Saturday, 11 January 2020 15:02

htyi

ေဆာင္းရာသီကာလအတြင္းတြင္ အေအးမိျခင္း၊ တုပ္ေကြးေရာဂါျဖစ္ပြားျခင္း၊ ေလျပြန္ေရာင္ရမ္းျခင္း၊ ဓာတ္မတည့္မႈေၾကာင့္ ႏွာယိုျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ရင္ၾကပ္ျခင္းႏွင့္ အဆုေရာင္ေရာဂါ စသည့္ အသက္ရႈလမ္းေၾကာင္းဆိုင္ရာေရာဂါမ်ား အျဖစ္မ်ားေလ့ရွိပါတယ္။

အဓိကျဖစ္ပြားတတ္ေသာ ေရာဂါလကၡဏာမ်ား

ဖ်ားျခင္း(အပူခ်ိန္ ၃၈ ံCႏွင့္အထက္ ရွိျခင္း)၊ ေခ်ာင္းဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္း၊ အသက္ရႈရခက္ခဲျခင္း၊ ခ်မ္းတုန္ျခင္း၊ ကိုယ္လက္ကိုက္ခဲနာက်င္ျခင္းတို႔ ျဖစ္ၾကပါတယ္။

ေရာဂါကူးစက္ပံု

ေခ်ာင္းဆိုးျခင္းႏွင့္ ႏွာေခ်ျခင္းမွတစ္ဆင့္ တုပ္ေကြးေရာဂါဗိုင္းရပ္စ္ပိုး (Influenza Virus) မ်ားအပါအဝင္ အျခားေရာဂါပိုးမ်ား ေလထဲသို႔ေရာက္ရွိၿပီး အသက္ရႈလမ္းေၾကာင္းမွတစ္ဆင့္ တိုက္ရုိက္ကူးစက္ပ်ံႏွံ႔ေစျခင္းႏွင့္ အရာဝတၳဳမ်ား၌ ထိကပ္ေနေသာေရာဂါပိုးမ်ားအား လက္ႏွင့္ကိုင္တြယ္ ထိေတြ႔ရမွတစ္ဆင့္ ေရာဂါကူးစက္နိုင္ပါတယ္။

Read More>>> အိမ္နီးခ်င္းႏုိင္ငံမ်ား မေပါ့ဆသင့္သည့္ တရုတ္ႏိုင္ငံက ဝူဟန္နမိုးနီးယားေရာဂါ

ေရာဂါကာကြယ္ျခင္းနည္းလမ္းမ်ားႏွင့္ လိုက္နာေဆာင္ရြက္ရန္အခ်က္မ်ား

(၁) ႏွာေခ်၊ ေခ်ာင္းဆိုးလွ်င္ လက္ကိုင္ပုဝါျဖင့္ ႏွာေခါင္းႏွင့္ ပါးစပ္လံုၿခံဳေအာင္ ဖံုးအုပ္ျခင္း၊

(၂) လက္ကိုဆပ္ျပာျဖင့္ စင္ၾကယ္စြာ ေဆးေၾကာျခင္း၊

(၃) တစ္ကိုယ္ရည္သန္႔ရွင္းမႈ ဂရုျပဳေဆာင္ရြက္ျခင္း၊

(၄) ေကာင္းစြာအိပ္စက္ အားယူျခင္း၊

(၅) အာဟာရျပည့္ဝသည့္ အစားအစာမ်ား စားသံုးျခင္း၊

(၆) ကိုယ္လက္လႈပ္ရွားမႈမွန္မွန္ျပဳလုပ္ျခင္း တို႔ျဖစ္ပါတယ္။

Read More>>> အစာအဆိပ္သင့္မႈမျဖစ္ေအာင္ ဘယ္လိုႀကိဳတင္ကာကြယ္မလဲ?

အထက္ေဖာ္ျပပါ ေရာဂါလကၡဏာမ်ား ေတြ႔ရွိသည္ဟု ယူဆပါက နီးစပ္ရာက်န္းမာေရးဝန္ထမ္းမ်ားထံ သတင္းပို႔၍ ကုသမႈခံယူပါ။

အထူးသျဖင့္ ဘတ္စ္ကားစီးစဥ္ အျခားသူမ်ားထံသို႔ ေရာဂါမကူးစက္ေစရန္ ႏွာေခါင္းႏွင့္ ပါးစပ္လံုၿခံဳေအာင္ ဖံုးအုပ္ထားေသာ မ်က္ႏွာဖံုးအကာအကြယ္ကို အသံုးျပဳပါ။

အလုပ္မွ အနားယူပါ၊ လူစုလူေဝးရွိရာ အရပ္သို႔ သြားေရာက္ျခင္းမွ ေရွာင္ၾကဥ္ပါ။

Read More>>> ၾကက္ငွက္တုပ္ေကြးေရာဂါပုိး ကူးစက္ခံရျခင္းမရွိေစရန္ ၾကဳိတင္ျပင္ဆင္ေဆာင္ရြက္သင့္သည့္ နည္းလမ္းမ်ား

Nilar Myot Win (Mandalay Directory)

Ref:က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန

### Unicode

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ဆောင်းရာသီအတွင်း ကူးစက်နိုင်သော ရောဂါလက္ခဏာများ

ဆောင်းရာသီကာလအတွင်းတွင် အအေးမိခြင်း၊ တုပ်ကွေးရောဂါဖြစ်ပွားခြင်း၊ လေပြွန်ရောင်ရမ်းခြင်း၊ ဓာတ်မတည့်မှုကြောင့် နှာယိုခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်းနှင့် အဆုရောင်ရောဂါ စသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ အဖြစ်များလေ့ရှိပါတယ်။

အဓိကဖြစ်ပွားတတ်သော ရောဂါလက္ခဏာများ

ဖျားခြင်း(အပူချိန် ၃၈ ံCနှင့်အထက် ရှိခြင်း)၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ ချမ်းတုန်ခြင်း၊ ကိုယ်လက်ကိုက်ခဲနာကျင်ခြင်းတို့ ဖြစ်ကြပါတယ်။

ရောဂါကူးစက်ပုံ

ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှတစ်ဆင့် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုး (Influenza Virus) များအပါအဝင် အခြားရောဂါပိုးများ လေထဲသို့ရောက်ရှိပြီး အသက်ရှုလမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက်ကူးစက်ပျံနှံ့စေခြင်းနှင့် အရာဝတ္ထုများ၌ ထိကပ်နေသောရောဂါပိုးများအား လက်နှင့်ကိုင်တွယ် ထိတွေ့ရမှတစ်ဆင့် ရောဂါကူးစက်နိုင်ပါတယ်။

ရောဂါကာကွယ်ခြင်းနည်းလမ်းများနှင့် လိုက်နာဆောင်ရွက်ရန်အချက်များ

(၁) နှာချေ၊ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် နှာခေါင်းနှင့် ပါးစပ်လုံခြုံအောင် ဖုံးအုပ်ခြင်း၊

(၂) လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း၊

(၃) တစ်ကိုယ်ရည်သန့်ရှင်းမှု ဂရုပြုဆောင်ရွက်ခြင်း၊

(၄) ကောင်းစွာအိပ်စက် အားယူခြင်း၊

(၅) အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊

(၆) ကိုယ်လက်လှုပ်ရှားမှုမှန်မှန်ပြုလုပ်ခြင်း တို့ဖြစ်ပါတယ်။

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ တွေ့ရှိသည်ဟု ယူဆပါက နီးစပ်ရာကျန်းမာရေးဝန်ထမ်းများထံ သတင်းပို့၍ ကုသမှုခံယူပါ။

အထူးသဖြင့် ဘတ်စ်ကားစီးစဉ် အခြားသူများထံသို့ ရောဂါမကူးစက်စေရန် နှာခေါင်းနှင့် ပါးစပ်လုံခြံုအောင် ဖုံးအုပ်ထားသော မျက်နှာဖုံးအကာအကွယ်ကို အသုံးပြုပါ။

အလုပ်မှ အနားယူပါ၊ လူစုလူဝေးရှိရာ အရပ်သို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ။

Nilar Myot Win (Mandalay Directory)

Ref:ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန


Read 254 times
Rate :
(8 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.