Saturday, 11 January 2020 16:04
Smart-man.jpg
1. Wholecut Dress Shoe
2. Double Monk Strap
Double_Monk_Strap.jpg
Mens_Dress_Boots.jpg
4. Blucher Oxford Shoe
5. Balmoral Oxford Shoe
#Unicode#
စမတ်ကျတဲ့ အမျိုးသားတိုင်းမှာရှိသင့်တဲ့ ဖိနပ်များအကြောင်း တစေ့တစောင်း
သပ်ရပ်ခန့်ညားတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ဆို Suit ၊ Shoe နဲ့ နာရီတွေဟာ မဖြစ်မနေလိုအပ်ပါတယ်။ ကျမတို့ မိန်းကလေးတွေမှာပြောနေကြ စကားတစ်ခွန်းရှိပါတယ်။ 'သပ်ရပ်လှပတဲ့ ဖိနပ်တစ်စုံဟာ သင့်ကိုကောင်းမွန်တဲ့နေရာကို ခေါ်သွားနိုင်မှာပါ။" ဒီစကားလေးဟာ အမျိုးသမီးတွေအတွက်သာမက အမျိုးသားတွေအတွက်လည်း အကျုံးဝင်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာ အမျိုးသားတိုင်းရှိသင့်တဲ့ Shoe အမျိုးအစား (၅) မျိုး ကို ပြောပြပေးသွားမှာပါ။
1. Wholecut Dress Shoe
Wholecut_Dress_Shoe.jpg
Wholecut Oxford dress shoe အမျိုးအစားကတော့ အမျိုးသားတိုင်းရှိသင့်ပါတယ်။ Outfits တိုင်းနဲ့ လိုက်ဖက်တဲ့ဖိနပ်ဖြစ်ပြီး Business Formal သာမက Date လုပ်တဲ့အခါ Semi Formal ပုံစံ တွဲဖက်ဝတ်ဆင်လည်း အဆင်ပြေပါတယ်။ အရောင်အနေနဲ့ brown or burgundy ကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။
2. Double Monk Strap
Double_Monk_Strap.jpg
Double Monk Strap ကတော့ သက်တောင့်သက်သာရှိတဲ့ Casual Shoe ပဲ ဖြစ်ပါတယ်။ Formal Suit တွေနဲ့ တွဲဖက် ဝတ်ဆင်ဖို့လည်းအဆင်ပြေပါတယ်။ Casual အမျိုးအစားဖြစ်တဲ့အတွက် သက်တောင့်သက်သာဝတ်ဆင်နိုင်ပြီး အရောင်အနေနဲ့တော့ brown or even green or blue ကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။
3. Men's Dress Boots – Chelsea Or Chukka
Mens_Dress_Boots.jpg
ဒီ Boots တွေကတော့ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေနဲ့ ပိုအဆင်ပြေပြီး အမျိုးသားအတော်များများသဘောကျတဲ့ ဖိနပ်အမျိုးအစားပါ။ ဒီ Boots တွေထဲကမှ Chelseas and Chukkas တွေကတော့ နာမည်အကြီးဆုံးပါ။ Boots တွေက ဘာလို့ ဒီစာရင်းထဲပါနေတာလဲလို့ သင်စဉ်းစားမိနေလား။ အဖြေကတော့ရိုးရှင်းပါတယ်။ ဒီ Boots တွေက အမျိုးသားတွေကို ခန့်ညားပြီး Confident အပြည့်ရှိတဲ့ပုံစံဖော်ကျူးနေပါတယ်။ အရောင်အနေနဲ့တော့ dark jeans , a patterned button-up and khakis ကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။
4. Blucher Oxford Shoe
Blucher_Oxford_Shoe.jpg
Blucher Oxford Shoe ကတော့ 19 ရာစုကတည်းက civilian classic အဖြစ် ရပ်တည်လာတာပါ။ Suit တွေနဲ့သာမက Jeans နဲ့ပါ ဆွဲဆောင်မှုအပြည့်နဲ့ ခန့်ညားတဲ့ပုံစံ ဖော်ဆောင်တဲ့ Blucher ဟာ အကောင်းဆုံး အမျိုးသားစီးဖိနပ်ဆိုတာ ငြင်းပယ်လို့မရပါဘူး။
သင်ဟာ Outfit အကုန်လုံးနဲ့လိုက်ဖက်ပြီး သက်တောင့်သက်သာဖြစ်တဲ့ ဖိနပ်ကို ရှာဖွေနေတယ်ဆိုရင်တော့ Blucher Oxford Shoe က သင့်ကို နောင်တရစေမှာမဟုတ်ပါဘူး။
5. Balmoral Oxford Shoe
Balmoral_Oxford_Shoe.jpg
The best men's dress shoes အကြောင်းကိုပြောကြမယ်ဆိုရင် Balmoral Oxford Shoe ကတော့ ချန်လှပ်ထားလို့မရပါဘူး။ ၁၈၀၀ ပြည့်နှစ်တွင် တက္ကသိုလ်ကျောင်းသားတွေဟာ high-rising boots ကို ဆန့်ကျင်ခဲ့ကြပြီးနောက် Oxford shoe ဟု အမည်တွင်မဲ့ half-boot ကိုသာ
ဝတ်ဆင်ခဲ့ကြပါတယ်။ အနက်ရောင် Balmoral Oxford Shoe ဟာ ဆိုရင် အမျိုးသားတိုင်းမှာ မဖြစ်မနေရှိသင့်တဲ့ဖိနပ်ပါ။ အနက်ရောင် Balmoral Oxford Shoe ဟာ ဆိုရင် သင့်ကို ပရော်ဖက်ရှင်နယ်ဆန်ခြင်းနဲ့ လူအများရဲ့အာရုံစိုက်ခြင်းကို ရရှိနိုင်မှာပါ။
အထက်ပါအကြောင်းအရာတွေက ကျမသိထားသလောက်မျှဝေပေးထာဖြစ်ပြီး တစ်စုံတစ်ခုအမှားပါဝင်ပါက ခွင့်လွှတ်ပေးကြပါရှင့်။
အချိန်ပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။
Thin Myat Noe (My Mandalay)
Read 212 times
Rate :
(1 Vote)
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.