Wednesday, 29 January 2020 14:43

derma2.jpg



Read More>>> (၂၈-၁-၂၀၂၀) မှ (၃-၃-၂၀၂၀) အထိ (၇) ရက်သားသမီးများ၏ တစ်ပတ်စာ ဟောစာတမ်းများ



အရေပြားယားယံတဲ့ ကျန်းမာရေးပြဿနာမျိုးဖြစ်တဲ့အခါမှာဆိုရင်လည်း နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးမိခြင်းဟာ ယားယံခြင်းကို ပိုမိုဆိုးရွားစေနိုင်ပြီး အနာကျက်နှုန်းကိုလည်း နှေးကွေးစေနိုင်ပါတယ်။

(၂) သကြား


Read More>>> နည်းစနစ်တကျနဲ့ ထိထိရောက်ရောက် Mask တပ်နည်း

(၃) ပင်လယ်စာ



(၄) အဆီများတဲ့ အသား


Read More>>> စိတ်ခံစားချက်ပေါ်မူတည်ပြီး သောက်သုံးသင့်တဲ့ လက်ဖက်ရည်( ၅ )မျိုး

Ref: irrawaddy

### Unicode

အရေပြားယားယံတဲ့အခါ ရှောင်ကြဉ်သင့်တဲ့ အစားအစာများ

အရေပြားကျန်းမာရေး ပြဿနာဆိုတာ အချိန်အခါမရွေး ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေး ပြဿနာတမျိုးဖြစ်ပြီး လုံလောက်တဲ့ သန့်ရှင်းမှု မရှိတဲ့အခါနဲ့ စားသောက်နေထိုင်မှုပုံစံ မှားယွင်းတဲ့အခါမျိုးမှာ အသေးအဖွဲကနေ ကြီးကြီးမားမားထိ ဖြစ်ပေါ်နိုင်ပါတယ်။

ဒါကြောင့် အရေပြားကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်တဲ့အခါ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကို ပြန်လည် မျှဝေပေးချင်ပါတယ်။

(၁) နို့နဲ့ နို့ထွက်ပစ္စည်း

နို့နဲ့ နို့ထွက်ပစ္စည်း တော်တော်များများဟာ အင်ဆူလင် Level ကို မြင့်တက်စေပြီး အရေပြား အဆီထွက်နှုန်းကို ပိုမိုမြင့်တက်စေတာကြောင့် အရေပြား ဓာတ်မတည့်မှုကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

အရေပြားယားယံတဲ့ ကျန်းမာရေးပြဿနာမျိုးဖြစ်တဲ့အခါမှာဆိုရင်လည်း နို့နဲ့ နိ့ုထွက်ပစ္စည်းတွေ စားသုံးမိခြင်းဟာ ယားယံခြင်းကို ပိုမိုဆိုးရွားစေနိုင်ပြီး အနာကျက်နှုန်းကိုလည်း နှေးကွေးစေနိုင်ပါတယ်။

(၂) သကြား

အရေပြား ကျန်းမာရေး ပြဿနာတော်တော်များများနဲ့ အမျိုးသမီးတိုင်း ကြုံတွေ့ရတတ်တဲ့ ဝက်ခြံနဲ့ အဆီဖု၊ အမည်းစက် ပြဿနာတော်တော်များများဟာ သကြားစားသုံးမှုများခြင်းကြောင့်ဖြစ်ပြီး သကြားဟာ အရေပြားကျန်းမာရေးပြဿနာတွေကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။

(၃) ပင်လယ်စာ

ပင်လယ်စာ တော်တော်များများဟာ ကျန်းမာရေးနဲ့ ကိုက်ညီတယ်ဆိုပေမယ့် အရေပြား ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်နေတဲ့အခါမျိုးမှာဆိုရင်တော့ ဆင်ခြင်စားသုံးသင့်ပါတယ်။

ပင်လယ်စာက အရေပြားယားယံတာမျိုးကို ပိုမိုဆိုးရွားလာစေနိုင်တဲ့အပြင် Breakout ဖြစ်နေတဲ့အခါမျိုးမှာဆိုရင်လည်း သတိပြု စားသုံးသင့်ပါတယ်။

(၄) အဆီများတဲ့ အသား

အဆီများတဲ့ အသားတွေဟာဆိုရင်လည်း အရေပြား ကျန်းမာရေးပြဿနာဖြစ်ပေါ်နေချိန်မျိုးမှာ သတိပြုစားသုံးသင့်တာမျိုးပါ။ အနာကျက်နှုန်းနှေးကွေးလာတာမျိုးနဲ့ ထိခိုက်ဒဏ်ရာတွေမှာဆိုရင်လည်း ပြည်တည်လာတာမျိုးကို ဖြစ်ပေါ်စေနိုင်တာကြောင့် သတိပြုသင့်ပါတယ်။

Ref: irrawaddy


Read 310 times Last modified on Wednesday, 29 January 2020 16:07
Rate :
(7 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.