် အနည်းဆုံး တစ်ကြိမ်ခန့် ပိုးသတ်ဆေးကြော သန့်စင်ပါ။

(၂) သား၊ ငါး စျေးသွားပါက ကျန်းမာစွာ နေထိုင်နိုင်ရန်အတွက်

- သားစိမ်း၊ ငါးစိမ်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကို ရေနှင့် ဆပ်ပြာတို့ဖြင့် သေချာစွာ ဆေးကြောပါ။

- ညစ်ပေနေသော လက်ဖြင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ် ထိတွေ့ခြင်း မပြုရ။

- မကျန်းမာသော တိရစ္ဆာန်များနှင့် ပုပ်သိုးနေသော အသား၊ ငါးများကို ကိုင်တွယ်ခြင်း မပြုရ။

- လမ်းဘေး တိရစ္ဆာန်များ၊ စွန့်ပစ် အညစ်အကြေး အမှိုက်များနှင့် အရည်များကို ထိတွေ့ကိုင်တွယ်ခြင်း မပြုရ။

(၃) လုံခြုံစိတ်ချရတဲ့ အစားအစာများကို ချက်ပြုတ်စားသောက်ပါ

- ကူးစက်ရောဂါဖြစ်ပွားနေသော နေရာဒေသများတွင် အသား၊ ငါးများကို စနစ်တကျ ကိုင်တွယ်ပြင်ဆင်ပြီး ကျက်အောင် ချက်ပြုတ်ထားပါက အန္တရာယ်ကင်းစွာ စားသုံးနိုင်ပါတယ်။

- ရောဂါဖြစ်နေသော တရစ္ဆာန်များနှင့် ရောဂါကြောင့် သေဆုံးပြီးဖြစ်သော တိရစ္ဆာန်များ၏ အသားကို စားသုံးခြင်း မပြုရ။

- သား၊ ငါးများကို ကိုင်တွယ်အသုံးပြုသည့် ဓါး၊ စဉ်းတီးတုံးနှင့် ချက်ပြုတ်ထားသော အစားအစာများအတွက်သုံးသည့် ဓါး၊ စဉ်းတီးတုံးတို့ကို သီးခြားစီထားပါ။

- သားစိမ်း၊ ငါးစိမ်းများကို ကိုင်တွယ်ပြီးတိုင်း အစားအစာများကို ချက်ပြုတ်ပြီးတိုင်း လက်ကို စနစ်တကျ စင်ကြယ်စွာ ဆေးကြောပါ။

(၄) အခြားသူများအား ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်ပါ

- ချောင်းဆိုး၊ ဖျားနာ လက္ခဏာခံစားနေရပါက တစ်ခြားသူများနှင့် အနီးကပ် နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ။

- လူအများကြား တံတွေးထွေးခြင်းကို ရှောင်ကြဉ်ပါ။

- ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရ ခက်ခဲခြင်းတို့ ခံစားနေရပါက ကျန်းမာရေး စောင့်ရှောက်မှု စောလျင်စွာခံယူပါ။ ကျန်းမာရေးဝန်ထမ်းများကို မိမိသွားရောက်ခဲ့သော ခရီးစဉ်မှတ်တမ်းကို ပြောပြပါ။

- နှာချေ၊ ချောင်းဒဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်ကို တစ်သျူး၊ လက်ကိုင်ပဝါ(သို့) မိမိ၏ တံတောင်ဆစ်တို့ဖြင့် လုံခြံုအောင် ဖုံးအုပ်ထားပါ။

- နှာချေ၊ ချောင်းဆိုးရာတွင် အသုံးပြုထားသော တစ်သျူးကို အဖုံးပါသော အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ပါ။

- နှာချေ၊ ချောင်းဆိုးပြီးတိုင်း နေမကောင်းသောသူများကို ပြုစုပြီးတိုင်း လက်ကို ရေနှင့် ဆပ်ပြာ (သို့) အရက်ပြန်ပါသော လက်ဆေးရည်တို့ဖြင့် စနစ်တကျ ဆေးကြောပါ။

(၅) သင်၏ လက်ကို ဆေးကြောပါ

- အညစ်အကြေးများ စွန်းထင်းပေကျံနေပါက ရေနှင့် ဆပ်ပြာတို့ဖြင့် သေချာစွာ ဆေးကြောပါ။

- အညစ်အကြေးများ စွန်းထင်းပေကျံခြင်း မရှိပါက ရေနှင့် ဆပ်ပြာ (သို့) အရက်ပြန်ပါသော လက်ဆေးရည်များဖြင့်လည်း မကြာခဏ ဆေးကြောသန့်စင်နိုင်ပါတယ်။

(၆) မိမိနှင့် အခြားသူများ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်ပါ

လက်ဆေးခြင်းကို-

- ချောင်းဆိုးပြီးသည့်အခါ (သို့) နှာချေပြီးသည့်အခါ

- နေထိုင်မကောင်းသူများကို ပြုစုစောင့်ရှောက်သည့်အခါ

- အစားအစာများကို မချက်ပြုတ်မီ၊ ချက်ပြုတ်နေစဉ်နှင့် ချက်ပြုတ်ပြီးချိန်

- အစာမစားမီ

- အိမ်သာတက်ပြီးသောအခါ

- အညစ်အကြေးများ စွန်းထင်းပေကျံနေသောအခါ

- တိရစ္ဆာန်များနှင့် ၎င်းတို့၏ အညစ်အကြေးများကို ကိုင်တွယ်ပြီးသောအခါတို့တွင် လုပ်ဆောင်သင့်ပါတယ်။

(၇) အဆုတ်ရောင်ရောဂါ coronavirus ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်မည့် နည်းလမ်းများ

- လက်ကို စင်ကြယ်အောင် ရေနှင့် ဆပ်ပြာ (သို့) အရက်ပြန်ပါသော လက်ဆေးရည်တို့ဖြင့် မကြာခဏ သေချာစွာ ဆေးကြောပါ။

- နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်ကို တစ်သျူး၊ လက်ကိုင်ပဝါ(သို့) မိမိ၏ တံတောင်ဆစ်တို့ဖြင့် လုံခြံုအောင် ဖုံးအုပ်ထားပါ။ အသုံးပြုထားသော တစ်သျူးကို အဖုံးပါသော အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ပါ။

- ချောင်းဆိုး၊ ဖျားနာ လက္ခဏာခံစားနေရသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ။

- အသားများနှင့် ဥများကို သေချာစွာ ကျက်အောင် စနစ်တကျ ချက်ပြုတ်ပြီးမှ စားသုံးပါ။

- တောရိုင်းနှင့် အိမ်မွေး တိရစ္ဆာန်များအား အကာအကွယ်မရှိဘဲနှှု့် တိုက်ရိုက် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

Nilar Myot Win (Mandalay Diretory)

Ref: World Health Organization(WHO)


Read 1137 times Last modified on Friday, 31 January 2020 17:19
Rate :
(7 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.